
ထရမ့်ပ်သည် သမ္မတ မဖြစ်မီ ၁၀နှစ်ခန့် ဝင်ငွေခွန်ရှောင်ခဲ့ဟုဆို
နယူးယောက်တိုင်းမ်စ် သတင်းစာက အမေရိကန် သမ္မတ ထရမ့်မ်သည် သူ၏ သမ္မတ သက်တမ်းမတိုင်မီ ၁၅ နှစ်အတွင်းမှ ၁၀နှစ်ခန့်သည် ဝင်ငွေခွန် ရှောင်နေခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထရမ့်ကမူ ယင်း အစီရင်ခံစာကို ငြင်းဆိုထားသည်။
မနေ့က သတင်းစာမှ တစ်ဆင့် ထွက်လာခဲ့သော အချက်အလက်များတွင် နှစ်ပေါင်း နှစ်ဆယ်ကျော် အတွင်း တိုးချဲ့ခဲ့သည့် ထရမ့်ပ်နှင့် သူ၏ စီးပွားရေး ကုမ္ပဏီများနှင့် ပတ်သတ်သော ဝင်ငွေခွန်ဆိုင်ရာ အချက်အလက်များကို ရရှိခဲ့သည်ဟု ဖော်ပြထားသည်။ ထရမ့်သည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဖက်ဒရယ် ၀င်ငွေခွန် ဒေါ်လာ ၇၅၀ ပေးဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သူရာထူးလက်ခံချိန်၌ နောက်ထပ်ဒေါ်လာ ၇၅၀ ပေးဆောင်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။
သတင်းစာက ထရမ့်ပ်သည့် လွန်ခဲ့သော ၁၅ နှစ်အတွင်းမှ ၁၀နှစ်ခန့်တွင် သူ၏ အလုပ်များ အရှုံးပေါ်နေကြောင်း ဖော်ပြခဲ့ကာ ဝင်ငွေခွန် ပေးဆောင်ခြင်း မရှိခဲ့ဟု ရေးသားထားသည်။
ထရမ့်ပ်က အစီရင်ခံစာနှင့် ပတ်သတ်၍ မနေ့က အိမ်ဖြူတော်၌ သတင်းထောက်များကို ပြောကြားရာတွင် ‘သတင်းအတု” သာဖြစ်ဟု ဆိုခဲ့ပြီး အကယ်၍ လူထုသည် အများ ပြည်သူဆိုင်ရာ မှတ်တမ်းများကို ကြည့်ခဲ့ပါက သူ၏ လုပ်ရပ်များကို သိနိုင်လိမ့်မည်ဟု ဆိုသည်။
ထို့ပြင် အာဏာပိုင်များက စစ်ဆေးပြီးလျှင် သူသည် အခွန်အတွက် အချက်အလက်များကို ထုတ်ပြန် လိုကြောင်းပြောကြားခဲ့သည်။
မကြာသေးမီက အမေရိကန်သမ္မတများသည် သူတို့၏ အခွန်အကောက်ဆိုင်ရာ စာရွက်စာတမ်းများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့သည်။ သို့သော် ထရမ့်ပ်သည် ယနေ့အချိန်အထိ သူ၏ စာရင်းကို ထုတ်ပြန်ရန် ငြင်းဆန်ခဲ့သည်။
Leave a Reply