ယနေ့ (၁)ရက်နေ့မှ (၂၂)ရက်နေ့ထိ နေ့စဉ် လူတစ်ဦးလျှင် ၁သိန်းကျ ၂၂ဦးရွေးချယ်ပြီး လှူဒါန်းသွားမယ် ဆိုတဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်နဲ့ အိမ်ထောင်ကျပြီး သမီးလေးနှစ်ယောက် အရွယ်ရောက်လာချိန်မှာ စီးပွားဥစ္စာ တိုးပွားလာပြီး ကြွယ်ဝလာခဲ့ကြတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့စမိုင်းလ်တို့ ဇနီးမောင်နှံက သူမတို့ကိုယ်တိုင်လည်းချို့တဲ့တဲ့ဘဝကနေ တက်လာခဲ့ရတာမို့ အခက်အခဲဖြစ်နေတာတွေ့ရင် စိတ်ရောလူပါ ကူညီပေးချင်ကြတာပဲ ဖြစ်ပါတယ်။ ပြည်သူ့ချစ် ဆယ်လီစုံတွဲဖြစ်တဲ့ စမိုင်းလ်တို့ ဇနီးမောင်နှံက လက်ရှိမှာလည်း သူတို့တတ်နိုင်သလောက် အလှူအတန်းတွေပြုလုပ်ရင်းနဲ့သာ ဖြတ်သန်းနေကြတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စမိုင်းလ်က သူ့ခင်ပွန်းရဲ့ မွေးနေ့လမှ ယနေ့ကနေ့ မွေးနေ့ရောက်တဲ့နေ့ထိ တစ်ရက်တစ်သိန်း လှူသွားမဲ့ အကြောင်းလေးပြောပြလာပါတယ်။ စမိုင်းလ် က “1.10.20- 22.10.20 ( မောင့်မွေးနေ့) အထိ နေ့စဉ် လူတစ်ဦးလျှင် ၁သိန်းကျ ၂၂ဦးရွေးချယ်ပြီး ၂၂သိန်းဖိုး လှူဒါန်းသွားမယ်။ တကယ်ဒုက္ခရောက်နေတဲ့သူတွေပဲ comment မှာရေးပေးကြပါနော်၊ ဘာကြောင့်ဒီတစ်သိန်းအခုလိုအပ်နေတာလေးပါရေးပေးကြပါ။ ကဲ ကံကောင်းကြပါစေရှင်” ဆိုပြီး အလှူလုပ်မဲ့အကြောင်းလေးတင်ထားတာပဲဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ တစ်ကယ် အခက်အခဲဖြစ်နေသူများ စမိုင်းလ်ရဲ့ Page အောက်မှာ comment သွားမန့်ပေးရမှာဖြစ်ပါတယ်။ ၁ ရက် ကနေ ၂၂ ရက်နေထိ နေ့တိုင်းပေးသွားမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် စမိုင်းလ်ရဲ့ အလှူလေးကိုအသိပေးဖော်ပြလိုက်ပါတယ်နော်။ ပရိသတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးဂရုစိုက်ကြပါနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*