အမျိုးသမီးများရဲ့ အကြောင်း ကောင်းကောင်း သိနိုင်တဲ့ ထင်ရှားတဲ့ မှဲ့ (၇) မျိုး အကြောင်

ဒီလိုပါ ခင်ဗျာ။ မိန်းကလေးတွေမှာ ထင်ရှားတဲ့ မဲှ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုကြပါတယ်။ အဓိက မဲှ့တွေပေါ့။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလဲဆိုတော့

ရတနာရွှေအိုးလို့ ခေါ်တဲ့မှဲ့ရယ်။

ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။

မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)

မျက်ရည်ခံမှဲ့ကြီး (ညာရယ်)

နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။

ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။

စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။

၁။ ရတနာရွှေအိုးမှဲ့

အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ၇တနာရွှေအိုးလို့ ခေါ်တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခနပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ၇တနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ ၊ ပတ္တမြား၊ စိန် ၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ဝတ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

၂။ ရတနာဆီမီးထွန်းမှဲ့

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်၀ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘဝတွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

၃။ မျက်ရည်ခံမှဲ့

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ ကတည်းက ကြမန်းတမ်းတဲ့ ဘဝခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မဝတ်သင့်ဘူး။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။

၄။ မျက်ရည်ခံမှဲ့ကြီး

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူဒလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ဝတ်ဆင်ဆောင်ထားသင့်တယ်။

၅။ နှုတ်တဆိတ်မှဲ့

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ဝတ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

၆။ ရွှေပိတုန်းစုပ်မှဲ့

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ဝန်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ဝတ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံး၀ ရှောင်ထားသင့်တယ်။

၇။ စံပယ်တင်(ညာဘက်) မှဲ့

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*