ကိုဗစ် နောက်ဆုံးတိုက်ပွဲ မ‌အောင်မြင်ခဲ့ရင် နောက်တဆင့်ဆုတ်ရမှာဖြစ်ပြီး ဖြစ်လာမယ့် အကျိုးဆက်များ

ရန်ကုန်မြို့ရဲ့ ကိုဗစ် နောက်ဆုံးတိုက်ပွဲ မ‌အောင်မြင်ခဲ့ရင် နောက်တဆင့်ဆုတ်ရမှာဖြစ်ပြီး ဖြစ်လာမယ့် အကျိုးဆက်များ..

နောက်တဆင့် လျော့ချခဲ့ရသော်.

ကပ်ရောဂါပဲဖြစ်ဖြစ် သာမန်ရောဂါပဲဖြစ်ဖြစ် ရောဂါရယ်လို့ဖြစ်လာရင် ပညာရှင်တွေက (၃) ခုစဉ်းစားပါတယ်.. ရောဂါရယ်.. လူရယ်.. ပတ်၀န်းကျင်ရယ်ပေါ့.. လက်ရှိ ကိုဗစ် ကို ကြည့်မယ်ဆိုရင်.. ရောဂါပိုးက ကျွန်တော်တို့ပတ်၀န်းကျင်မှာရှိနေပြီ.. လူကိုကြည့်မယ်ဆိုရင် ကာကွယ်‌ဆေး မပေါ်သေးဘူး.. လူတွေကို ကိုယ်ခံအား ကောင်းဖို့က အချိန်အများကြီးယူရအုံးမယ်.

လက်ရှိမြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုကြည့်ရင် အရင်ကတည်းက ဖွဲ့စည်းပုံအပြည့်နဲ့ အလုပ်လုပ်နေရတာမဟုတ်ပါဘူး.. ရှိတဲ့အားနဲ့ ဖြစ်အောင်လုပ်နေရတာပါ.. အဲဒီလိုအခြေအနေကနေ ကိုဗစ် ဖြစ်လာတယ်.. ၆ လလောက်ကြာလာပြီ.. ကျန်းမာရေး၀န်ထမ်းတွေဟာ တော်ရုံတန်ရုံစိတ်ဓါတ်နဲ့ဆို ဒီလောက်တောင့်ခံနိုင်မှာမဟုတ်ပါဘူး.. ကျန်းမာရေး၀န်ထမ်းတွေရဲ့ စိတ်ဓါတ်ဟာ လေးစားစရာကောင်းပါတယ်.. ဒါပေမဲ့သူတို့ဟာလဲ လူသားတွေပါပဲ.. သရေးကွင်းလို့ပေါ့ ဆွဲပါများလာတော့ ပြတ်ဖို့ဖြစ်လာမှာပါ.

အခုအစိုးရရဲ့ ကိုဗစ်တိုက်ဖျက်ရေးဗျူဟာက ထိန်းချုပ်ရေးဗျူဟာပါ.. ပိုးတွေ့တဲ့လူကိုဆေးရုံတင်မယ် ကုသပေးမယ် သံသယရှိသူကိုသီးခြားခွဲထားတယ်.. အဓိကတော့ လူတွေမသေသင့်တာမသေအောင် အစွမ်းကုန်ဆောင်ရွက်ပေးတာပါ.. အမေရိကတို့အင်္ဂလန်တို့မှာတောင် ပိုးတွေ လူနာတွေကို အိမ်မှာပဲ နေခိုင်းတာပါ.. လူတိုင်းကိုဆေးရုံတင်မကုပေးပါဘူး..

အခုဆိုရင်ရန်ကုန်မှာ ကိုဗစ် တိုက်ပွဲကို ထိန်းချုပ်ရေဗျူဟာနဲ့ နောက်ဆုံးတိုက်ပွဲကို တိုက်တော့မယ်.. တကယ်လို့ထင်ထားသလို မဖြစ်လာရင် နောက်တဆင့်ဆုတ်ရတော့မှာပါ.. ထိန်းချုပ်ရေးဗျူဟာနဲ့မနိုင်ရင် နောက်တဆင့်လျော့ရတော့မှာပါ..

နောကတြဆငြ့ဆုတရြငြ ဘာဖှဈမလဲ.. ကနွြးမာရေးဝနထြမြးတှကေ ဆေးဆကကြုနမယြေ.. ဒါပမေဲ့ ပိုးတှေ့တိုငြး ဆေးရုံတငမြှာမဟုတတြော့ဘူး.. အိမမြှာပဲနရမှောဖှဈတဲ့အတှကြ ပိုးတှတေဲ့လူနာက တာဝနယြူမှုပိုမွားလာမှာပါ.. အဲဒီအတှကြ အကွိုးဆကကြဘာဖှဈလာနိုငလြဲဆိုရငြ သဆေုံးေးတှသခွောပေါကမြှငြ့လာမယလြို့ ပညာရှငတြှကသေုံးသပထြားပါတယြ.. ကာကှယဆြေးစောစောရရငတြော့ သကသြာပါ့မယြ.. အဲဒီလိုမဟုတခြဲ့ရငတြော့ သဆေုံးတဲ့နှုနြးကို အတိုငြးအတာတခုထိတော့ လကခြံပေးရတော့မှာပါ.. အထူးသဖှငြ့တခှားသောရောဂါအခံရှိသူတှေ အသကဆြုံး ရှုံးရခွမွေားလာမှာပါ.

ဒီအခြေအနေကိုမရောက်ဖို့ ကျန်းမာရေး၀န်ထမ်းတွေနဲ့အစိုးရက အစွမ်းကုန်ကျိုးစားနေတာပါ.. ဒါပေမဲ့ ပြည်သူလူထုက မလိုက်နာရင် သူတို့လဲတတ်နိုင်မှာမဟုတ်ပါဘူး.. ကိုဗစ်တိုက်ပွဲကို အဆုံးအဖြတ်ပေးမှာက ပြည်သူတွေပါ..

ပြည်သူတွေစောင့်ထိန်းရင် ဒီပွဲနိုင်မယ်.. ပြည်သူတွေမစောင့်ထိန်းနိုင်လို့ ကျွန်တော်တို့နိုင်ငံအတွက် နောက်တဆင့်လျော့ချရတာမျိုးမရောက်ချင်ပါဘူး.. အဲဒါဆို သေဆုံးနှုန်းတွေတက်လာတော့မှာပါ.. အားလုံး တပတ်လောက်ပဲ ပူးပေါင်းဆောင်ရွက်ပေးကျပါခင်ဗျ..

Prof Dr.Daw Mar Mar Kyi

Be the first to comment

Leave a Reply

Your email address will not be published.


*