လူဖြစ်ရှုံးတဲ့ လူအမျိုးအစားများ (ဘယ်တော့မှ စိတ်အေးချမ်းသာ နေရမှာမဟုတ်သူများ )

လူအဖြစ်မွေးဖွား အသက်ရှင်လာခဲ့ပေမယ့် စိတ်ထားမမှန်မကန် ရပ်တည်အသက်ရှင် ပြောဆိုနေထိုင်တာကြောင့် လူဖြစ်ရှုံးကြသူများ အမှန်တကယ်ရှိပါတယ် ။ မိမိအတွက်သာမက လူ့ပတ်ဝန်ကျင်အတွက်ပါ အမှိုက်ဖြစ်နေတတ်သူတွေပါ။ ဘယ်လိုလူတွေက လူဖြစ်ရှုံးလဲ ဘယ်လောက်ပူလောင်သူများလဲ ဆိုတာ ကြည့်လိုက်ရအောင် ။

” လူဖြစ်ရှုံးကြသူများ ”

( ၁ ) လူတစ်ယောက်ရဲ့ အကြောင်းကို ကွယ်ရာမှာ အုပ်စုလိုက် အတင်းတုပ်ပြီး အပုပ်ချ အကြောင်းမရှိအကြောင်းရှာ နှိမ့်ချပြောဆို ဆက်ဆံတတ်သူ ၊သူတပါး ပျက်ဆီးရာပျက်််စီးကြောင်း မဟုတ်မမှန် သတင်းလွှင့် ၊ အတင်းအဖျင်း ပြောတတ်သူ( ၂ ) ဘုရားတရားမရှိ ပရဟိတစိတ်ဓာတ်မရှိ မုဒိတာမပွားနိုင်သူ( ၃ ) သူတပါးအပေါ်တွင် အမြဲအနိုင်ယူ အမှီအခိုလိုချင်နေသူ ။ သူတပါး မျက်ရည်စက်လက် အရှုံးကြီး ရှုံးနိမ့်မှုအပေါ်တွင် ဝမ်းသာအားရ အောင်ပွဲခံတတ်သူ( ၄ ) ကိုယ့်လက်အောက် ငယ်သားအပေါ်တွင် ညှာတာမှုမရှိပဲ အမြဲလိုလို အကာအကွယ် မပေးပဲ ကိုယ်လွတ်ရုန်း၍ ကိုယ့်အတွက်သာ ကြည့်တတ်သူ

( ၅ ) နေရာတကာ လူတတ်ကြီး လုပ်၍ မိမိသာလျှင် ပညာတွေပြည့် ဝနေသူ မိမိသာလျှင် အသိဆုံးအတတ်ဆုံးဟု မာန်မာနထောင်လွှား၍ မောက်မာတတ်သူ( ၆ ) မိဘစည်းစိမ် အပေါ်တွင် သာယာ ယစ်မူးနေပြီး ကိုယ်ကိုယ်တိုင် ကိုယ့်အရည်အချင်းနှင့် တစ်ပြားတစ်ချပ်မှ မရှာနိုင်ပဲ အထက်စီးမှ အမြဲနေချင်နေသူ ( ၇ ) ဘဝင်လေဟပ် – ကားပေါ်ရောက်သည်နှင့် လမ်းလျှောက်နေသူများ အကြောင်းမသိသူ ၊ လေယဉ်ပေါ်ရောက် သည်နှင့် မြေကြီးပေါ်က လူတွေ အကြောင်းမသိသူ ၊ ချမ်းသာသွားသည်နှင့် ဆင်းရဲခြင်း ဒုက္ခ များကိုမေ့ သွားပြီးအောက်ခြေ လွတ်သူ

( ၈ ) မြေနိမ့်ရာ လှံစိုက် – သူတစ်ပါ ဒုက္ခရောက်နေရင် လက်ကမ်းမကူညီတဲ့အပြင် အပြစ်တင်ရှုတ်ချ အထက်စီးက အနိုင်ယူ အထင်အမြင်လွဲမှားအောင် လုပ်ဆောင်တတ်သူတွေ( ၉ ) တစ်ခုခုဆိုလျှင် မှန်သည်မှားသည် မစဉ်းစားပဲ “ငါလည်းဆွမ်းကြီးဝင်လောင်းလိုက်မယ် ” လို့ တွေးပြီး လူအများနှင့် ဘက်လိုက်ရောနှောလုပ်ဆောင်တတ်သူ ( ပြင်ပလောက ၊ ဖေ့ဘုတ် နှင့် နေရာအမျိုးမျိုးတွင် အဲလိုလူတွေ ကို တွေ့နိုင်ပါတယ်)( ၁၀ ) ကိုယ်ကိုယ်တိုင်က မည်သည့်အရည်အချင်းမှမရှိပဲ သူတပါး အောင်မြင်မှုအား မုဒိတာမပွားနိုင်သူ မနာလိုမရှူစိမ့်ဖြစ်ပြီး အမြဲဒေါသပွားနေသူ ။

 

စဉ်းစားကြည့်ပါ ဒီလိုလူစားမျိုး ကိုယ်ကိုယ်တိုင်လည်း မဖြစ်ချင်သလို ကိုယ့်လူမှု ဝန်းကျင်မှာတွေ့မြင်ရရင်လည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး ။ ဒါကြောင့် အပြုအမူကို လုပ်နေမိတယ်ဆိုရင် ပြင်ဆင်နိုင်ကြပါစေ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*