ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း၈နာရီခွဲ အချိန်လောက် မှာအသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက်ဆေးရုံကို ရောက်လာတယ်။

ေဆး႐ုံတစ္ခုလုံး အလုပ္မ်ားလြန္းေနတဲ့တစ္ေန႔ မနက္ခင္း၈နာရီခြဲ အခ်ိန္ေလာက္ မွာအသက္ ၈၀ အ႐ြယ္ အဘိုးအိုတစ္ေယာက္ေဆး႐ုံကို ေရာက္လာတယ္။

အရင္တစ္ပတ္ကခြဲစိတ္ထားတဲ့ သူ႔လက္ေပၚက ခ်ဳပ္႐ိုးကို ျပန္ေျဖဖို႔ ေရာက္လာ တာပါ။ သူက ေဆး႐ုံေရာက္ေရာက္ခ်င္းပဲ ကြၽန္ေတာ့ကို ေျပာတယ္….

“ကိုးနာရီေလာက္မွာ အဖိုး ခ်ိန္းထားတာေလးတစ္ခု ရွိလို႔ အရင္လိုေနတယ္..အဖိုးကို အျမန္ လုပ္ေပးပါ လူေလးရယ္ …”

ကြၽန္ေတာ္က သူ႔နံမည္ အသက္ စတာေတြကို စာအုပ္ထဲေရးသြင္း လိုက္ရင္း

“ အဖိုးခဏေလာက္ထိုင္ပါဦးခင္ဗ်ာ” လို႔ လွမ္းေျပာလိုက္တယ္။

သူ႔ဒဏ္ရာက ခ်ဳပ္႐ိုးကိုေျဖဖို႔ဆိုရင္ ဆရာဝန္ တစ္ေယာက္ေယာက္ အားဖို႔ အနည္းဆုံး တစ္နာရီေက်ာ္ေလာက္ေတာ့ေစာင့္ရလိမ့္မယ္ဆိုတာကြၽန္ေတာ္ သိတယ္။

ကြၽန္ေတာ္ က သူ႔ရဲ႕အလ်င္စလို ျဖစ္ေနတဲ့အမူအရာေၾကာင့္ ဒီေဆး႐ုံမွာ ေလာေလာဆယ္ အလုပ္ သိပ္မမ်ားတဲ့ ကြၽန္ေတာ္ ကပဲၾကည့္ေပးဖို႔ဆုံးျဖတ္လိုက္တယ္။

အနာကို စစ္ေဆးၾကည့္ေတာ့ အားလုံးအေျခအေနေကာင္းတယ္။ အနာလည္း က်က္ေနၿပီ ။

ဒါနဲ႔ကြၽန္ေတာ္က ဆရာဝန္တစ္ေယာက္ကို အနာ ခ်ဳပ္႐ိုး ေျဖဖို႔ လိုအပ္တဲ့ ကိရိယာ တန္ဆာပလာေတြ ယူလာဖို႔ လွမ္းေျပာ လိုက္တယ္။

ခ်ဳပ္႐ိုးေျဖေနရင္းနဲ႔ ကြၽန္ေတာ္ကသူ႔ကို စကား စေျပာလိုက္တယ္။

“အဖိုး ဘာေတြမ်ား အေရးတႀကီး ခ်ိန္းထားတာရွိလို႔လဲ ဒီေလာက္အရင္လိုေနတာ…”

“ မဟုတ္ပါဘူးလူေလးရယ္… အဖိုး မိန္းမနဲ႔ မနက္စာ အတူစားဖို႔ အတြက္လူနာေစာင့္ေရွာက္ေရးေဂဟာကို သြားမလို႔ပါ။ အဖိုးက မနက္တိုင္းကို သူနဲ႔အတူတူမနက္စာ စားေနၾကေလ.”

“ေအာ္.. အဖိုးမိန္းမက လူနာေစာင့္ေရွာက္ေရးေဂဟာမွာလား ။ ေနမေကာင္းလို႔လားခင္ဗ်ာ…”

“အင္း.. သူက အယ္လ္ဇိုင္းမားေရာဂါေၾကာင့္ ကုသ ေစာင့္ေရွာက္မႈခံယူဖို႔ အဲဒီမွာေရာက္ေနတာပါကြယ္..”

