ဒီပို့လေးကို ယူထားလိုက် သင့်ချစ် သူ သင့်ဇနီး သင့်ခင်ပွန်း ဘယ်တော့မွ မေဖာက်ပြန်ရဲတော့ဘူး…

Handsome man betrayed women

ဒီပို့လေးကို ယူထားလိုက် သင့်ချစ် သူ သင့်ဇနီး သင့်ခင်ပွန်း ဘယ်တော့မွ မေဖာက်ပြန်ရဲတော့ဘူး…
ဖောက်ပြန်တတ်တဲ့သူကို ပစ်ထားပြီး ကိုယ့်ကိုကိုယ် ပိုလှအောင်နေပါ.. ဒီစာစောင်လေးကို ယောကျာ်း မိန်းမ မည်သူမဆို ဖတ်ပေးပါအထူးသဖြင့် အိမ်ထောင်သည် မိန်းမ များအား အကြံပေးစာအရ ရေးသားထားပါတယ် ။စာရှည်ရင် သည်းခံပြီး ဆုံးအောင်သာ ဖတ်ပေးဖို့ စာရေးပြုစုသူ သိန်းမောင်မောင် မှ အကြံပြု မေတ္တာရပ်ခံပါရစေ… ဖောက်ပြန်တတ်တဲ့ သတင်းတွေချည်း ကြားကြားနေရလို့လေ…

Handsome man betrayed women

ချစ်သူ အိမ်ထောင်ဖက် အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေပြီဆိုရင် အသဲနာပြီ ဒေါသတွေထွက် အပြစ်တွေ အပြန်အလှန်တင် ရန်ဖြစ် အအိပ်ပျက် အစားပျက်ပြီး…ရုပ်ပျက် ဆင်းပျက်နဲ့ သေချင်လောက်အောင် စိတ်ဆင်းရဲ့ ကိုယ်ဆင်းရဲ ဖြစ်ကြရပါတယ်..။

အချို့ဆို ဘဝပျက် အနာဂတ်မေ့တဲ့ထိ ဖြစ်ကြတာ တွေရတယ်။ကျွန်နော်အနေနဲ့ အဲ့ဒီလို့ မဖြစ်ကြစေချင်ပါဘူး။အရေးကြီးတာကတော့ ဖောက်ပြန်ခံရတဲ့အခါ ကိုယ့်အတွက် စိတ်ရောရုပ်ပါ ထိခိုက်မှုနည်းပါးစွာနဲ့ အလှမပျက် ဘဝမပျက်ပဲ့နဲ့ ရှင်သန်နေဖို့ပါပဲ ။သားသမီးတွေ မွေးလိုက်ရတဲ့အခါ သွေတွေအများကြီး ဆုံးရှုံး ခဲ့ရတယ် ကလေးများများယူလေ ရုပ်မြန်မြန်ကျလေ ပါပဲ…

ဒါပေမယ့် မိန်းမတိုင်းရဲ့ မေတ္တာ စိတ်နဲ့ သားသမီးကို သာမက လင်ကိုပါ ကောင်းရာမွန်ရာ အစားသောက်တွေကျွေး ကောင်းမွန်စွာ ဝတ်ဆင်ပေးပြီး ပြုစုရင်း ထိန်းသိမ်းတတ်ကြရပါတယ် ။ဒါကြောင့်လည်း အချို့မိန်းမတွေက အသက်ရလာတာနဲ့အမျှ အသားအရည် တွန့်တာ အစားအသောက်မှာလည်း ခြို့ခြံတာတွေ ကလေးငယ်ငယ်လေးနဲ့ အိမ်မှုကိစ္စတွေစတဲ့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေထက် ပိုခံစားကြရပါတယ် ။

အမျိုးသားတွေကျတော့ အိမ်ထောင်သက်ရလာလေ စိုစိုပြေပြေနဲ့ တင့်တယ်လာကြလေ ပါပဲ။ အမျိုးသားတစ်ယောက် အိမ်ထောင်ကျပြီးမှ အရင်ကထက်ပိုပြီး စိုပြေတင့်တယ်လာတယ် ဆိုရင် သူအမျိုးသမီးရဲ့ ကျေးဇူးကြောင့်ပါ။အမျိုးသမီး တစ်ယောက်ကလည်း အိမ်ထောင်ကျပြီးမှ ပိုလှလာတယ် ပိုတင့်တယ်လာတယ်ဆိုရင် သူ့ အမျိုးသားရဲ့ ကျေးဇူးကြောင်းပါ ။အဲ့ဒီလို ပိုတင့်တယ် လာတဲ့အချိန်မှာ ကိုယ့်ဘ၀ လက်တွဲ့ဖော်ကိုပဲ ငြိးငွေ့သလိုလို စိတ်ကိုပဲ တတ်မက် သလိုလိုနဲ့ ဖြစ်တတ်ကြပါတယ်..။

