တရုတ်ရိုးရာ အုတ်ဂူကန်တော့ပွဲအတွက် ဈေးဝယ်ထွက်တော့ စက္ကူ iPhone တွေ ရောင်းနေတာ တွေ့တယ်

တရုတ်ရိုးရာ အုတ်ဂူကန်တော့ပွဲအတွက် ဈေးဝယ်ထွက်တော့ စက္ကူ iPhone တွေ ရောင်းနေတာ တွေ့တယ်

ဇဝေဇဝါဖြစ်သွားလို့ ဆိုင်ရှင်ကို မေးကြည့်ရတယ်။

“ဘိုးဘွားတွေက iPhone သုံးတတ်ပါ့မလားဗျ”

“ဟာ မပူနဲ့။ Steve Jobs ကိုယ်တိုင် ဟိုကို လိုက်သွားပြီး ရှင်းပြထားပြီးပြီ”

အဲဒါနဲ့ ဝယ်ဖြစ်သွားတယ်။ဘိုးဘွားတွေ သုံးကြပါစေ။

ဝယ်ပြီး ပြန်မယ်လုပ်တော့ ဆိုင်ရှင်က…

“ဖုန်းကာဗာလေးလည်း ဝယ်သွားပေးလိုက်ဦးလေ”

“ဟုတ်သားပဲ၊ တစ်ခု ပေးဗျာ”

“Power Bank, Charger, Ear Phone နဲ့ Bluetooth တွေလည်း ဝယ်သွားဗျ။ အဖိုးအဖွားတွေ လျှောက်လည်ရင် ၊ ကားမောင်းရင် အဆင်ပြေတာပေါ့။ မတော် သူတို့လိုအပ်လာရင် ခင်ဗျားကို ညကြီးမင်းကြီး လာရှာနေဦးမယ်”

“အွန့် … ညကြီးမှောင်မှောင်မှာ ကျနော့်ဆီ လာမယ် ? အမယ်မင်း… ဖွဟဲ့ လွဲပါစေ။ ကဲ ကဲ တစ်စုံထည့်လိုက်ဗျာ။ ကျနော်က ကြောက်တတ်တယ်ဗျ… အလာခံလို့ မဖြစ်ဘူး”

“ရော့ … အစုံပါပြီ”

“အစ်ကို့နာမည်နဲ့ ဆိုင်လိပ်စာလေး ပေးပါဦး”

“အဲဒါက ဘာလုပ်ဖို့တုန်း”

“အော်… ဖုန်းပျက်တာတို့၊ Warranty ကိစ္စတို့၊ တခြား လိုအပ်တာတို့ ရှိရင် ဘိုးဘွားတွေ လာမေးလို့ရအောင် မီးထည့်ရှို့ပေးမလို့ပါ” 😛

Be the first to comment

Leave a Reply

Your email address will not be published.


*