Lockdown ချခံခဲ့ရတဲ့ (၈)လအတွင်း အစာရေဆာငတ်ပြတ်ခဲ့လို့ အရိုးစုသာကျန်ရစ်ခဲ့တဲ့ သနားစရာလိပ်ကလေးရဲ့အဖြစ် (ရုပ်သံ)

Lockdown ချခံခဲ့ရတဲ့ (၈)လအတွင်း အစာရေဆာငတ်ပြတ်ခဲ့လို့ အရိုးစုသာကျန်ရစ်ခဲ့တဲ့ သနားစရာလိပ်ကလေးရဲ့အဖြစ် (ရုပ်သံ)

ရောဂါကူးစက်မှုဖြစ်ပွားနေတဲ့အချိန် လူတွေဟာနေအိမ်အတွင်းမှာသာ နေထိုင်ကြရတာပါ ။ ဒီလိုအချိန်တွေမှာ လူတွေရဲ့ပေးကမ်းစွန့်ကျဲမှုကိုသာ အားကိုးပြီးနေထိုင်နေရတဲ့ တိရစ္ဆာန်လေးတွေဟာ အတော်လေးကိုဒုက္ခရောက်ကြရပါတယ် ။ ထို့အတူ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း အလားတူဒုက္ခရောက်ကြပါတယ် ။


ဒီတစ်ခေါက်မှာလည်း အမျိုးသားတစ်ယောက်ဟာ စင်ကာပူနိုင်ငံမှာအတော်ကြာအောင်ပိတ်မိနေခဲ့လို့ သူ၏အိမ်မွေး ခွေးလေးတွေနဲ့ လိပ် တို့ဟာနေအိမ်အတွင်မှာသာ ပိတ်လှောင်ကျန်ရစ်ခဲ့ရပါတယ် ။ ကံကောင်းစွာနဲ့ ဝူဟန်မြို့ကနေအိမ်မှာကျန်ရစ်ခဲ့တဲ့ ခွေးလေးတွေကိုတော့ အိမ်နီးချင်းတွေက အစားအစာကျွေးပြီးကြည့်ရှုစောင့်ရှောက်ထားပေမဲ့ လိပ်ကလေးမှာတော့ မည်သူကမှသတိမထားမိလို့ အတော်လေးကိုအစာရေဆာပြတ်လပ်ပြီး သေဆုံးခဲ့ကာ နောက်ဆုံးအရိုးစုသာကျန်ရစ်ခဲ့ရပါတယ် ။

 

 

လိပ်ကလေးကို ဝူဟန်မြို့မှာတက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသားတစ်ဦးကပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ၊ January လကစပြီး ရောဂါအခြေအနေကြောင့် မြို့ကနေထွက်ခွာခဲ့ရတာပါ ။ ထိုအချိန်တုန်းက လိပ်ကလေးအတွက် ရက်ပေါင်း 40 အထိလုံလောက်တဲ့ အစားအစာနဲ့ သောက်ရေတို့ ချန်ရစ်ထားခဲ့ပေမဲ့လည်း ကံဆိုးစွာနဲ့ lockdown အချိန်ကကြာမြင့်ခဲ့ပြီး ပြီးခဲ့တဲ့ August လကမှ ကျောင်းသားလေးဟာ ဝူဟန်မြို့သို့ပြန်ရောက်လာနိုင်ခဲ့တာပါ ။


နေအိမ်ရဲ့လသာဆောင်မှာ လိပ်ကလေးရဲ့အရိုးစုကိုတွေ့ရှိခဲ့ရတာပါ ။ အချိန်အတော်ကြာ အစားအသောက်မရှိဘဲ လိပ်ကလေးအသက်မရှင်နိုင်ဘူးဆိုတာကို သခင်ဖြစ်သူက သိရှိပြီးသားပါ ။ ထို့ကြောင့် လိပ်ကလေးရဲ့အရိုးစုကို သူ၏စာကြည့်စားပွဲခုံပေါ်မှာ ထားရှိသွားမည်ဖြစ်ကြောင်း သခင်ဖြစ်သူက ပြောပြသွားခဲ့ပါတယ် ။