စားကောင်းသောမှို ဟုတ်မဟုတ် ခွဲခြားနည်း မှိုနှင့်တွဲမစားသင့်သောအရာများ

စားကောင်းသောမှို ဟုတ်မဟုတ် ခွဲခြားနည်း မှိုနှင့်တွဲမစားသင့်သောအရာများ

ဈေးများတွင် မှိုများလှိုင် လှိုင်ထနေသည်။ မှိုကြိုက်တတ်ရင် ဒါလေးတော့ဖတ်လိုက်ပါ။

၁။ မှိုများရရှိသောအခါ အရိုးကိုလက်ဖြင့် ဖျစ်ကြည့်လျှင် ကြေမွသားလျှင် မစားကောင်းပါ။ စားကောင်းသောမှိုများသည် ကြေမွသွားခြင်းမရှိပါ။

၂။ မှိုပေါ်သို့ ဆားအနည်းငယ် ဖြူးကြည့်လိုက်ပါ မည်းသွားလျှင် မစားရပါ။စားကောင်းသောမှိုသည် ဆားထိရုံနှင့် မည်းသွားလေ့မရှိပါ။

၃။ မှိုကိုလက်ဖြင့် ဖျစ်ကြည့်လို့ သွေးရောင်ပြောင်းသွားလျှင် မစားကောင်းပါ။စားကောင်းသောမှိုမှာ အရောင်မပြောင်းပါ။

၅။ မှိုကိုဓားဖြင့်ဖြတ်သောအခါ ပြာနှမ်းသွားလျှင် မစားရပါ။ စားကောင်းသောမှိုမှာ မပြာနှမ်းပါ။

၆။ မှိုကို ဆားရည် တွင်စိမ်ကြည့်သောအခါ နက်လာလျှင် မစားကောင်းပါ။ စားကောင်းသောမှိုမှာ မနက်ပါ။

၇။ အထူးသဖြင့် ခြေခြင်းပါသောမှိုများ သည် မစားကောင်းပါ။ စားကောင်းသောမှိုမှာ ခြေခြင်းပါလေ့မရှိပါ။

မှိုနှင့်ရောစပ်မစားကောင်းသော အစာများ

၁။ ကြက်ဟင်းခါးသီး

၂။ ကြက်ဥ

၃။ ခံသီး

၄။ ငှက်ပျောသီး

၅။ နို့အမျိုးမျိုး

၆။ ဖောင်စီးကဏန်း

၇။ ယုန်သား စသည်တို့ကို ရောစပ်ရွေ့မစားရပါ။

မီးဖွားပြီးစ အမျိုးသမီးများအနေဖြင့်

“မှိုတစ်နှစ် မျှစ်သုံးလ” မစားသင့်ကြောင်း ရှေးလူကြီးများက ပြောလေ့ရှိသည်။

မှိုဟင်းမစားသင့်သော အခြားသူများ

ခြေအေးရွေ့ အထက်သို့ အခိုး တက်ပြီးဖြစ်တတ်သော နှာပိတ်၊ နှာမွှန်ရောဂါ၊ နား၊ မျက်စိ၊ ခေါင်းကိုက်ရောဂါ၊ ခေါင်းဦးရေကျိမ်းသောရောဂါရှိသူများသည် မစားသင့်ပါ။

မှိုဆိပ်ဖြေနည်း

မှိုဆိပ်တက်၍ တောက်ခဲ့လျှင် ထန်းလျှက်စားပေးပါ။ သံပုရာရည်ကို လျှက်ပေးပါ။ မိုနတိုရွက်စိမ်းရည်ကို တိုက်ပေးပါ။ မရိုးခေါ် ဖြူကြီးအခေါက် တစ်မတ် သားခန့် သွေးရွေ့တိုက်ပါ။

ကျီးအာမြစ်ကို ဆားနှင့်သွေး၍ လျှာကိုပွတ်ပေးပါ။ အစာများ ပြန်အန် ကျလာမည်ဖြစ်သည်။ ထန်းလျှက်ပြုတ်ရည် ပူပူနွေးနွေးတိုက်ပေးပါကလည်း မှိုတောက်ခြင်း အဆိပ်ဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။

မှိုနှင့်ဆေးဝါး

ဝါးရုံနက်(သို့မဟုတ်)ကြခတ်ဝါးရုံ၏ ပင်ခြေမှပေါက်သော ပန်းရင့်ရောင်မှိုများကို ဖဲ့ယူပြီး ရေးစင်စွာဆေးရွေ့ ထန်းလျှက်သို့မဟုတ် ပျားရည်ဖြင့် သေးငယ်သောအလုံးလေးများ ပြုလုပ်ပြီး

ကလေးငယ်များကို ကျွေးပါက ဝမ်းတွင်းရှိ သန်လုံး၊ သန်ပြားနှင့် တုတ်ကောင်များ နောက်တစ်နေ့ဝမ်းသွားသောအခါ အထွေးလိုက် ကျဆင်းပါသည်။ ဝါးမှိုဆိုရာတွင် ကြခတ်ဝါးမှိုက ပိုဆေးဘက်ဝင်သည်။ သို့သော် မှိုကို သံထည်ပစည်းတို့ လုံးဝမထိရန် သတိပြုရမည်။

