
လက်ထပ်ခွင့်တောင်းနေတုန်း အမှတ်တရဖြစ်သွားစေတဲ့ ဟာသဆန်ဆန် ဖြစ်ရပ်
လက်ထပ်ဖွင့်တောင်းတယ်ဆိုတာ လက်ထပ်ခွင့်တောင်းတဲ့သူကော၊ လက်ထပ်ခွင့်အတောင်းခံရတဲ့သူကော နှစ်ယောက်စလုံး စိတ်အလှုပ်ရှားဆုံး အချိန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလိုအခြေအနေဟာ များသောအားဖြင့် လူတစ်ယောက်ရဲ့ ဘဝမှာ နှစ်ခါပြန်မရနိုင်တဲ့ အခြေအနေဖြစ်တာကြောင့်ပါပဲ။ ဒါပေမယ့် အခုပြောပြချင်တဲ့ အဖြစ်အပျက်လေးကတော့ လက်ထပ်ခွင့်တောင်းနေတုန်း ဟာသဆန်ဆန်ဖြစ်သွားစေခဲ့တဲ့ အမှတ်တရလေးတစ်ခုပါပဲ။
ပုံထဲမှာ လက်ထပ်ခွင့်တောင်းခံနေတဲ့ အမျိုးသားကတော့ အသက် ၂၂ နှစ်အရွယ် Vigo လို့ အမည်ရတဲ့ အမျိုးသားဖြစ်ပြီး Vigo လက်ထပ်ခွင့်တောင်းခံနေတဲ့ အမျိုးသမီးကတော့ Vigo ရဲ့ ချစ်သူ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး Rivera ပဲ ဖြစ်ပါတယ်။ Vigo ဟာ အမေရိကန်နိုင်ငံရှိ Brooklyn တံတားကြီးပေါ်မှာ သူ့ရဲ့ချစ်သူ Rivera ကို လက်ထပ်ခွင့်တောင်းဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့သူငယ်ချင်း ဓာတ်ပုံဆရာ Josh Rosario ကိုလည်း သူလက်ထပ်ခွင့်တောင်းနေတဲ့အချိန် တောက်လျှောက် ဓာတ်ပုံတွေရိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။
Josh ကလည်း သူ့သူငယ်ချင်းဖြစ်သူရဲ့ အကူအညီကို ဝမ်းသားအားရလက်ခံခဲ့ပြီး Vigo တစ်ယောက် Rivera ကို လက်ထပ်ခွင့်တောင်းခံနေတဲ့အချိန်တောက်လျှောက် ကင်မရာနဲ့ တောက်လျှောက်ဓာတ်ပုံတွေ ရိုက်နေပေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စက်ဘီးတစ်စီးဟာ ရုတ်တရက် Josh ကို တိုက်မိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Vigo လက်ထပ်ခွင့်တောင်းနေတဲ့ နေရာနားဟာ စက်ဘီးသွားလမ်း ဖြစ်နေတာကြောင့်ပါပဲ။ အင်္ကျီချွတ်နဲ့ စက်ဘီးသမားတစ်ယောက်ဟာ Josh ကို မြင်တဲ့အချိန်မှာ ရုတ်တရက် စက်ဘီးဘရိတ်ကို အုပ်ခဲ့ပေမယ့် မမှီခဲ့ပါဘူး။
Vigo တစ်ယောက်လည်း ခံစားချက်အပြည့်နဲ့ သူ့ချစ်သူ Rivera ကို ဒူးထေက်ပြီး လက်ထပ်ခွင့်တောင်းတဲ့ မိန့်ခွန်းတွေ ခြွေနေတုန်း Josh အဖြစ်အပျက်ကြောင့် မျက်နှာကြီးက အီလည်လည်ကြီး ဖြစ်သွားခဲ့ပါတယ်။ ကံကောင်းတာတစ်ခုကတော့ စက်ဘီးသမားရော၊ Josh တစ်ယောက်ပါ ထိခိုက်ဒဏ်ရာရခဲ့ခြင်း မရှိတာပါပဲ။အဆိုပါဗီဒီယိုလေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်ပျံ့နှံ့သွားခဲ့ပြီး လက်ထပ်ခွင့်တောင်းနေတဲ့အချိန်ဖြစ်သွားတဲ့ အဖြစ်အပျက်ကြောင့် Vigo ကို ဝိုင်းပြီး သနားကရုဏာသက်ခဲ့ကြပါတယ်။
Leave a Reply