
Covidရောဂါကူးစက်မှုအများအပြားဖြစ်ပေါ်စေခဲ့သော Music Zone Music Zone စားသောက်ဆိုင်ပိုင်ရှင် ဦးဇော်မင်းနှင့် မန်နေဂျာဦးမျိုးဇော်တို့ နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသတင်းရရှိသည်။
အဆိုပါ KTVဆိုင်ကိုသင်္ဃန်းကျွန်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ တွဲဘက်အတွင်းရေးမှူး ဒေါက်တာစောအောင်ရွှေဖြူ(မြို့ နယ်အဆင့် Covid-19ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ(သင်္ဃန်းကျွန်းမြို့နယ်)မှတရား လိုအဖြစ်ဆောင်ရွက်ပြီး သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ) ၁၀၅၃/၂ဝ၂ဝ၊ ၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅အရအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅) အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းသိရသည်။
Leave a Reply