
ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) နှင်းဆီပါတီ ဥက္ကဌ ဦးကျော်မြင့်ကို ဖဖ်းဆီးထားတယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အတည်ပြုပါတယ်။
Confirm ဖြစ်ပါတယ် မနေ့ညက ရဲတပ်ဖွဲက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေ(၂၂၄) နဲ့ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲ၀ရမ်းနဲ့ဖမ်းတာ ဖြစ်ပါတယ် လို့ပြောပါတယ် ။ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ(၂၂၄)အရ အမှုဖွင့်ထားတဲ့ ရဲဘက်ပြေးဖြစ်တဲ့အတွက် ရဲဝရမ်းနဲ့ ဖမ်းတာဖြစ်ပြီး ဆက်လက်စိစစ်ဆဲ၊ ဖော်ထုတ်နေဆဲလို့လည်း ပြောပါတယ်။
ဦးကျော်မြင့်က မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ်ကျခံနေရစဉ် ၁၉၉၉ခုနှစ်မှာ ထောင်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့သူလည်း ဖြစ်ပါတယ်။ဦးကျော်မြင့် ဥက္ကဌ အဖြစ် တာဝန်ယူနေတဲ့ (UDP)နှင်းဆီပါတီက ၂၀၁၀ မတိုင်ခင်မှာ နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားခဲ့ပြီး ၂၀၁၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ဝင်ပြိုင်ခဲ့တာပါ။
zawgyi
Leave a Reply