အဆုံးထိ ကြည့်နိုင်တဲ့သူကို ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်မယ့် သရဲအိမ်

အဆုံးထိ ကြည့်နိုင်တဲ့သူကို ဒေါ်လာ ၂၀၀၀၀ ချီးမြှင့်မယ့် သရဲအိမ်

Houston မှာရှိတဲ့ သရဲအိမ်ရဲ့ပိုင်ရှင်ဖြစ်သူ Russ ဟာ ဒီသရဲအိမ်ကိုအဆုံးထိသွားနိုင်သူကို ဒေါ်လာ၂သောင်းပေးမယ်လို့ ကြေညာထားပါတယ်။ဒီသရဲအိမ်ထဲကို ဝင်ဖို့အတွက် လိုအပ်ချက်လေးတွေရှိပါသေးတယ်။ အဲ့တာတွေကတော့အသက်၂၁နဲ့ အထက်ရှိရပါမယ်။ ၁၈ကနေ ၂၀အတွင်းဆို အုပ်ထိန်းသူရဲ့ခွင့်ပြုချက်လို့ပါတယ်။

ကိုယ်ခန္ဓာသာမက စိတ်ကျန်းမာရေးပါ ကောင်းမွန်ကြောင်း ဆရာဝန်ထောက်ခံစာ၊ဆေးဝါးအသုံးပြုထားခြင်းမရှိကြောင်း စစ်ဆေးချက်၊
၊ဆေးအာမခံချက် အစရှိတဲ့အရာတွေ ပြသနိုင်ရမှာဖြစ်ပါတယ်။

မက်လုံးပေးထားတဲ့ကြေးကတော့ မက်လောက်စရာပါပဲ။ ဒါပေမဲ့ အဆုံးထိသွားရဲတဲ့သူတော့ တစ်ယောက်မှ မရှိသေးပါဘူး။

အများစုကတော့ ဒါဟာ သာမန်သရဲအိမ်မဟုတ်ဘူး ဒုက္ခတွင်းလို့ မှတ်ချက်ပေးကြပါတယ်။

သရဲအိမ်ကို ဝင်ဖူးတဲ့ Laura Hertz Brothertonကတော့ ဒီသရဲအိမ်ထဲမှာ သရဲယောင်ဆောင်ထားတဲ့ ဝန်ထမ်းတွေမခြောက်ခင် ဘုရားစာသာရွတ်နေခဲ့ပြီး နောက်မှာတော့ ဒဏ်ရာအနာတရတွေကို ကုသဖို့ ဆေးရုံတတ်ခ့ရတယ်လို့ ဆိုပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*