ဒီနေ့ခေတ်မှာ တော့……အွန်လိုင်းက တွေ့တဲ့သူတိုင်း ပျိုပျို အိုအို မသိ စိတ်သာယာမှု့ရှာရင်း လူချင်းတွေ့ဖို့ ကြိုးစားကြတယ်။အဲ့ဒီအချိန်မှာ ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်တဲ့ သူတွေ ကျေးဇူးတရား မသိတတ်တဲ့ သူတွေ (ကျား/မ)က ဖောက်ပြန်တတ်ကြပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်ပြီ ဆိုတာ ကိုယ့်ရဲ့ လက်တွဲဖော် ကျေးဇူးရှင် အပေါ် သစ္စာ ဖောက်ခြင်းပါပဲ။ ဒီလို သစ္စာ ဖောက်ခံရပြီဆိုရင်….ရင်နာကြေကွဲ ဘာလုပ်သင့်သလဲ ဆိုပြီး နီးစပ်ရာကို အကြံဉာဏ် တောင်းယူလေ့ ရှိကြတယ်။

အချို့ကပြောတယ် သစ္စာ မဲ့တဲ့သူ စိတ်ပြန်လည်လာအောင် ပိုပြီး ဂရုစိုက်ပါတဲ့… အချို့ကပြောကြတယ် ဟိုတစ်ယောက်ကို တွေ့ပြီး တောင်းပံကြည့်ပါလားတဲ့…အချို့ကပြောကြတယ် သားသမီးကို ပိုဂရုစိုက်ပြီး သူတို့ ကိုယ့်ဘက်ပါအောင် လုပ်ခိုင်းပါတဲ့… အဲဒီနည်းလမ်းတွေဟာ ကျွန်နော့် အမြင်မှာတော့ ခံရတဲ့သူအတွက် မတရားလှပါဘူး။

သူက အသစ်နဲ့ ပျော်နေချိန်မှာ ကိုယ်က ကလေးတွေကို ထိန်းပြီး စိတ်ဖိစီးမှုတွေနဲ့ အိမ်အလုပ်တွေနဲ့ စိတ်ဆင်းရဲ ကိုယ်ဆင်းဏဲစွာ ဖြတ်သန်းရမှာလေ…ပြီးတော့..စိတ်ညစ်တိုင်း ဘာသာရေးလုပ်တယ် ဆိုဦးတော့ ကိုယ့်က ၂၄ နာရီလုံး ဘာသာရေးလုပ်ပြီး နေနိုင်သလား နေနိုင်ရင်တော့ အကောင်းဆုံးပေါ့လေ…

ဒါကြောင့် အကြောင်းကြောင်းကြောင့် သစ္စာ ဖောက်ခံနေရပြီလို့ ခံစားမိတာနဲ့ အရင်ဆုံးလုပ်ရမှာက သူ့ကို လိုက်စုံစမ်းဖို့ ရန်လုပ်ဖို့ မလိုပါဘူး။သူ့ကို မျက်ခြေမပျက် လိုက်ပြီး အခဲခတ်နေရတာလည်း မလိုပါဘူး ဟိုတစ်ယောက်ကို သွားတွေ့ပြီး တောင်းပံစရာလည်း မလိုပါဘူး။

ကလေးတွေ မျက်နှာကြည့်ပါ သစ္စာ မဖောက်ပါနဲ့လို့ ကိုယ့်အိမ်ထောင်ဖက်ကို ဒူးထောက် တောင်းပံစရာ မလိုပါဘူး။အဲ့ဒါတွေက ကိုယ့်ကိုယ်ကို ပိုပြီး ထိခိုက် နစ်နာစေပါတယ် ။

