
Cassandra De Pecolလို့ခေါ်တဲ့ ဒီအမျိုးသမီးကတော့ ကမ္ဘာပတ်တယ်ဆိုတဲ့အတိုင်း ကမ္ဘာ့ပထမဆုံးအမျိုးသမီးအဖြစ် ရှိရှိသမျှနိုင်ငံတွေကို သွားရောက်လည်ပတ်ခဲ့တဲ့သူပါ။ အသက်၂ရအရွယ်သာရှိသေးတဲ့ သူမဟာ ဇူလိုင်လ ၂၄ရက်နေ့ ၂၀၁၅ခုနှစ်မှာ Palauနိုင်ငံကနေ သူမရဲ့ ကမ္ဘာပတ်ခရီးစဉ်ကို စတင်ခဲ့ပါတယ်။
Cassandra ဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး နိုင်ငံတွေကို သွားရောက်လည်ပတ်နိုင်သူ ပထမဆုံးအမျိုးသမီးဆိုတဲ့ ဂင်းနစ်စံချိန်ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ ၃နှစ်နဲ့ ၃လဆိုတဲ့ တိုတောင်းတဲ့အချိန်လေးအတွင်းမှာ သူမဟာ ၁၉၆နိုင်ငံကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။
Cassandraဟာ ဂင်းနစ်စံချိန်ကိုလိုချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဒီလိုခရီးထွက်ခဲ့တာမဟုတ်ပါဘူး။ သူမဟာ နိုင်ငံတကာခရီးသွားခြင်းနဲ့ ငြိမ်းချမ်းရေးရယူတဲ့ အဖွဲ့ရဲ့ ကိုယ်စားလှယ်အနေနဲ့ ခရီးထွက်ခဲ့တာပဲဖြစ်ပါတယ်။ သာမဟာ နိုင်ငံတစ်နိုင်ငံမှာ တစ်ရက်ကနေ လေးရက်အထိနေထိုင်ခဲ့ပြီးနောက် သူမရဲ့ခရီးစဉ်တွေရဲ့ လမ်းကြောင်းကို ဗီစာအဆင်ပြေမှုနဲ့ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Leave a Reply