အာဆီယံနိုင်ငံတွေ ကိုဗစ်ကို ဘယ်လို အနိုင်တိုက်ခဲ့သလဲ နှင့် စဉ်းစားစရာ မြန်မာ့အနာဂတ်

အာဆီယံနိုင်ငံတွေ ကိုဗစ်ကို ဘယ်လို အနိုင်တိုက်ခဲ့သလဲ နှင့် စဉ်းစားစရာ မြန်မာ့အနာဂတ်

ရိုက်တာ မှာ ပါလာတဲ့ သတင်း လက်ရှိကျင့်သုံးနေတဲ့ မြန်မာ့ ထိန်းချုပ်ရေးဗျူဟာ က အခြေအနေ မဟန် ကြောင်း စနစ် တခုလုံးပြိုလဲ သွားနိုင်ကြောင်း စတာတွေ ရေးထားတာပါ

A woman, wearing a facemask amid concerns about the spread of the COVID-19 novel coronavirus, waits to cross the street in front of a poster for the Disney film “Mulan” in Vientiane on March 11, 2020. (Photo by Mladen ANTONOV / AFP)

ဒေါက်တာဉာဏ် မြင်တာကတော့ အရိုးဆာဂျင် မြင်တာနဲ့ မတူဘူး မြေပြင်အခြေအနေက အတော် တိုင်ပတ်နေတယ် ပို့လိုက်တဲ့ swab တွေတောင် အချိန်မှီမစစ်နိုင်လို့ ပျက်ဆီးမဲ့ကိန်း စက်တွေလည်း ကလီဘာ လွဲလောက်ပြီ အခုတောင်တချို့ရပ်ထားရတယ်ကြားတယ် လူနာတွေ Home stay မလုပ်ရ အိုင်ဆိုလေးရှင်းလုပ်ရမယ်ဆိုပေမဲ့ တကယ့်လက်တွေ့က home stay တွေ ဖြစ်ကုန်ပြီ ဒီတော့လက်ရှိ လုပ်ရမှာ ၂ခုပဲ တခုက mitigation plan အနေနဲ့ လက်ရှိ ဆေးရုံ တက်လူနာတွေကို ဘယ်လိုလျော့ချမလဲ ရယ်

Exit strategy အနေနဲ့New normal ကိုဘယ်လိုသွားကြမလဲ ဆိုတာပဲလော့ဒေါင်းက တကယ်အလုပ်မဖြစ်ပါဘူး ပြန်တင်ရင် ပြန်တွေ့ပါတယ် epidemiology သဘောအရ ကူးစက်ရောဂါ တခုက ၂လ အထိ မှ ပြန် မကျဘူးဆိုရင် ကျိန်းသေတယ် ဒီရောဂါကို ဖြတ်တောက် နှိမ်နင်းဖို့ မစဉ်းစားပါနဲ့တော့ ကာကွယ်ဆေရယ် တူယှဉ်ကာနေထိုင်ဖို့ရယ်သာ စဉ်းစားရတော့မှာပါ နောင် ၃နှစ်ကြာတဲ့ အခါ ဒေတာ တွေပြန်တွက်ကြည့်ရင် လော့ဒေါင်း နဲ့ လော့မဒေါင်း ကွာခြားမယ်တော့မထင်ဘူး အပြစ်တင်တာတော့မဟုတ်ပါဘူး စဉ်းစားစရာ တခုက prediction တွေ modelling တွေ တွက်ပြနိုင်တဲ့ မြန်မာ့ epidemiogist တွေ ဘယ်ရောက်နေလဲ မသိဘူး အခုလက်ရှိက ဘာမှ ကြိုတင်ချမပြနိုင်ဘူး ကြိုသိတာတောင်မှ ကြိုမစီစဉ်ထားနိုင်တဲ့အခြေအနေတာဝန်ရှိသူတွေ က ထိန်းနိုင်တယ်ပြောလိုက် ကေစ့်တွေကထိုးတက်လိုက် သူထိန်းနိုင်တယ်ပြောမှာတောင်ကြောက်နေရတယ် ဆိုလိုချင်တာ area of expertise ကွာပါတယ် တကယ့် Public health specialist တယောက်ဆို ဒီလို စကားကိုပြောမယ်မထင်ဘူး နိုင်ငံတကာမော်ဒယ်တွေမှာ LD ချတောင်မှ နောက်၂ပတ် ၃ ပတ်လောက်နေမှ ကေစ့်က စဆင်းတာမျိုး ပါ အခု သူတို့ပြောတဲ့ ၂ပတ်မှာ ၁ပတ်ပြည့်သွာပြီ စစ်နိုင်နှုန်းထက်ကျော်ပြီး နမူနာတွေရောက်လာတယ်

