စိတ်ပညာရှင်တွေ ပြောတဲ့ ပိုင်းလုံးတွေမှာ တွေ့ရမယ့် လက္ခဏာ (၅ )မျိုး

Relationship တစ်ခု ရဲ့ ကိစ္စ တွေ က အရင်ကလို အချစ်တစ်ခုတည်းဆိုပြီး မရိုးရှင်းေ တာ့ပါဘူး။အခုေ နာက်ပို င်းမှာဆိုရင် အချစ်ထက် အကျိုးအမြတ်ဘာ ရမလဲ ဆိုတာကို ကြည့်ပြီး Relationship တစ်ခုကို တည်ဆောက် နေကြတဲ့ သူတွေ အများကြီးပါ။တစ်ချို့က ဒီလူ နဲ့ တွဲလိုက်ရင် ငါ့ အတွက် ဘာရမလဲ ဆိုတာ ကိုပဲ တွေးပြီး လာပတ် သက်နေကြတဲ့ လူတွေ အများကြီးပါ။လူကို ချစ်လို့ မဟုတ်ပဲ အလကားမုန့်စားရလဲ မနည်းဘူး၊ခြူစားရလဲ မနည်းဘူး ဆိုတဲ့ စိတ်နဲ့ သင့်ကို လာပတ် သက် နေတဲ့ ပိုင်းလုံး တွေရဲ့ လက္ခဏာ တွေကို ဖော်ပြပေးချင်ပါတယ်။

အရင် ပေးကမ်းတယ်

စိတ်ပညာရှင် ဒေါက်တာ Diana Kirschner က ပြောတဲ့ ပိုင်းလုံး တွေမှာ တွေ့ရတဲ့ လက္ခဏာ တစ်ခုပါ။ပိုင်းလုံး ဆို တာ မျိုးက အစမှ ငါးစ ချ သလို သူတို့ ဘက်က အရင်ပစ် ကျွေး လေ့ ရှိပါတယ်။သူတို့ က (၁၀) လောက် ပစ်ချ လိုက် ရင်တော့ သင့်ဘက်က တစ် ထောင် လောက် ပြန် ကျ လာမယ်ဆိုတာကို သူတို့ က ကြိုပြီး သင့်စိတ်ကို ရိပ်မိ ထားပြီး သားပါ။အစ ပိုင်းမှာတော့ သူတို့က အရင် စ ပေးပြီး နောက်ပိုင်းကျ ရင်တော့ သင့်ဆီ ကေ န ရသမျှ အကုန် ခြူ ချ မှာပါ။ဒါကြောင့် အစ က တော့ သူ့ဘက်က အကုန်ခံပြီး နောက်ပိုင်း တပြားမှ မထုတ်ပဲ ထိုင်စား နေရင် တော့ သတိ ထား ပါ။

ဈေးကြီးတာလေးမှ သဘောကျ

အဲ့လို ပိုင်းလုံး တော်တော် များများမှာ ရောင့်ရဲ စိတ် ဆိုတာ လုံး၀ မရှိပါဘူး။သူတို့ က အစားအစာ ပဲ ဖြစ်ဖြစ်၊ပစ္စည်းပဲ ဖြစ်ဖြစ် ဈေးကြီးတာ လေးကိုမှ ကြိုက်တဲ့ သဘော ရှိပါတယ်။ဒါကိုလဲ သင်သိ အောင် ၊သင် အမြဲ အမှတ်ရ နေ အောင် ပါးပါးလေးနဲ့ သင့် ခေါင်းထဲ ဝင် အောင် ရိုက် ထည့် ထားတတ်ပါတယ်။မစားရင် မစားဘူး။စားရင်လဲ ဆိုင် ကောင်းေ ကာင်း လေးမှ ကြိုက်တယ်၊ပစ္စည်း ကောင်းကောင်းလေးမှ ကြိုက်တယ်ဆိုတဲ့ လူစားမျိုးပါ။
Relationship အကြံ ပေး Nicole Johnson က တော့ ပိုင်းလုံး ဆိုတာ ကို တော့ ဒိတ်တိုင်း Shopping ပဲ ထွက်ဖို့ အကြံပြု နေတာ ၊ခရီးသွား ဖို့ ပဲ အကြံပြု နေတာ မျိုး တွေကို ကြည့်ရင် သိနိုင်တယ်လို့ ပြောပါတယ်။တစ်ယောက် ယောက် က များ သင့်ကို ပိုင်း လုံး လုပ်နေတယ်လို့ ခံစားရရင်တော့ ဒီပြဿနာ ကို ဖြေရှင်းနိုင်တဲ့ အ ကောင်းဆုံး နည်းက တော့ သူတို့နဲ့ တွေ့ရင် ပိုက်ဆံ အိတ်၊ကတ် အကုန် လုံးကို အိမ်မှာ ထားခဲ့ လိုက်ပါ။

