ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ ငါးမန်းအကောင်ရေ (၅) သိန်းနီးပါး သေဆုံးနိုင်ဖွယ်ရှိ

ကိုဗစ် ကာကွယ်ဆေး ထုတ်လုပ်ဖို့ ငါးမန်းအကောင်ရေ (၅) သိန်းနီးပါး သေဆုံးနိုင်ဖွယ်ရှိ..

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် ငါးမန်းအကောင်ရေ (၅) သိန်းနီးပါး သတ်ခံရဖို့ ရှိနေတယ်လို့ Sky News သတင်းဌာနက တင်ဆက်သွားပါတယ်။

ငါးမန်းအသည်းကနေ ထွက်တဲ့အဆီတစ်မျိုးဟာ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုကို ပိုအားကောင်းစေတာကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် အသုံးပြုလာဖို့ရှိနေပါတယ်။

ဗြိတိန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ GlaxoSmithKline (ဂလာဆိုစမစ်ကလင်း) ဟာ တုပ်ကွေးရောဂါကာကွယ်ဆေး ထုတ်လုပ်ရာမှာ ငါးမန်းအသည်းဆီကို အသုံးပြုပြီး ထုတ်လုပ်လေ့ရှိသလို ရှေ့နှစ်မေလထဲ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို ငါးမန်းအသည်းဆီနဲ့ ထုတ်လုပ်ဖို့လည်း စီစဉ်ထားပါတယ်။

ငါးမန်းအသည်းဆီ (၁) တန်ရဖို့အတွက် ငါးမန်းအကောင်ရေ သုံးထောင်လိုအပ်ပြီး တကယ်လို့ လူတစ်ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးဖို့ လိုအပ်တယ်ဆိုရင် ငါးမန်းကောင်ရေ (၅) သိန်းလောက် သတ်ရနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*