Businessman walking into bedroom and finding couple in bed

ပြီးတော့ ဒေါသနဲ့ စိတ်ကို မထိန်းနိုင်ဖြစ်ပြီး သူ့ကိုရန်လုပ်ပြီး ကိုယ့်ကိုယ်ကို ထိခိုက်စေမဲ့ အလုပ်တွေ လုပ်နေမဲ့အစားကဆင့်မြင့်တဲ့ နည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်ပါ…။

ဒါကြောင့် သစ္စာဖောက် ခံရပြီလို့ သိလိုက်တာနဲ့ အရင်ဆုံး သူ့ကို ဂရုစိုက်ခဲ့တာတွေ ပေးဆပ် အနစ်နာခံခဲ့တာတွေ အားလုံးကို လုံး၀ ရပ်ပစ်လိုက်ပါ…။

ပစ်ထားလိုက်ပါ ပစ်ထားခြင်းဆိုတာကလည်း ဥပေက္ခာပြုခြင်း တစ်မျိုးပါပဲ ။သူ့အကြောင်းစဉ်းစားပြီး စိတ်ညစ်နေမဲ့အစား မစဉ်းစားပဲနဲ့ ကိုယ့်ဘဝတိုးတက်ဖို့ကိုပြောင်းပြီး စဉ်းစားလိုက်ပါ…

သူ့ရဲ့ သစ္စာမဲ့မှုကြောင့် ကိုယ့်ရဲ့ စိတ်ရော ရုပ်ပါ အထိအခိုက်ခံနေမဲ့အစား သူကို ပိုဂရုစိုက်ပြီး သူ့ရှေ့မှာ ဒူးထောက်နေမဲ့အစား ကိုယ့်ကိုယ်ကို ပိုချစ်ပြီး ပိုကောင်းလာအောင် ပိုပြီး အရည်ချင်းတွေ တက်လာအောင် လုပ်လိုက်ပါ..။

ဒါကြောင့် သစ္စာဖောက်တဲ့ နွားကို စားကောင်း သောက်ဖွယ်တွေ ချက်ပြုတ်ပေးစရာမလိုပါဘူး ။

သားသမီးတွေနဲ့အတူတူ အစားအသောက် ကောင်းကောင်းစားပါ ၊ Shipping ထွက်ပြီး စိတ်ပျော်အောင် နေပါ…

ခန္ဓာ ကိုယ်ကို ပြန်ထိန်းပါ လှအောင်ပြင်ဆင်ပြီ ဆိုတာနဲ့တင် စိတ်ပိုင်းဆိုင်ရာ တက်ကြွ လန်းဆန်းမှု ဖြစ်စေပါတယ် ။

အစားအသောက်ကို ကောင်းကောင်းစားပါ။(အဝလွန်မည့် အစားသောက်တွေတော့ ရှောင်ပါ ။ ဝတ်စားဆင်ယင်မှု ဂရုတစိုက်ဝတ်ပါ)

ကျန်းမာရေးနဲ့ အသားအရည်ပိုကောင်းအောင် အစားအသောက် ဂရုစိုက်ပါ သူငယ်ချင်းတွေနဲ့ ပိုတွေ့ပြီး ရယ်စရာတွေ ပြောပါ…

အဲ့ဒီလို စိတ်ပိုင်းဆိုင်ရာ ပြန်လည် လန်းဆန်းလာပြီ ဆိုရင်တော့ ကိုယ့်ဘဝရဲ့ အရည်အသွေး တိုးတက်စေမည့် ကိစ္စ တွေ ဆောင်ရွက်ပါ …

သင်တန်းတွေ တက်ချင်ရင်လည်း တက်ပါ …ပညာသင်တယ်ဆိုတာ အရွယ်အကန့်သတ် မရှိပါဘူး။

ကိုယ့်အရည်ချင်း တိုးတက်လာလေ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိပြီး ဘဝမှာ နေလို့ထိုင်လို့ ကောင်းလာလေပါပဲ့….

