လူတိုင်း လူတိုင်းဆီကို ဒီ message ပို့ပေးပါ(သို့မဟုတ်) နောက်ဆုံးတိုက်ပွဲ

လူတိုင်း လူတိုင်းဆီကို ဒီ message ပို့ပေးပါ

(Dr.ဇော်ဝေစိုးရဲ့ request ပါ 28.9.2020)
ရန်ကုန်မှာရှိသော လှည်းနေလှေအောင်း မြင်းဇောင်းမကျန် (လူ 7သန်း) တစ်ဦးတစ်ယောက်ချင်းစီ အတူပါဝင် စည်းကမ်းလိုက်နာပြီး တိုက်မှသာ နိုင်မယ့်
“နောက်ဆုံးတိုက်ပွဲ”ပါနောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင်ပါစစ်တဲ့ပုံစံပြောင်းတာရယ် NHA ရဲ့ overload ကိုလျှော့တာမို့ ဒီနေ့ 390- ကျော်ပဲ တွေ့မှာပါ လူလျော့စစ်ထားလို့ပါAntigen Test တွေ Kit တွေနဲ့ စစစ်တော့မှာမို့ နောက်ရက်တွေ ထောင်ချီထွက်လာမှာပါပိုးတွေ့လူနာနဲ့ ဆေးရုံကုတင် လုံလောက်အဆင်ပြေနေပါတယ်


-အောင်မြင့်မိုရ် ကုတင် 500 -ရိုးမ (၂) ပြင်ဆင်ပြီးပါပြီ
-ယဉ်ကျေးမှုတက္ကသိုလ် -ရန်ကင်းပညာရေးကောလိပ် -နယ်စပ်စည်ပင်သင်တန်းကျောင်း များ ပြင်ဆင်လျှက်ရှိပါတယ်

-YCC -Fortune Plaza တို့ကိုလည်း ကြည့်ထားပာတယ်

အောင်မြင့်မိုရ်မှာ သံဃာတော်များကို ဝိနည်းနဲ့အညီကုသပေးနိုင်ရန်စီစဉ်ထားပါတယ် လိုအပ်လာရင် သာသနာရေးနဲ့ပူးပေါင်းပြီး ဗိမ္မာန်တော်များမှာ ထားရှိပါမယ် 1000-1500 စာ စီစဉ်ထားပြီးပါပြီOxygen နဲ့ ကုသမှုလိုအပ်လာရင် သီးခြားဆေးရုံစီစဉ်ထားပါတယ်သရက်တောကျောင်း ဒီနေ့ SWOT အပါး 100ကျော် ယူနေပါပြီ တပ်မတော်(ဆေး)နဲ့ ညှိနှိုင်းပြီး ကုသဖို့ပို့သင့်တာပို့နေပါတယ် သူတို့ဆီကနေရာ 500-1000 စာလောက်ထပ်ရပါမယ်

အတိုင်ပင်ခံရဲ့ ညွှန်ကြားမှုနဲ့အညီ ဒီတစ်ပတ် Containment “နောက်ဆုံးတိုက်ပွဲ”တိုက်ဖို့ အင်နဲ့အားနဲ့ အစွမ်းကုန်ပြင်ဆင်နေပါတယ်လမ်းပေါ် ကားပေါ် ရပ်ကွက်ထဲ အိမ်ထဲ(ထမင်းကို တစ်ယောက်တည်းစားပါ မျက်နှာချင်းဆိုင် အတူမစားပါနဲ့) လိုက်နာရမယ့်စည်းကမ်းတွေလိုက်နာပြီး သည်းခံခွင့်လွှတ်ပြီး အစွမ်းကုန်တိုက်ပေးကြပါအရေးအကြီးဆုံးအချိန်ပါအနူးအညွတ်မေတ္တာရပ်ခံပါတယ်နောက်ဆုံးတစ်ကြိမ် အတူတိုက်ရအောင်ဒီတစ်ပတ်ထိန်းနိုင်မှ ရန်ကုန်ကိုထိန်းနိုင်ပါမယ် တစ်နိုင်ငံလုံးကို ထိန်းနိုင်ပါမယ်
(Dr. ဇော်ဝေစိုး 28.9.20)
———————————————
တိုက်ပွဲခေါ်သံ လို့ ခံစားရပါတယ် “နောက်ဆုံး”ဆိုတဲ့ စကားလုံးကို ထပ်ခါတလဲလဲ သုံးသွားပါတယ်ရန်ကုန်ကျရင် တစ်ပြည်လုံးဘာဖြစ်မယ်ဆိုတာ ပြောစရာမလိုတဲ့ ကိစ္စပါအစိုးရ လုပ်သမျှကိုမပိတ်သေးဘူးလား ပိတ်ပါတော့လား ဘာလို့ပိတ်တာလဲ ဘာလို့ကပ်ပြီးပိတ်တာလဲ YBS က ဘာဖြစ် ကိုယ်ပိုင်ကားက ဘာဖြစ် online permit ကဘာဖြစ်…ကန့်လန့်ကိုတိုက်လို့ fb ပေါ်ပွထ တစ်ကိုယ်စီရဲ့အတ္တတွေ တရားကျစရာမြင်ရတယ် ကမ္ဘာမှာ ဘယ်သူမှ မကြုံဖူးတဲ့ ကပ်ဘေးမို့ မမြင်ဖူးခဲ့တဲ့ပိုးမို့ Plan A B C တွေလည်း သိပ်အလုပ်မဖြစ်တာ ကမ္ဘာနဲ့အဝှမ်းမှာအမြင်ပါပဲ… အစိုးရလည်းမီးစင်ကြည့်’က’ အကောင်းဆုံးကြိုးစားပေးနေတာလည်း မြင်ရက်နဲ့…


ကိုယ့်တိုင်းပြည်ရဲ့ resource နဲ့ ကိုယ့်အစိုးရရဲ့အခြေနေလည်းသိရက်နဲ့…အင်းးး ပြောခွင့်ရှိတဲ့ခေတ်မှာ ပြောခွင့်ရနေတာ ကံကောင်းကြပါတယ်လို့
ပြောခွင့်မရှိတဲ့ခေတ်မှာ လူဖြစ်လာခဲ့ဖူးသူတစ်ဦးအနေနဲ့ တွေးမိတယ်ကိုယ့်အတ္တနဲ့ကိုယ် ခုချိန်ထိ ထွက်မကူနိုင်သေးသူတစ်ယောက်ရဲ့ အသွေးထဲ အသားထဲကနေ ရှေ့တန်းတိုက်စစ်မှူးတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို -ဦးညွှတ်ပါတယ် စကားလုံးရှာမရအောင်အထိ-လေးစားပါတယ် ကျွန်​တော်တို့ စကားနားထောင်မယ် ဒီတိုက်ပွဲကို ကျွန်​တော်/ကျွန်မတို့အတူတိုက်ကြမယ်ယုံကြည်တယ် နိုင်ရမယ် အဖိတ်အစင်တွေက်ိုအနည်းဆုံးထိ လျှော့ချရင်း ရန်ကုန်ရေ…အနိုင်တိုက်မယ်နိုင်ရမယ်

Be the first to comment

Leave a Reply

Your email address will not be published.


*