ကြၽန္ေတာ္က အဖိုးကို က်ီစယ္ခ်င္တာနဲ႔

“တကယ္လို႔ နံနက္စာစားဖို႔ အဖိုး နည္းနည္း ေနာက္က်ရင္ အဖြားက အဖိုးကိုစိတ္ဆိုးမွာလား”..*

“သူ က အဖိုးဘယ္သူဆိုတာကိုေတာင္ မသိေတာ့ပါဘူးကြယ္…. အဖိုးကို မမွတ္မိေတာ့တာ ခုဆို ၅ႏွစ္ေလာက္ေတာင္ ရွိပါၿပီ..”

*ကြၽန္ေတာ္ အေတာ္ေလးအံ့ၾသသြားတယ္..

“အိုး.. ဒါနဲ႔ေတာင္ အဖိုးက မနက္တိုင္းမနက္တိုင္း မနက္စာအတူ စားဖို႔ သြားေနေသးတယ္ေနာ္..အဖိုး ဘယ္သူ ဘယ္ဝါဆိုတာကိုေတာင္ သူက မမွတ္မိေတာ့ဘဲနဲ႔မ်ား…”

အဖိုးအိုက ၿပဳံးလိုက္တယ္။ၿပီးေတာ့ ကြၽန္ေတာ့လက္ကိုအသာအယာဆုပ္ ကိုင္လိုက္ၿပီးေတာ့ ေျပာတယ္.။

” သူအဖိုးကို မသိေတာ့တာ မွန္ပါတယ္….ဒါေပမဲ့ အဖိုးက သူဘယ္သူဆိုတာသိေနေသးတယ္ေလ”

အဖိုးအို စကားေၾကာင့္ ကြၽန္ေတာ့ရင္ထဲမွာ တစ္စုံတစ္ခုကို ျပင္းျပင္းထန္ထန္ခံစားလိုက္ရသလို ျဖစ္သြားတယ္။ အဖိုးအိုေရွ႕မွာမ်က္ရည္ မက်မိေအာင္ ကြၽန္ေတာ္ႀကိဳးစားၿပီး ထိန္းလိုက္ရတယ္။

အဖိုးကေတာ့ တေ႐ြ႕ေ႐ြ႕နဲ႔ ကြၽန္ေတာ့္ေရွ႕ကထြက္ခြာသြားခဲ့ၿပီ.။ အဖိုးရဲ႕လက္နဲ႔ ကိုင္သြားတဲ့ ကြၽန္ေတာ့ လက္ေပၚကေနရာေလးမွာ သူ႔ဆီက အေႏြးဓာတ္ကေလး ခုခ်ိန္ထိက်န္ေနေသးသလို ကြၽန္ေတာ့္စိတ္ထဲခံစား မိတယ္။

လက္ေပၚမွာ တင္မကပါဘူး။.ကြၽန္ေတာ့္ရင္ထဲ၊ႏွလုံးသားထဲမွာပါ က်န္ေနခဲ့တာပါ။

အဲဒီလိုအခ်စ္မ်ိဳးဟာ ကြၽန္ေတာ့္ဘဝတစ္ေလွ်ာက္လုံး ရွာေဖြေနတဲ့ကြၽန္ေတာ္ လိုခ်င္ခဲ့တဲ့ အခ်စ္မ်ိဳး၊ကြၽန္ေတာ္ တန္ဖိုးထားခ်င္ခဲ့တဲ့အခ်စ္မ်ိဳးပါ။

ဇာတ္လမ္းေလးထဲက အဖိုးအိုရဲ႕အခ်စ္ကို ဦးၫႊတ္လိုက္ရင္းနဲ႔ …စာဖတ္သူမ်ားလည္း “အခ်စ္စစ္”ကို ရွာေဖြ ေတြ႕ရွိ ႏိုင္ၾကပါေစေနာ္။

ခ်စ္တယ္ဆိုတာပါးစပ္ေလးနဲ႔ေျပာရတာလြယ္ေပမယ့္၊တကယ္ေပါင္းစပ္ဖို႔က်ေတာ့တကယ့္အခ်စ္စစ္ဆိုတာလိုတယ္ေလ။

မခ်စ္ဘဲနဲ႔ေတာ့အိမ္ေထာင္တစ္ခုဟာသာယာဖို႔မလြယ္ဘူးထင္ပါတယ္။

ေမတၱာစစ္နဲ႔ ခ်စ္ႏိုင္ၾကပါေစ။

ေမတၱာျဖင့္…..