တစ်ချိန်လုံး ပိုက်ဆံ မရှိ ကြောင်း ပြော

သင်တို့ နှစ်ယောက် တွေ့ တိုင်း၊စကားပြောဖြစ်တိုင်း သူ့မှာ ပိုက်ဆံ မရှိတဲ့ အ ကြောင်းတွေကိုပဲ တစ်ချိန် လုံး ပြောဆို ငြီးငြူ နေတယ်ဆိုရင်တော့ သတိထားပါ။သနားစရာ ကောင်းပြီး ခိုင်လုံ တဲံ အ ကြောင်းပြချက် တစ်ခုခုကို ပေး ပြီး သူ့မှာ ဘယ်လို အ ကြွေး တွေ ထူ တာ၊ဘယ်သူ့ကို ကူညီရင်း သူပါ ပိုက်ဆံ ခက်ခဲနေတယ်
အစရှိတဲ့ ပိုက်ဆံ မရှိ ကြောင်း တွေကိုပဲ တွေ့တိုင်း ပြော နေရင် တော့ အဲ့လို လူမျိုးကို သတိထားပါ။ စိတ်ပညာရှင် ဒေါက်တာ Diana Kirschner က တော့ ဒါဟာ ပိုင်းလုံး လက္ခဏာ တွေထဲက တစ်ခု ပါလို့ ပြောခဲ့ပါတယ်။

ပေါ် တင် ငွေ ရေးကြေး ရေးအကူအညီ တောင်းလာမယ်

 

အပေါ်မှာ ပြော ခဲ့တဲ့ အတိုင်း ငွေ ရေး ကြေးရေး ဘယ်လို ခက်ခဲ ပါတယ်ဆိုတာ တွေ ကို ပြော ပြီး ရင် တော့ နောက်ထပ် လှမ်းမယ့် ခြေလှမ်းက ပါးစပ် ကနေ ပေါ် တင် ချေးဖို့ ပြောမှာပါ။ တွေ့ တိုင်း ပိုက်ဆံ မရှိ ကြောင်း ပဲ ထိုင် ပြီး ပြီး ပိုက်ဆံ ပဲ ချေး နေ မယ်ဆိုရင်တော့ အဲ့လို လူ မျိုးကို ဝေး ဝေး က သာ ရှောင်ပါ။သူပိုက်ဆံကို ဘယ်လို သုံးနေလဲဆိုတာကို သေချာ မေးပါ။ပိုင်းလုံးလို့ သံသယ ရှိ နေရင်တော့ သင့် အ နေနဲ့ မချေးနိုင် ကြောင်း ပွင့်ပွင့်လင်းလင်း ငြင်း ပါ။

သင့်စိတ်က အလိုလိုသိနေခြင်း

လူတစ်ယောက်က ကိုယ့် အ ပေါ် တကယ်ချစ်တာ လားအသုံးချ နေတာ လားဆိုတာကို မသိတဲ့ လူ မရှိပါဘူး။ တစ် ဖက်လူ ဘယ်လောက်ပဲ လိမ်တာ တော ် နေပါ စေ၊သင့်ဘက်က ကလည်း ဘယ်လောက် ထိ အချစ်စိတ် တွေ မွှန် နေ ပါ စေ . ကြာကြာ တော့ လိမ် ထားလို့ မရပါဘူး။သင့် Relationship က ငွေ လမ်း ခင်းမှ ခိုင်မြဲ နေမယ်၊သင်ပိုက်ဆံ မရှိတဲ့ အချိန် ကျ သူ့ဆက်ဆံ ပုံတွေ ပြောင်းလာ မယ်၊ငွေ တစ်ခု တည်း ကြောင့် လာ ပတ် သက် နေ မယ်ဆိုတာကို သင့် စိတ်က အလိုလို ခံစားရပါတယ်။အဲ့လို ခံစားလာ ရပြီဆိုတာနဲ့ လုပ်ရမယ့် အလုပ်က တစ်ခုပဲ ရှိပါတယ်။အဲ့လို လူစား မျိုးကို ရှောင်ပါ။

 

ဘယ်လောက် ပဲ နှစ်တွေ ကြာအောင် တွဲတဲ့ သမီးရည်းစားမျိုးပဲ ဖြစ်ဖြစ် ငွေ ရေး ကြေး ရေး နဲ့ ပတ်သက်လာရင် စည်း တစ်ခု တော့ ခြားထားသင့်ပါတယ်။ကိုယ့် ကတ်ထဲမှာ ပိုက်ဆံ ဘယ်လောက် ရှိတယ်ဆိုတာ သူသိစရာမ လိုသလို ကိုယ့် ကတ် ရဲ့ Password ကို လည်း ပေးထားတာ မျိုးတွေ လုံး၀ လုံး၀ မလုပ်ပါနဲ့။သမီးရည်းစားဆိုတာ အခု လက်ရှိ ချစ်နေတုန်း တော့ ကောင်းပေမယ့် ပြတ် သွားရင် ကိုယ့် နောက်ကျောကို ဓါးနဲ့ ထိုးမယ့် ရန်သူ လည်း ဖြစ် သွားနိုင်ပါတယ်။

 

 

source:sm

Be the first to comment

Leave a Reply

Your email address will not be published.


*