ယုန်လေးရဲ. ကြေငြာဟာသ ဗီဒီယိုကို ဝေဖန်လိုက်တဲ့ မေတိုးခိုင်နဲ့ ယွန်းဝတီလွင်မိုး

ယုန်လေးရဲ. ကြေငြာဟာသ ဗီဒီယိုကို ဝေဖန်လိုက်တဲ့ မေတိုးခိုင်နဲ့ ယွန်းဝတီလွင်မိုး

ဒီရက်ထဲ အင်တာနက်ပေါ်မှာ ပွဲဆူနေခဲ့တာကတော့ ယုန်လေးရဲ. ဖိနပ်ကြေငြာ ဟာသ ဗီဒီယိုပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုမှာ ဆိုရင် အမျိုးသမီးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ပြီး ရိုက်ကူးထားတာလို့ ဝေဖန်မှုတွေရှိနေပါတယ်။

ဒီဗီဒီယိုကို ရည်ညွှန်းတာလို့ ယူဆရတဲ့ Status တစ်ခုကို မေတိုးခိုင်က သူမရဲ. ဖေ့စ်ဘုခ်မှာ အခုလို တင်ထားပါတယ်

“ဟာသဟာသ ဆိုပြီး ခဏခဏတွေ့နေရတဲ့ ဒီလို ဟာသ တစ်စက်မှ မပါတဲ့ အပြင် အမျိုးသမီးတွေကိုစော်ကားဖို့ အားပေးတဲ့ Video တွေကိုရှုံ့ချပါတယ်။ ကျွန်မတို့လူ့အဖွဲ့အစည်းတစ်ခုမှာ အမျိုးသမီးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးတာက လုပ်ပိုင်ခွင့်ရှိတဲ့အရာဆိုပြီးပြလိုက်သလိုပါပဲ။ အနုပညာရှင်တစ်ယောက်အနေနဲ့ ပြည်သူကို ပေးရမဲ့ message ကတော့ တော်တော်ကိုလွဲနေပါတယ်၊တစ်စက်မှကိုရယ်စရာကောင်းမနေပါဘူး။ ဝမ်းနည်းစရာကောင်းပါတယ်။ ရွံစရာကောင်းပါတယ်။ စိတ်တိုဖို့ကောင်းလို့ ကျွန်မကတော့ မ share ပဲ report လုပ်လိုက်ပါတယ်။ ကျွန်မတို့ မိန်းကလေးတွေအတွက် စိတ်ချရတဲ့ အသိုင်းအဝိုင်းတစ်ခုဖြစ်ဖို့အတွက် အများကြီးလိုပါသေးတယ်။ အဲ့အချိန်တစ်ခုကို ရောက်ဖို့လည်းကိုယ့်ဟာကိုယ် တိုက်ကြရမှာပါ.. ရင်ထဲတော့တကယ်မကောင်းဘူး…”

မေတိုးခိုင်ရေးထားတဲ့ Status ကိုတော့ ယွန်းဝတီလွန်မိုးကလည်း သူမရဲ. ဖေ့စ်ဘုခ်မှာ အခုလိုရေးသားပြီး ပြန်လည်မျှဝေထားပါသေးတယ်။

“အစကကိုယျကိုတိုငျ ပွောမလို့ပဲ။ ဒီလိုဖှင့ျပွောပေးတဲ့ May T. Khine လုံးဝ respect ပါ🤍
Report လုပျပေးကွပါ 🙏🏻
Link တော့မshare တော့ပါဘူးနောျ။
ရှံလို့ပါ။ ”

Be the first to comment

Leave a Reply

Your email address will not be published.


*