Credit….

အရင္က တင္ဖူးပါတယ္။မဖတ္ရေသးတဲ့ မိတ္ေဆြေတြဖတ္ေစခ်င္လို႔ ထပ္တင္ေပးလိုက္တာ။

unicode

ဆေးရုံတစ်ခုလုံး အလုပ်များလွန်းနေတဲ့တစ်နေ့ မနက်ခင်း၈နာရီခွဲ အချိန်လောက် မှာအသက် ၈၀ အရွယ် အဘိုးအိုတစ်ယောက်ဆေးရုံကို ရောက်လာတယ်။

အရင်တစ်ပတ်ကခွဲစိတ်ထားတဲ့ သူ့လက်ပေါ်က ချုပ်ရိုးကို ပြန်ဖြေဖို့ ရောက်လာ တာပါ။ သူက ဆေးရုံရောက်ရောက်ချင်းပဲ ကျွန်တော့ကို ပြောတယ်….

“ကိုးနာရီလောက်မှာ အဖိုး ချိန်းထားတာလေးတစ်ခု ရှိလို့ အရင်လိုနေတယ်..အဖိုးကို အမြန် လုပ်ပေးပါ လူလေးရယ် …”

ကျွန်တော်က သူ့နံမည် အသက် စတာတွေကို စာအုပ်ထဲရေးသွင်း လိုက်ရင်း

“ အဖိုးခဏလောက်ထိုင်ပါဦးခင်ဗျာ” လို့ လှမ်းပြောလိုက်တယ်။

သူ့ဒဏ်ရာက ချုပ်ရိုးကိုဖြေဖို့ဆိုရင် ဆရာဝန် တစ်ယောက်ယောက် အားဖို့ အနည်းဆုံး တစ်နာရီကျော်လောက်တော့စောင့်ရလိမ့်မယ်ဆိုတာကျွန်တော် သိတယ်။

ကျွန်တော် က သူ့ရဲ့အလျင်စလို ဖြစ်နေတဲ့အမူအရာကြောင့် ဒီဆေးရုံမှာ လောလောဆယ် အလုပ် သိပ်မများတဲ့ ကျွန်တော် ကပဲကြည့်ပေးဖို့ဆုံးဖြတ်လိုက်တယ်။

အနာကို စစ်ဆေးကြည့်တော့ အားလုံးအခြေအနေကောင်းတယ်။ အနာလည်း ကျက်နေပြီ ။

ဒါနဲ့ကျွန်တော်က ဆရာဝန်တစ်ယောက်ကို အနာ ချုပ်ရိုး ဖြေဖို့ လိုအပ်တဲ့ ကိရိယာ တန်ဆာပလာတွေ ယူလာဖို့ လှမ်းပြော လိုက်တယ်။

ချုပ်ရိုးဖြေနေရင်းနဲ့ ကျွန်တော်ကသူ့ကို စကား စပြောလိုက်တယ်။

“အဖိုး ဘာတွေများ အရေးတကြီး ချိန်းထားတာရှိလို့လဲ ဒီလောက်အရင်လိုနေတာ…”

“ မဟုတ်ပါဘူးလူလေးရယ်… အဖိုး မိန်းမနဲ့ မနက်စာ အတူစားဖို့ အတွက်လူနာစောင့်ရှောက်ရေးဂေဟာကို သွားမလို့ပါ။ အဖိုးက မနက်တိုင်းကို သူနဲ့အတူတူမနက်စာ စားနေကြလေ.”

“အော်.. အဖိုးမိန်းမက လူနာစောင့်ရှောက်ရေးဂေဟာမှာလား ။ နေမကောင်းလို့လားခင်ဗျာ…”

“အင်း.. သူက အယ်လ်ဇိုင်းမားရောဂါကြောင့် ကုသ စောင့်ရှောက်မှုခံယူဖို့ အဲဒီမှာရောက်နေတာပါကွယ်..”