စားကောင်းသောမှိုများ

ကောက်ရိုးမှို၊ မှိုကြက်တောင်၊ ငှက်ပျောမှို၊ တောင်ပို့မှို(ခြေတို၊ ခြေရှည်)၊ ဖက်ဆွတ်မှို(မှိုဖြူလေး) ကြက်တူရွေးမှို၊ မှိုသားပိုက်၊ မှိုဆန်ကွဲ၊ မှိုကျောက်ခဲ၊ မှိုခြေတံရှည်၊မှိုနီ၊ မှိုပြင်းတွဲ၊ မှိုဖြူ၊ မှိုအုန်းနက်၊

(မှို၏ထိပ်တွင် နက်သောအကွက်လေးရှိသည်။)၊ မြက်ကြားမှို၊သပြေမှို၊ မြေပဲမှို၊ ဝါးမှို၊ ကိုင်းမှို၊ အင်မှို၊ ဆင်ခြေသည်းမှိုနှင့် သရက်မှို(မှိုခြောက်များပြုလုပ်သည်)၊စသောမှိုများသည် စားကောင်းသောမှိုများဖြစ်သည်။

မစားကောင်းသောမှိုများ

ကြက်ခူမှို၊ မှိုကွန်ခြာ၊ ခွေးလေးမှို၊ နှင့် နွားခြေးမှိုတို့သည် မစားကောင်းသော မှိုများဖြစ်ကြသည်။ ထို့အပြင် အချို့မှိုများမှာ စားကောင်းသောမှိုဖြစ်သော်လည်း အဆိပ်သင့်စေသဖြင့် စမ်းသပ်ပြီးမှ ချက်စားသင့်သည်။

အဆိပ်အတောက် ရှိသော မစားကောင်းသည့် မှို

အဆိပ်အတောက် ရှိသော မစားကောင်းသည့် မှို များ တွင် အောက်ပါအမှတ် လက္ခဏာများ ပါရှိမည်ဖြစ်သည်။

၁။ မှိုကိုချိုး၍ လျှာ ဖြင့် တို့ကြည့် ပါက အလွန်ပူပြီးငရဲမီး အနံ့ ထွက် နေလျှင် မစားသင့် ပါ။

၂။ မှိုကို ချိုးလိုက်ပါက အလွန်ဖြူ ၍ ပျစ်သော နွားနို့ နှင့် တူသော အစေးများ ထွက်လာလျှင် မစားသင့် ပါ။

၃။ မှိုပေါ်တွင် ဆား အနည်းငယ်ဖြူး ကြည့် ခြင်း၊ဆားရည် တွင် စိမ်ကြည့် ခြင်း ဖြင့် ညို ၊ ပြာ၊ နက် အရောင်များ ဖြစ်ခဲ့သော် ထို မှို ကို မစားသင့် ပါ။

၄။မှို၏ အရိုးတံကို ခြေ ကြည့် ခြင်း ဖြင့် ကြွေမွ သွား သော် ထိုမှိုကို မစားသင့်ပါ။

၅။ မှိုတစ်ပွင့်လုံး ကို လက်နှင့်ခြေကြည့်ခြင်းဖြင့် အနီရောင် အရည်များ ထွက်လာေ သာ် မစားသင့်ပါ။

၆။မှို၏ အရိုးကို ဓါးနှင့်ဖြတ် ကြည့်ပြီး ဖြတ်စသည် ညို၊ ပြာ၊ သွားသော် မစားသင့်ပါ။

၇။ အဝါရောင် ၊ အနီရောင် ၊ အပြာရောင် စသည့် တောက်ပြောင် ထင်ရှားသောအရောင်များ ရှိသည့် မှိုကို မစားသင့်ပါ။

၈။ မှို မျိုး မှုန် (S p o n r e) အစိမ်းရောင်သန်းနေလျှင် ထိုမှို ကို မစားသင့်ပါ။

၉။ ပန်းရောင်ရှိသော စပိုး (S p o r e ) ပါရှိသည့် မှိုကို မစားသင့်ပါ။

၁၀။ မှို ခြေ ကျင်း နှင့် မှို ခွက် နှစ်ခုစလုံး ပါပြီး အဖြူရောင် ပါးဟက်မျိုး ပါ တတ်သည့် မှို မျိုး ကို မစားသင့်ပါ။

၁၁။ ပိုးမွှား ကျရောက်၍ သွန်နေသော မှိုမျိုး ကိုလည်း မစားသင့်ပါ။

၁၂။ သဲမြေ တွင် သိပ်မဝင်သော (သို့ ) မြေ မျက်နှာပြင် ပေါ်တွင်ရှိသော အပွင့် သေး သည့် မှို များကိုမစားသင့်ပါ။

၁၃။ လွန်စွာ လောင်း ရိပ်ကျပြီး မည်းမှောင်သော နေရာ တွင် ပေါက်သည့် မှို များကို မစားသင့်ပါ။

၁၄။ အရွယ်မရောက်သေးသည့် မှိုလုံး ကလေး များ သည် မှိုအင်္ဂါ ရပ်များကို အပြည့်အစုံ မဖော်ပြသေး သဖြင့် စားသင့်၊ မစားသင့် ကို ခွဲ ခြား ရန် ခက်သဖြင့် ဤ မှို ကို မစားသင့်ပါ။

၁၅။ အချို့ သော မှို များသည် တစ်ဦးကို အဆိပ်မဖြစ်စေ တတ်သော်လည်း အခြား တစ်ဦးကိုမှု အဆိပ်ဖြစ်စေ တတ်သဖြင့် စားနေကျ မှိုမျိုး မဟုတ်လျှင်လုံးဝမစားခြင်း သည် အကောင်းဆုံး ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*