ရန်ကုန်မြို.တွင်း သွားလာရန်အတွက် ကားများ Online Register ပြုလုပ်ရတော့မည်ဖြစ်ပြီး Online Register ပြုလုပ်နည်း

ရန်ကုန်မြို.တွင်း သွားလာရန်အတွက် ကားများ Online Register ပြုလုပ်ရတော့မည်ဖြစ်ပြီး Online Register ပြုလုပ်နည်း

ဒီကနေ့ လူမှုကွန်ယက်မှာတော့ ရန်ကုန်မြို.တွင်း မြို.နယ်တစ်ခုကနေ တစ်ခု သွားရောက်နေတဲ့ အိမ်စီးကားများကို အချို.နေရာတွေမှာ စစ်ဆေးပြီး ပြန်လှည့်ခိုင်းတာမျိုးတွေ ရှိနေတယ်လို့ လူမှုကွန်ယက်မှာ ပြောဆိုနေမှုတွေ ရှိလာပါတယ်။

ဒါ့အပြင် Stay Home ကာလအတွင်း တစ်နေရာကနေ တစ်နေရာကို မော်တော်ကားဖြင့် သွားလာရန်အတွက် Online Register ပြုလုပ်ထားရန်လည်း ပြောဆိုမှုများရှိလာပါတယ်။ Online Register ပြုလုပ်ရာမှာတော့ လူတိုင်း ကားတိုင်း သွားလာခွင့် အတွက် ပြုလုပ်နိုင်မှာ မဟုတ်ပဲ အစိုးရက တရားဝင်အပြင်ထွက်ဖို့ လိုအပ်တယ်လို့ သတ်မှတ်ချက်ထုတ်ပြန်ထားတဲ့ လုပ်ငန်းအမျိုးအစားတွေပဲ Online Register ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

QP Pass Registration
Stay at home ကာလမှာ မိမိလုပ်နေတဲ့ လုပ်ငန်းဟာ ပုံထဲ ပြထားတဲ့ list ထဲကအမျိုးအစားတွေနဲ့ အကျုံးဝင်တယ်ဆို၊ တကယ်လည်း အပြင်ထွက်ဖို့ လိုအပ်တယ်ဆို ဝင်လျှောက်လို့ ရပါတယ်။

https://qrpass.sawsawshar.gov.mm/#/login
လျှောက်တဲ့အခါ ကုမ္ပဏီမှတ်ပုံတင် (သို့) စည်ပင်လုပ်ငန်းလိုင်စင်ဓါတ်ပုံပါ တွဲတင်ရပါတယ်။ အချက်အလက်မှန်ကန်ဖို့ကိုတော့ ကိုယ့်ဘက်က တာဝန်ခံပေးရပါမယ်။


ကိုဗစ်ကာလပေမယ့် လုပ်ငန်းလည်ပတ်ဖို့ ဆက်လက် လိုအပ်နေတဲ့ လုပ်ငန်းတွေအတွက် စီမံပေးထားတာပါ။ ဒါဟာ vip လက်မှတ် မဟုတ်သလိုအခွင့်ထူးခံ လူတန်းစားလည်း မဟုတ်ပါဘူး။ ကိုယ့်အလုပ်က ဒီအမျိုးအစားတွေထဲမှာ ပါရင် ရမယ်၊ မပါရင် မရဘူး။ ဒါပါပဲ။

မလိုအပ်ဘဲနဲ့တော့ မလျှောက်ကြပါနဲ့။ တကယ် လိုအပ်တော့မှပဲ လျှောက်ကြစေချင်ပါတယ်။လုပ်ပုံလုပ်နည်းလေး pdf file အနေနဲ့ ရှိတာကို ဓါတ်ပုံ ပြောင်းပြီး တင်ပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*