မိသားစုနှင့် အရင်းနှီးဆုံးလူတွေနဲ့တောင် အတူမျှဝေမသုံးစွဲသင့်တဲ့ ပစ္စည်း (၅ )မျိုး

 

ဘယ်လောက်ပဲရင်းနှီးပါစေ အတူတူသုံးလို့မဖြစ်တဲ့ပစ္စည်းတွေရှိပါတယ်။
သူငယ်ချင်းဆီကခဏငှားသုံးတာဖြစ်ဖြစ်၊မိသားစုထဲကတစ်ယောက်ယောက်ကိုငှားတာပဲဖြစ်ဖြစ်မလုပ်သင့်ပါဘူး။ အတူတူသုံးစွဲလို့မရတဲ့ပစ္စည်းတွေကဘာတွေလဲ ကြည့်လိုက်ရအောင် ။

 

၁။Lip Gloss နဲ့ Lipstick

နှုတ်ခမ်းနီတစ်ချောင်းတည်းကိုအတူတူသုံးလို့မရပါဘူး။ဘာလို့လဲဆိုရင်တစ်ယောက်ကဆိုးပြီးတဲ့အခါမှာ နှုတ်ခမ်းနီမှာတံတွေး၊သားရည်စသဖြင့် တစ်ခုခုကပ်ကျန်နိုင်ပါတယ်။ အဲ့ဒီထဲမှာမမြင်ရတဲ့ဗိုင်းရပ်စ်ပိုးတွေပါနေနိုင်တဲ့အတွက် နောက်တစ်ယောက်ဆိုးတဲ့အခါမှာရောဂါပိုးကူးစက်နိုင်လို့ အတူမျှဝေမသုံးစွဲသင့်ပါဘူး။


၂။နားကြပ်

တစ်ခါတစ်လေနားကြပ်မပါလာလို့တခြားတစ်ယောက်ဆီကငှားပြီးနားထောင်တာမျိုးရှိပါလိမ့်မယ်။အဲ့ဒါမလုပ်သင့်ပါဘူး။ နားအတွင်းထဲမှာလည်းပိုးမွှားတွေရှိနိုင်ပါတယ်။တကယ်လို့မဖြစ်မနေနားထောင်ရမယ်ဆိုရင်တော့ နားကြပ်ကိုသေချာသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။


၃။ချိုင်းလိမ်းဆီဘူး

ချိုင်းလိမ်းဆီကိုလည်းအတူမသုံးစွဲသင့်ပါဘူး။အထူးသဖြင့်ချိုင်းချွေးပေါက်ထဲမှာဘတ်တီးရီးယားပိုးမွှားတွေရှိပါတယ်။ အဲ့ဒါကြောင့်တစ်ယောက်သုံးပြီးနောက်တစ်ယောက်သုံးတဲ့အခါမှာရောဂါပိုးကူးစက်နိုင်ပါတယ်။


၄။မျက်နှာသုတ်ပုဝါ

မျက်နှာသုတ်ပုဝါကတော့မိသားစုတွေမှာအတူသုံးစွဲကြတာများပါတယ်။ဒါပေမဲ့ မျက်နှာသုတ်ပုဝါသီးသန့်ခွဲသုံးသင့်ပါတယ်။မျက်နှာသုတ်ပုဝါအတူသုံးတဲ့အခါမှာမမြင်ရတဲ့ပိုးမွှားတွေကပ်ကျန်နိုင်လို့ အရေပြားပြဿနာတွေဖြစ်စေနိုင်ပါတယ်။


၅။အလှပြင်ရင်သုံးတဲ့ပစ္စည်းများ

ဥပမာ မိတ်ကပ်လိမ်းတဲ့ဖော့၊တို့ဖက်၊မျက်နှာလိမ်းတဲ့ဘရပ်ရှ်စသဖြင့်အဲ့ဒါတွေကိုအတူမသုံးသင့်ပါဘူး။ မျက်နှာအရေပြားက နူးညံ့တဲ့အပြင် ရောဂါပိုးလည်းကူးစက်လွယ်တာကြောင့်သီးသန့်အသုံးပြုသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*