ကျွန်တော်က အဖိုးကို ကျီစယ်ချင်တာနဲ့

“တကယ်လို့ နံနက်စာစားဖို့ အဖိုး နည်းနည်း နောက်ကျရင် အဖွားက အဖိုးကိုစိတ်ဆိုးမှာလား”..*

“သူ က အဖိုးဘယ်သူဆိုတာကိုတောင် မသိတော့ပါဘူးကွယ်…. အဖိုးကို မမှတ်မိတော့တာ ခုဆို ၅နှစ်လောက်တောင် ရှိပါပြီ..”

*ကျွန်တော် အတော်လေးအံ့သြသွားတယ်..

“အိုး.. ဒါနဲ့တောင် အဖိုးက မနက်တိုင်းမနက်တိုင်း မနက်စာအတူ စားဖို့ သွားနေသေးတယ်နော်..အဖိုး ဘယ်သူ ဘယ်ဝါဆိုတာကိုတောင် သူက မမှတ်မိတော့ဘဲနဲ့များ…”

အဖိုးအိုက ပြုံးလိုက်တယ်။ပြီးတော့ ကျွန်တော့လက်ကိုအသာအယာဆုပ် ကိုင်လိုက်ပြီးတော့ ပြောတယ်.။

” သူအဖိုးကို မသိတော့တာ မှန်ပါတယ်….ဒါပေမဲ့ အဖိုးက သူဘယ်သူဆိုတာသိနေသေးတယ်လေ”

အဖိုးအို စကားကြောင့် ကျွန်တော့ရင်ထဲမှာ တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန်ခံစားလိုက်ရသလို ဖြစ်သွားတယ်။ အဖိုးအိုရှေ့မှာမျက်ရည် မကျမိအောင် ကျွန်တော်ကြိုးစားပြီး ထိန်းလိုက်ရတယ်။

အဖိုးကတော့ တရွေ့ရွေ့နဲ့ ကျွန်တော့်ရှေ့ကထွက်ခွာသွားခဲ့ပြီ.။ အဖိုးရဲ့လက်နဲ့ ကိုင်သွားတဲ့ ကျွန်တော့ လက်ပေါ်ကနေရာလေးမှာ သူ့ဆီက အနွေးဓာတ်ကလေး ခုချိန်ထိကျန်နေသေးသလို ကျွန်တော့်စိတ်ထဲခံစား မိတယ်။

လက်ပေါ်မှာ တင်မကပါဘူး။.ကျွန်တော့်ရင်ထဲ၊နှလုံးသားထဲမှာပါ ကျန်နေခဲ့တာပါ။

အဲဒီလိုအချစ်မျိုးဟာ ကျွန်တော့်ဘဝတစ်လျှောက်လုံး ရှာဖွေနေတဲ့ကျွန်တော် လိုချင်ခဲ့တဲ့ အချစ်မျိုး၊ကျွန်တော် တန်ဖိုးထားချင်ခဲ့တဲ့အချစ်မျိုးပါ။

ဇာတ်လမ်းလေးထဲက အဖိုးအိုရဲ့အချစ်ကို ဦးညွှတ်လိုက်ရင်းနဲ့ …စာဖတ်သူများလည်း “အချစ်စစ်”ကို ရှာဖွေ တွေ့ရှိ နိုင်ကြပါစေနော်။

ချစ်တယ်ဆိုတာပါးစပ်လေးနဲ့ပြောရတာလွယ်ပေမယ့်၊တကယ်ပေါင်းစပ်ဖို့ကျတော့တကယ့်အချစ်စစ်ဆိုတာလိုတယ်လေ။

မချစ်ဘဲနဲ့တော့အိမ်ထောင်တစ်ခုဟာသာယာဖို့မလွယ်ဘူးထင်ပါတယ်။

မေတ္တာစစ်နဲ့ ချစ်နိုင်ကြပါစေ။

မေတ္တာဖြင့်…..

Credit….

Be the first to comment

Leave a Reply

Your email address will not be published.


*