ကိုဗစ်ကူးစက်ပြီး ပြန်ကောင်းလာတဲ့ လူနာတွေ ရောဂါထပ်မံ ကူးစက်နိုင်သလား ဆိုတာရဲ. အဖြေ

ဒီရက်ပိုင်း ဆေးရုံမှာ ဂျူတီတွေ အလွန်စိပ် နေတော့ စိတ်ဖိစီးမှု များပါတယ်၊ ကျွန်မ အလုပ်လုပ် တဲ့ဆေးရုံ မှာလည်း positive ြဖစ်ပြီးနားနေရတဲ့၊ Qဝင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ရှိနေတော့ ပိုြပီး စိတ်ပင်ပန်း လူပင်ပန်းပါ၊ ဘာမှ ရေးချင်ဖတ်ချင်စိတ် လည်းမရှိပါ ဒါပေမယ့် အချို့လူတွေရဲ့စာ တွေဟာ မမှန်တဝက် မှန်တဝက်တွေ ရေးထားတာတွေ့လို့ တတ်နိုင်သလောက်လေး ပြန်ဖြေရှင်း လိုက်ပါတယ်
Covid 19 ဟာ RNA virus တစ်မျိုးပါ

သူ့ရဲ့ကူးစက်မှုကို ခံရပြီးရင် ကုိယ်ခံအား (antibody) ထွက်ပါတယ် ဒါပေမယ့် အဲဒီ antibody ဟာ တစ်သက်စာစားမကုန်တာမျိုး မဟုတ်ပါဘူး၊ ဆိုလိုတာက persistent or lifelong immunity မရပါဘူး၊ အချိန်နဲ့ တပြေးညီ ပမာဏ ​လျော့ကျလာတတ်တာမျိုးပါ​ေနာက် RNA virus တွေရဲ့ သဘောက ပုံပြောင်းတတ်ပါတယ်(mutation) ၊ပုံပြောင်းသွားရင် ကူးြပီးသားလူကိုလည်း ထပ်ကူးနိုင်တာပါပဲ၊ မကူးတော့ဘူးလို့ အာမခံချက်မရှိပါ

ဆိုလိုချင်တာကတော့ ကူးြပီးသားလူတွေသည် ဘာ protective measure မှ မလိုတော့ဘူး လုပ်ချင်ရာလုပ်လို့ရတယ် ဆိုတဲ့ အရေးအသားသည် မမှန်ပါ
အကုန်လုံးကို ဖွင့်ပေးြပီး herd immunity ရအောင်လုပ်ရမယ်ဆိုတာလည်း မမှန်ပါဘူး၊ လူများများကူး၊ များများ အသက်အန္တရာယ် ြဖစ်တော့ ကျန်းမာရေးစောင့်ရှောက်မှု စနစ် ြမန်မြန် ပြိုလဲပါမယ်

WHO က expert ပြောထားတာလည်း ရှိပါတယ် Herd immunity အတွက် အဓိက မျှော်လင့်ချက်က ကာကွယ်ဆေး (vaccine) ပါ
Vaccine မရခင်စပ်ကြားမှာ ခုလိုပဲ ကန့်သတ်ချက် တွေလုပ်ရဦးမှာပါပဲ မလုပ်နိုင်ခဲ့ရင် သို့မဟုတ် ကျဆုံး ခဲ့ရင် လူ့အသက်တွေအမ​ျားြကီးနဲ့ ပေးဆပ်ရပါလိမ့်မယ် ဆိုတော့

Mask တပ်ပါ ၊ လက်ဆေးပါ ၊အိမ်မှာနေကြပါ ၊အမှန်အမှား ရောရေးထားတာတွေကို မယုံြက မshareကြပါနဲ့ရှင် ၊ အားလုံး ကျန်းမာချမ်းသာကြပါစေရှင့်
(P.S. This note is not intended for experts)

 

Crd- May Hnin Oo

Be the first to comment

Leave a Reply

Your email address will not be published.


*