အဲ့ဒီလိုလုပ်ရင်းနဲ့ တစ်ဖက်ကလည်း ကိုယ့်အလုပ်ထဲ့မှာ အလုပ်ကို ပိုအာရုံစိုက်လို့ အောင်မြင်မှု ရလာရင်လည်း ကိုယ့်ဘဝကို ကျေနပ်ပြီ ဘဝကို နေပျော်လာပါတယ်။

ကိုယ့်ရဲ့ တိုးတက် ဖွဲ့ဖြိုးမှုဟာ သားသမီးတွေ အတွက်ရော ကိုယ့် အတွက်ပါ ခွန်အားရော အင်အားပါ ဖြစ်စေမှာပါ။

သားသမီးတွေကလည်း စိတ်ဓာတ်ကျပြီး ငိုနေမဲ့ အမေမျိုးထက် ထက်ထက်မြတ်မြတ်နဲ့ အရာရာကို တည်ငြိမ်လှပစွာ ရင်ဆိုင် ဖြတ်သန်းမဲ့ အမေမျိုးကို ပိုလိုလား ကြပါတယ်။

ဖောက်ပြန်ခံရပေမဲ့ အရှုံးမပေး ၊ စိတ်ဓာတ်မကျပဲနဲ့ ကိုယ့်ကိုယ်ကို ရော ဘဝကိုပါ အရင်ကထက် ပိုလှအောင် နေပါလို့ ပြောချက်ပါတယ်။

ရုပ်တင်မက စိတ်နဲ့ ဘဝပါ လှအောင် ကြိုးစားပြောင်းလဲဖို့ အကြံပြု တိုက်တွန်းချင်ပါတယ်။

ခုလို ကိုယ့်ကိုယ်ကို ပြောင်းလဲခြင်းဟာ သစ္စာ ဖောက်သူအပေါ် ကလေ့စားချေဖို့ မဟုတ်ပါဘူး ကိုယ်ကလည်း နောက်အသစ်တစ်ယောက်နဲ့ ပျော်ပါးဖို့ မဟုတ်ပါဘူး။

သစ္စာ ဖောက်တဲ့ သူအတွက် စိတ်နဲ့ ရုပ်သာမက အနာဂတ်ကိုပါ အထိခိုက်မခံပဲနဲ့ လှလှပပ ကျော့ကျော့ မော့မော့နဲ့ ဖြတ်သန်း ကြစေချင်ပါတယ်။

ကိုယ့်ဘဝကို လှပအောင် ဖန်တီးဖို့အတွက် ကိုယ့်မှာ တာဝန်အရှိဆုံးပါ ။ ဒါကြောင့် ကိုယ့်ကို တန်းဖိုးထားပြီး ရင်ဆိုင်ပါ။

သစ္စာဖောက်ခံရပေမဲ့ ဘဝကို အရှုံးအပေးဘဲနဲ့ တိုးတက်စွာနဲ့ အောင်မြင်စွာ ဖြတ်သန်း နေစေချင်တာပါ။

ဒီနေရာမှာ ယောကျာ်းရဲ့ ဝင်ငွေကို မှီခိုနေရတဲ့ အမျိုးသမီးတွေ အနေနဲ့လည်း ဖောက်ပြန်နေတဲ့ ခင်ပွန်းကို ငွေကြောင်း သည်းခံပြီး ကြိပ်မှိတ် ပေါင်းနေရမဲ့ အစားကိုယ်ပိုင်ဝင်ငွေ ရရှိအောင် ကြိုးစားသင့်ပါတယ်။

အချို့က ထင်ကြပါတယ် ကိုယ့်ကစွန့်လွတ်လိုက်ရင် ဟိုမယားငယ်က ပိုပျော်မှာပေါ့လို့ ယူဆကြပါတယ် အဲ့ဒီအယူအဆ အမြဲတမ်း မမှန်ပါဘူး။

လူဆိုတာ…လိုက်ရင် ပြေးတတ်တဲ့ သဘာဝရှိပါတယ် ။ ကိုယ်က မလိုပဲနဲ့ နေတဲ့အခါ သူက ကိုယ့်နောက်ကို ပြန်လိုက်လာပါလိမ့်မယ် ။အဲ့ဒီအချိန်ကို လှလှပပ စောင့်ပြီး အောင်မြင်စွာ ဖြတ်သန်းလိုက်ပါ ။

သစ္စာမဲ့သူကို ပေါင်းခြင်း မပေါင်းခြင်းဆိုတာ ကိုယ့်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည် ပါတယ် ။တကယ်လို့ မတူတဲ့ အမြင်များ ရှိခဲ့ရင် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်….။

Be the first to comment

Leave a Reply

Your email address will not be published.


*