ဆေးရုံတွေအကုန်လျှံ သွားပြီ ကျိန်းသေတာ ၂ပတ် နဲ့ ထိန်းမရဘူး နောက်ထပ် ပလန်က ဘာလဲ ဘယ်သူမှမသိဘူး အရမ်း ပုံသေဆန်တဲ့ အစည်းအဝေးပဲတွေ့နေရတယ် တခြား နိုင်ငံ War room တွေဆို စွပ်ကျယ် နဲ့ ကော်ဖီခွက်နဲ့ ကိန်းဂဏန်းတွေနဲ့ ၂၄နာရီ အဆိုင်းနဲ့ အပီအပြင်ဆွဲနေကြတာ  ကျန်းမာရေးစနစ်တခုလုံးမပြိုလဲခင်Refine strategy တော့လိုနေပြီ ကျယ်ကျယ်ပြန့်ပြန့် ဘက်ပေါင်းစုံကစဉ်းစားရတော့မယ် ပြည်တွင်းက Infectious disease specialist တွေ epidemiologist တွေ ရဲ့ အခန်းကဏ္ဍတွေ စီးပွားရေး သမားတွေ နိုင်ငံရေးသမားတွေ အုပ်ချုပ်ရေးကလူတွေပါဝင်ဆွေးနွေးပြီး တိုင်းပြည်အတွက်ထွက်ပေါက် တခု ရှာမှရတော့မယ် အခုစစ်တယ် တွေ့တယ် ဆေးရုံကုတင်မလောက်ဘူး ရပ်ကွက်ထဲလဲပြန်မရဘူး ဒီတော့ စစ်ပြီး ဘာဆက်ဖြစ်လဲ ဘာမှဖြစ်မလာဘူး ဒုံရင်းက ဒုံရင်းအပြင် Vitamin D တွေ C တွေ Zinc တွေပဲ ပိုရောင်းကောင်းလာတယ်

စစ်တဲ့ နိုင်ငံတွေကို သွားမကြည့်နဲ့ ကူးစက်မှုကို ဖြတ်ဖို့စစ်တာ မဟုတ်ဘူး ဒါကိုသိဖို့လိုတယ် ဒေတာတွေအကုန်ထည့်ပြီး သုတေသန လုပ်နေတာ လက်ရှိမြန်မာ့အခြေအနေကတော့ ကွန်တိန်းတကယ်လုပ်နိုင်လားဆိုမလုပ်နိုင်ဘူး နောက်ကျတဲ့အပြင် မဲဆွယ်တာနဲ့ဆိုတော့ ပလိုင်းပေါက်နဲ့ ဖားကောက် ပဲtest kits ရောင်းတဲ့ ကုမ္ပဏီတော့ လှူတဲ့ စက်ဖိုး အရင်းကျေပြီး အမြတ်ထွက်လောက်ပြီအခုလက်ရှိ လုပ်နေတာ လူနာရေတွက်နေရုံ သာသာထက်ဘာမှပိုမထူးဘူး တတိုင်းပြည်လုံးICU ကုတင်၅၀ လောက်နဲ့လည်း သေနှုန်းလျော့ချမရဘူး လက်တွေ့ဖြစ်နေတာJust counting case ပဲ အဓိက ထိခိုက်သွားတာ တခြားရောဂါသည်တွေနဲ့ မနိုင်ဝန်ထမ်းလိုက်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေပဲ

အာဆီယံနိုင်ငံတွေဘယ်လိုစဉ်းစားလဲပြောပြမယ် ကမ္ဘောဒီးယား နဲ့ လာအို က ဝန်ကြီးတွေက ကိုဗစ်စဖြစ်ကတည်းက သူ့လူတွေကို မေးတယ် ငါတို့ စစ်နိုင်လား သူ့လူတွေက ဖြေတယ် နည်းနည်းပေါ့ test kit ၂၀၀ လောက်ရှိအဘ စစ်ပြီး တွေ့ရင် ကုနိုင်လား နည်းနည်းပေါ့ ICU ၂၀ ကုတင်ရှိတယ် အဘ ဒါဆို ရှင်းနေပြီ ဘာမှ မလုပ်နဲ့တော့ မစစ်ဘူး မတွေ့ဘူး မရှိဘူး ပဲပြောကြအားလုံးညီစေနော် ဟုတ်ကဲ့ အဘဆိုပြီး သူတို့ ထွက်လမ်းသူတို့ရွေးသွားတာ ကိုဗစ်ကင်းစင် နိုင်ငံတွေ ပေါ့

