မြန်မာပြည်မှာ ပျံ့နေတဲ့ ကိုဗစ်ပိုးဟာ အမြစ်ဖြတ်နိုင်ဖို့ မဖြစ်နိုင်တော့တာကို လက်ခံရမယ့် အခြေအနေ

မြန်မာပြည်က လူတွေကြားမှာ ပျံ့နေတဲ့ ကိုဗစ်ပိုးဟာ အမြစ်ဖြတ်နိုင်ဖို့ မဖြစ်နိုင်တော့တာကို လက်ခံရမယ့် အခြေအနေ..

တွေ့ရှိသူဦးရေဟာ တကယ်ဖြစ်ပွါးနေသူတွေရဲ့ အပေါ်ယံသာဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆို Fever Clinic မရောက်တဲ့သူတွေ ကျနော်တို့လို ဆရာဝန်တွေကိုလာလာမေးပြီး အိမ်မှာ Home Isolation လုပ်နေတယ်ဆိုတာတွေ အများကြီး ရှိတယ်ဆိုတာ သိထားလို့ပါ

ဒုတိယလှိုင်းက အခုထိန်းပုံနဲ့ ၂ ပတ် ၁ လလောက်နေရင် တဖြည်းဖြည်းလျော့သွားမှာပါ။

တတိယလှိုင်းကတော့ ပိတ်တာပြန်ဖြေလျော့လိုက်တာနဲ့ အရင်မဖြစ်ရသေးတဲ့သူတွေ အိမ်ပြင်မထွက်ဘဲပိတ်နေရာက ပြန်ထွက်တဲ့သူတွေ ဖြစ်တာကနေစမှာပါ။ ဒါမှမဟုတ်ဘဲ နိုဝင်ဘာ ၁၅-ဒီဇင်ဘာ ၁၅ ကြားလောက်ပြန်တက်မယ်ထင်တာပဲ။

ကာကွယ်ဆေးရတဲ့အထိလုံးဝမဖွင့်လို့တော့ ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆို ကာကွယ်ဆေး အစောဆုံးက သင်္ကြန်နောက်ပိုင်းမှ ဖြစ်မှာမို့ပါ၊ ရခဲ့ရင်တောင် အရေးကြီးလူတွေလောက်ပဲရအုံးမှာပါ။ လူတိုင်းရဖို့အတွက်က နောက် ၂ နှစ်အသာလေးပါပဲ

အဲ့အထိတင်းတင်းကြပ်ကြပ်ပိတ်ရင် စားသောက်ရေးပြဿနာမှာတင် အတော်တက်မှာမို့ပါ။ ကျန်တာထည့်မတွက်သေးပါဘူး။ ၂ ပတ်ပိတ်ပြီးရင်ပြန်ဖွင့်မယ်ဆိုတဲ့ မျှော်လင့်ချက်တော့ မထားပါနဲ့ အစောဆုံးဖြေလျော့ရင် အောက်တိုဘာလကုန်ပဲဖြစ်မှာပါ။ အဲ့လောက်နဲ့ မှန်းတွက်ပြီး လုပ်သင့်တာလုပ်ထားပါ။

လူတွေ စည်းကမ်းမရှိလို့ ဘာဖြစ်လို့ညာဖြစ်လို့ အရမ်းအပြစ်မတင်သင့်ပါဘူး။ ပိုးကူးတာ အရမ်းလွယ်လွန်းရင် လူတွေ အပြစ်မဟုတ်ပါဘူး။ အစားအစာနဲ့ ရေဝယ်တာကတော့ မလုပ်ဘဲကိုနေလို့ရတဲ့ကိစ္စမဟုတ်လို့ပါ။ လူတွေဝယ်ဖို့ ရောင်းတဲ့သူလဲရှိရမှာဖြစ်သလို သယ်ပေးတဲ့သူလဲရှိရမှာပါပဲ။ နောက်ပြီးကျန်းမာရေးကိစ္စပါ၊ အောင့်ထားလို့မဖြစ်နိုင်တဲ့နောက်တစ်ခုပါ။

ဒီလောက်လူတွေကြားမှာ ပျံ့နေတဲ့ပိုးကို အမြစ်ဖြတ်ဖို့ မဖြစ်နိုင်တော့တာကို လက်ခံလိုက်ပါ။ သဘာဝဟာ သဘာဝပါပဲ။ သဘာဝကို လက်ခံနိုင်လောက်တဲ့သူဖြစ်အောင်သာ ကြိုးစားပါ။

ဒေါက်တာကျော်ကျော်စိုင်း

ZawGyi

ျမန္မာျပည္က လူေတြၾကားမွာ ပ်ံ႕ေနတဲ့ ကိုဗစ္ပိုးဟာ အျမစ္ျဖတ္ႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့တာကို လက္ခံရမယ့္ အေျခအေန..

