
တရုတ်ပြည်၊ Jingangပြည်နယ်မှာရှိတဲ့ ရွာတစ်ရွာမှာ မိဘဖြစ်သူတွေဟာ သူတို့သမီးဖြစ်သူ Zhang Qi ကို သူမတွဲနေတဲ့ ရည်းစားနဲ့ သဘောမတူတာကြောင့် ခြောက်နှစ်ကြာတိုက်ပိတ်ခဲ့ပါတယ်။
Zhang Qiဟာ သူမတွဲနေတဲ့ ကောင်လေးကို မိဘတွေကြောင့် ၂၀၀၉ခုနှစ်မှာ ဖြတ်ခဲ့ရပြီး သူမရဲ့မိဘတွေက ပြန်ဆက်မှာစိုးရိမ်လို့ သူမကို တိုက်ထဲပိတ်ပြီး အပြင်လောကကို တွေ့ခွင့်မပေးခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကို ဖော်ထုတ်ခဲ့တဲ့သူကတော့ အသက်၅ဝအရွယ်ရှိ Chow Jen ဆိုသူဖြစ်ပါတယ်။
ထိုသူရဲ့ပြောကြားချက်အရ မိဘဖြစ်သူတွေဟာ ရွာမှာ အာဏာရှိသူတွေဖြစ်တာကြောင့် ဒီကိစ္စကို တစ်ရွာလုံးသိပေမယ့်လဲ ဝင်မပြောရဲဘူးလို့ဆိုပါတယ်။ မိဘဖြစ်သူတွေဟာ သူတို့သမီးမှာ စိတ်ရောဂါရှိတဲ့အတွက် ဒီလိုလုပ်ရတာဖြစ်ကြောင်း ပြောကြားခဲ့ပြီး Chow Jen ကတော့ယခုလိုပြောကြားခဲ့ပါတယ်။
” ကျွန်တော် သူမကို တရုတ်နှစ်သစ်ကူးရောက်တိုင်း ခိုးပြီး သွားတွေ့တယ်။ ဒီနှစ်မှာတော့ Zhang Qi ဟာ ကောက်ရိုးပုံပေါ်မှာ ဘေးမှာ အစာခွက်လေးနဲ့ အစာရေစာနည်းနည်းနဲ့ အပစ်ခံထားရတာကို ကြည့်ပြီး ကျွန်တော်မနေနိုင်တဲ့အတွက် ဓာတ်ပုံတွေရိုက်ပြီး ဒီကိစ္စကိုဖော်ထုတ်ခဲ့တာပါ။ “
Leave a Reply