ဗီယက်နမ်က တမျိုး ငွေယားလေးနည်းနည်းရှိတော့ လုပ်ပြချင်တယ် စစ်တယ်တွေ့တယ် လော့ဒေါင်းချတယ် လော့ဒေါင်းပြန်တင်တယ် ပြန်တွေ့တယ် လော့ဒေါင်းပြန်ချတယ်ဒီလိုခဏခဏဖြစ်တော့ သူတိူ့လည်းစဉ်းစားရပြီ ငါတို့ ထွက်လမ်းရှာရတော့မယ် ဒီရောဂါရှိတယ်ဆို စီးပွားရေးလုပ်ရခက်တယ် ဝိုင်းစဉ်းစားကြပါဆိုတော့ ဒီလုပ်လုပ်မယ် တရုတ်စတိုင် တွေ့ရင် အဲဒီ နေရာ လော့ချမယ် ပြီးရင် အကုန်စစ်မယ် မရှိဘူးပြောမယ် ပြီးရင်ပြန်ဖွင့်မယ် ဒါဆို အပြကောင်းတယ် အိုကေလား အိုကေ ညီစေနော် ဒါကဗီယက်နမ်မော်ဒယ်

ထိုင်းမော်ဒယ်ကတမျိုး စစ်ကြ ကာဖြူးထုတ်ကြ လော့ဒေါင်းထုတ်ကြ active.case finding လုပ်ကြ နဲ့ စီးပွားအတော်ပျက်သွားတယ် ရတာကတော့ WHO က ဆုတခုပေါ့ ဆုနဲ့ ပေးဆပ်လိုက်ရတာမကာမိဘူးဒီလိုနဲ့နေလိုက်တာ ပြည်တွင်းကူးစက်မှု ပြန်တွေ့ပြန်ရော အဲဒီမှာစဉ်းစားရပြီ ပထမလှိုင်းမှာတိုင်းပြည်ကိုပိတ်လိုက်တာ ငါတို့ ဘောင်းဘီမကျွတ်ရုံတမယ်ပဲကျန်တယ် ပထမ မော်ဒယ်အတိုင်းသွားရင် အိမ်ကမိန်းမပါ ပေါင်ရတော့မယ်ကဲ လုပ်ကြပါအုံးဆိုတော့ ဒီလိုလုပ်မယ်လေ အဲဒီပြည်တွင်းကူးစက်မှု contact တွေ အကုန်စစ်တယ် မတွေ့ဘူးပြောလိုက်မယ် သူတို့ဘယ်ကကူးလာလည်း မသိဘူး ဘူး ၂ဘူး နဲ့ ကိုဗစ် ပြည်တွင်းကူးစက်မှူ မရှိတဲ့ နိုင်ငံအဖြစ်U turn ပြန်ကွေ့ကြမယ်.ညီစေနော် အိုကေ ဆက်လျှောက် ကြမယ် ကိုဗစ် မရှိတဲ့ နိုင်ငံအဖြစ် စီးပွားရေးပြန်လုပ်ကြမယ်
မြန်မာ ကြုံနေတဲ့ အခြေအနေတွေက အရင်လူတွေ ကြုံခဲ့ပြီးပြီ ဒါတွေကို သင်ခန်းစာယူရတော့မယ် ကိုရီးယားက စစ်တဲ့ ၂သိန်း ရောက်လာပြီး ထပ်စစ်ချင်လည်းစစ်ပေါ့ ငွေကုန်ပြီးစစ်တာသက်သက်ပဲဖြစ်မယ် ကျန်တာတော့ဘာမှထူးမယ်မထင်ဘူး


ထူးချင်ရင် နှာခေါင်းစည်းအမြဲတပ်ကြအချို အဆီအဆိမ့် လျော့စားကြပုံမှန်လေ့ကျင့်ခန်းလုပ်ပြီးကိုဗစ်ပြီးတဲ့ ကိုယ်ဖြစ်အောင်လုပ်ကြဒေါက်တာဉာဏ့်ဘော်ဒါ ဆာဂျင် ကိုဗစ်ဖြစ်ပြီးမှ ပိုချောလာတယ် နုဖက်ဥအက်နေတာပဲ)ကိုဗစ်က ရာသီတုပ်ကွေးလို လာလိုက် ပျောက်လိုက် ဖြစ်နေတော့မှာပဲ ဆိုတာ ကျိန်းသေနေပြီဆိုမှတော့ ဘာကိုတွေးပြီး စိတ်ပူနေတော့မှာလည်း

ဒေါက်တာဉာဏ် (ဘန်ကောက်)

Be the first to comment

Leave a Reply

Your email address will not be published.


*