ေတြ႕ရွိသူဦးေရဟာ တကယ္ျဖစ္ပြါးေနသူေတြရဲ႕ အေပၚယံသာျဖစ္ပါလိမ့္မယ္။ ဘာလို႔လဲဆို Fever Clinic မေရာက္တဲ့သူေတြ က်ေနာ္တို႔လို ဆရာဝန္ေတြကိုလာလာေမးၿပီး အိမ္မွာ Home Isolation လုပ္ေနတယ္ဆိုတာေတြ အမ်ားႀကီး ရွိတယ္ဆိုတာ သိထားလို႔ပါ

ဒုတိယလႈိင္းက အခုထိန္းပုံနဲ႔ ၂ ပတ္ ၁ လေလာက္ေနရင္ တျဖည္းျဖည္းေလ်ာ့သြားမွာပါ။

တတိယလႈိင္းကေတာ့ ပိတ္တာျပန္ေျဖေလ်ာ့လိုက္တာနဲ႔ အရင္မျဖစ္ရေသးတဲ့သူေတြ အိမ္ျပင္မထြက္ဘဲပိတ္ေနရာက ျပန္ထြက္တဲ့သူေတြ ျဖစ္တာကေနစမွာပါ။ ဒါမွမဟုတ္ဘဲ ႏိုဝင္ဘာ ၁၅-ဒီဇင္ဘာ ၁၅ ၾကားေလာက္ျပန္တက္မယ္ထင္တာပဲ။

ကာကြယ္ေဆးရတဲ့အထိလုံးဝမဖြင့္လို႔ေတာ့ ျဖစ္ႏိုင္မယ္လို႔ မထင္ပါဘူး။ ဘာလို႔လဲဆို ကာကြယ္ေဆး အေစာဆုံးက သၾကၤန္ေနာက္ပိုင္းမွ ျဖစ္မွာမို႔ပါ၊ ရခဲ့ရင္ေတာင္ အေရးႀကီးလူေတြေလာက္ပဲရအုံးမွာပါ။ လူတိုင္းရဖို႔အတြက္က ေနာက္ ၂ ႏွစ္အသာေလးပါပဲ

အဲ့အထိတင္းတင္းၾကပ္ၾကပ္ပိတ္ရင္ စားေသာက္ေရးျပႆနာမွာတင္ အေတာ္တက္မွာမို႔ပါ။ က်န္တာထည့္မတြက္ေသးပါဘူး။ ၂ ပတ္ပိတ္ၿပီးရင္ျပန္ဖြင့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတာ့ မထားပါနဲ႔ အေစာဆုံးေျဖေလ်ာ့ရင္ ေအာက္တိုဘာလကုန္ပဲျဖစ္မွာပါ။ အဲ့ေလာက္နဲ႔ မွန္းတြက္ၿပီး လုပ္သင့္တာလုပ္ထားပါ။

လူေတြ စည္းကမ္းမရွိလို႔ ဘာျဖစ္လို႔ညာျဖစ္လို႔ အရမ္းအျပစ္မတင္သင့္ပါဘူး။ ပိုးကူးတာ အရမ္းလြယ္လြန္းရင္ လူေတြ အျပစ္မဟုတ္ပါဘူး။ အစားအစာနဲ႔ ေရဝယ္တာကေတာ့ မလုပ္ဘဲကိုေနလို႔ရတဲ့ကိစၥမဟုတ္လို႔ပါ။ လူေတြဝယ္ဖို႔ ေရာင္းတဲ့သူလဲရွိရမွာျဖစ္သလို သယ္ေပးတဲ့သူလဲရွိရမွာပါပဲ။ ေနာက္ၿပီးက်န္းမာေရးကိစၥပါ၊ ေအာင့္ထားလို႔မျဖစ္ႏိုင္တဲ့ေနာက္တစ္ခုပါ။

ဒီေလာက္လူေတြၾကားမွာ ပ်ံ႕ေနတဲ့ပိုးကို အျမစ္ျဖတ္ဖို႔ မျဖစ္ႏိုင္ေတာ့တာကို လက္ခံလိုက္ပါ။ သဘာဝဟာ သဘာဝပါပဲ။ သဘာဝကို လက္ခံႏိုင္ေလာက္တဲ့သူျဖစ္ေအာင္သာ ႀကိဳးစားပါ။

ေဒါက္တာေက်ာ္ေက်ာ္စိုင္း

Be the first to comment

Leave a Reply

Your email address will not be published.


*