ပိုင်ဆိုင်မှု အရှုပ်အရှင်းကြောင့် အိမ်ပေါ်ကနေ ဆင်းပေးရတော့မယ့် Jackie Chan

ဂျက်ကီချန်း က တော့ တရုတ်နိုင်ငံ ပေကျင်းမှာရှိတဲ့ သူ့ရဲ့ တိုက်ခန်း နှစ်ခု က နေ ဆင်း ပေးရမယ့်အ ေ န အထားနဲ့ ကြုံ နေရပါတယ်။ပိုင်ဆိုင်မှု အရှုပ်အရှင်း ပြဿနာ တွေ ကြောင့် လေလံ တင် ရောင်းချ မှုတွေ ပြုလုပ်သွားမှာပါ။အိမ်ခြံ မြေ ကုမ္ပဏီ နှစ်ခုရဲ့ ဥ ပ ဒေ ရေးရာ ပိုင်ဆိုင်မှု အရှုပ် တော်ပုံ ကြားမှာ ဂျက်ကီချမ်း တစ်ယောက် ကြားညပ် နေတာပါ။ဒီအ ကြောင်းကိုတော့ Fox News မှာ ဖော်ပြထားတာပါ။

ပေကျင်းမြို့ Dongzhimen မှာရှိတဲ့ လူ နေ အိမ် ရာ အ ဆောက် အအုံ တစ် ခုမှာ ဂျက်ကီချန်းက အခန်းနှစ်ခ န်း ဝယ်ခဲ့တာပါ။သူနဲ့ သူ့ မိသားစု ကလည်း အဲ့ဒီမှာ (၂၀၀၇) တည်းက နေ လာခဲ့ ကြတာပါ။ဒါပေမယ့် ဂျက်ကီချန်း ဝယ်လိုက်တဲ့ အိမ်ခြံ မြေ က ဂျက်ကီ ချန်းကို ပိုင်ဆိုင်မှု အ ထောက် အထား တွေကို သေချာ လွှဲ ပြောင်း ပေးဖို့ ပျက်ကွက် ခဲ့ပါတယ်။ဂျက်ကီချန်း က တော့ Yujia ဆိုတဲ့ အိမ်ခြံ မြေ ကုမ္ပဏီ ဆီ က နေ အဲ့ဒီ တုန်းက အ မေရိကန် ဒေါ်လာ (၄.၉)သန်း ပေးပြီး တိုက်ခန်းကို ဝယ်ခဲ့တာပါ။

လက်ရှိမှာတော့ အဲ့ဒီ ကုမ္ပဏီ က တခြား အိမ်ခြံ မြေ ကုမ္ပဏီ တစ်ခု နဲ့ အရှုပ်အရှင်း ကိစ္စ တွေ ဖြစ် နေတာပါ။တရုတ် တရားရုံး က တော့ Yujia ကုမ္ပဏီ ရဲ့ ပိုင်ဆိုင်မှုတွေ ကို သိမ်းပြီး ရောင်းချ ဖို့ အမိန့် ချ ခဲ့ပါတယ်။ Yujia ရဲ့ ပိုင်ဆိုင်မှု စာရင်းထဲမှာ ဂျက်ကီ ချန်းရဲ့ အခန်းတွေ ပါ ပါ နေပါတယ်။ဝယ်ခဲ့တဲ့ အချိန်တုန်းက ပိုင်ဆိုင်မှု လွှဲ ပြောင်းတဲ့ေ နရာမှာ စာရွက် စာတမ်း ပြည့်ပြည့် စုံစုံနဲ့ လွှဲ ပြောင်း မ ပေးခဲ့တာတွေ ကြောင့် ဒီလို ကိစ္စ တွေ ဖြစ် ရတာပါ။ဂျက်ကီ ချန်းရဲ့ ကိုယ်စားလှယ် ကို ဒီကိစ္စ နဲ့ ပတ်သက်ပြီး Fox News က ဆက်သွယ် မေး မြန်း ခဲ့ ပေမယ့် တုံ့ပြန် ပြောဆိုတာ မျိုး မရှိ သေးပါဘူး။

အဲ့ဒီတိုက်ခန်းက တော့ 13,100 စတုရန်း ပေ ကျယ်ဝန်းကာ အိပ်ခန်း ခြောက် ခန်း နဲ့ ဧည့် ခန်း (၃) ခန်း ပါရှိပါတယ်။လက်ရှိ ပေါက် ဈေးနဲ့ ဆိုရင် တော့ အ မေရိကန် ဒေါ်လာ (၁၄.၆) သန်း လောက် တန် နေပါပြီ။လေလံ တင် ရောင်းချ မှု ကိုတော့ အခု လာမယ့် စက်တင်ဘာ (၃၀) မှာပြု လုပ် တော့မှာ ပါ။ကြမ်း ခင်းဈေး အ မေရိကန် ဒေါ်လာ (၁၀.၅)သန်းနဲ့ စပြီး လေလံ တင်မှာပါ။အဲ့ဒီတိုက်ခန်း က တော့ ဂျက်ကီချန်း ရဲ့ သား Jaycee တစ်ယောက် (၂၀၁၄)တုန်းက မူးယစ် မှုနဲ့ အဖမ်းခံခဲ့ရတဲ့ နေရာပါ။

 

source:sm

Be the first to comment

Leave a Reply

Your email address will not be published.


*