ခွေးလေး သေဆုံးသွားသဖြင့် မိခင်ခွေးမကြီး ကိုယ်တိုင် တွင်းတူးမြုပ်နှံသည့် ဖြစ်ရပ် (ရုပ်သံ)

မိမိရင်သွေးလေး သေဆုံးသွား၍ ဝမ်းနည်းပူဆွေးနေသော ခွေးမကြီး ‘ဘတ်တီ” သည် သခင်၏ အိမ်နောက်ဖေးတွင် သူ၏ ကလေးကို မြုပ်နှံရန် ရှေ့ခြေနှစ်ချောင်းဖြင့် တွင်းကို ကိုယ်တိုင်တူးခဲ့သည့် သတင်းတစ်ပုဒ်က ဖိလစ်ပိုင်မှ တိချစ်သူများကို ဝမ်းနည်းစေခဲ့သည်။ စက်တင်ဘာ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ၊ Pangasinan ပြည်နယ်ရှိ ပိုင်ရှင် လန်နီရို့စ်အီလမ်မာသည် သူတို့၏ အိမ်နောကဖေးတွင် ခွေးသေလေးကို မြုပ်နှံရန် တွင်းတူနေသည့် မိခင်ခွေးမကြီး ‘ဘတ်တီ’ ၏ လုပ်ရပ်ကို မှတ်တမ်းတင်ခဲ့ကြသည်။


ပူဆွေးနေသော ‘ဘတ်တီ’ သည် မြေတွင်းတူကာ မြှုပ်နှံခြင်း မပြုမီ နာရီအနည်းငယ်အထိ သူမ၏ကလေးကို ပြန်လည် ရှင်သန်ရန် သူနားလည်သလို ကြိုးစားနေခဲ့သည်မှာ ဝမ်းနည်းစရာ ကောင်းကြောင်း လန်နီက ဆိုသည်။
ဘတ်တီသည် အသက်မဲ့ ကလေးကို နို့တို့ရန် အကြိမ်ကြိမ်ကြိုး စားခဲ့ကြောင်း၊ ထိုနည်းက အသက်ပြန်ရှင်လာမည်ဟု သူထင်မှတ်နေခဲ့ပုံ ရကြောင်း လန်နီက ဆိုသည်။


ဘတ်တီက တွင်းနောက် ခွေးသေလေးကို တွင်းထဲထည့်ကာ သူကိုယ်တိုင် မြေများဖြင့် ပြန်လည်ဖုံးအုပ်ခဲ့ပြီး ရက်အတန်ကြာအထိ မြေပုံပေါ်တွင် ဝပ်နေခဲ့သည်။လန်နီက အသက် လေးနှစ်အရွယ် ‘ဘတ်တီ’သည် မိခင်စိတ်ကို ဖော်ထုတ်ပြသ ခဲ့သည်ဟု ဆိုသည်။

လန်နီက “သူ့ကို ဒီလိုလုပ်ဖို့ မလေ့ကျင့်ပေး ခဲ့ကြပါဘူး။ ကျွန်မတို့က ခွေးလေးကို ဖယ်ထုတ်ဖို့လုပ်တော့ ဘတ်တီက သိပ်ကြိုက်ပုံမရဘူး။ ဒါနဲ့ သူကိုယ်တိုင် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ဖို့ သူတို့ကို ဒီအတိုင်း ထားခဲ့လိုက်ကြရတယ်”ဟု ဆိုသည်။

လန်နီက ဘတ်တီသည် မြေပုံနားတွင်သာ ရက်အနည်းငယ်အကြာအထိ ဝပ်နေပြီးနောက် တဖြည်းဖြည်း ပုံမှန်အတိုင်းပြန်လာပြီး ကျန်ရှိနေသေးသော သူ၏ရင်သွေးများကို စောင့်ရှောက်နေသည်ဟု ပြောကြားခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*