စင်္ကာပူကို ကျော်တာ မကျော်တာ စိတ်မဝင်စားဘူး အစိုးရကျေးဇူကိုတော့ နားလည်တယ်ဆိုတဲ့ ကိုဗစ်လူနာ

ဖောင်ကြီးမှာ ကုသမှုခံနေတဲ့ ညီမလေးတစ်ယောက် ရေးထားတာပါ။ စင်္ကာပူကို ကျော်တာ မကျော်တာ သူစိတ်မဝင်စားဘူးတဲ့.. သူစိတ်ဝင်စားတာက.. နိုင်ငံတော်ကကျွေးတဲ့ ထမင်း…

ဒီအစိုးရဟာ ကျွန်တော့် အပေါ်မှာ အများကြီးကျေးဇူးရှိသွားပြီ.. အပြင်မှာ ပုစွန်ဟင်းတစ်ပွဲဘယ်လောက်လဲ… တစ်ဗူးကို ၁၅၀၀ ပဲထား ၃ နပ်စာ တရက်ကို ၄၅၀၀ လူတစ်ဦးကို စုစုပေါင်း ၁၁ ရက် ၄၉၅၀၀ ကျပ်တိတိ နိုင်ငံတော်ဘဏ္ဍာသုံးစွဲတယ် ဒီပိုက်ဆံတွေဟာ ဘယ်ကရသလဲ.

ခင်ဗျားတို့ သိပ်များလှပါတယ်လို့ ညည်းနေတဲ့ အခွန်တွေဆီကပဲ… ပြည်သူပိုက်ဆံ ပြည်သူဆီကိုပြန်ရောက်တဲ့အစိုးရ…

အဲ့ဒီတော့ သူဌေးတွေလည်း ဒီအစိုးရကိုယုံတယ်ဆိုရင် အခွန်တွေလည်းမရှောင်ကြပါနဲ့လို့

စင်္ကာပူကိုကျော်တာမကျော်တာတော့ ကျွန်တော်စိတ်မဝင်စားဘူး ပြည်သူတွေ အခက်အခဲဖြစ်နေချိန် ဒုက္ခကျရောက်နေချိန်မှာ လက်ပိုက်ကြည့်မနေတဲ့ အစိုးရနဲ့ ပြည်သူတွေကို တမင်ဒုက္ခပေးတဲ့ အစိုးရနဲ့ ဘယ်အစိုးရရွေးမလဲဆိုရင်တော့ ကျွန်တော်ကတော့ရှင်းပါတယ်….

လူတိုင်းလည်း စောစောစီးစီးအသိတရားလေးရကြဖို့ မျှော်လင့်ပါတယ်….

(မိပိုးအိမ်)

Be the first to comment

Leave a Reply

Your email address will not be published.


*