
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများ၌ လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် အလုပ်သမားဝန်ထမ်းစုစုပေါင်း(၆၈၅,၄၅၉) ဦးခန့်အား တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀) နှုန်းစီဖြင့် နိုင် ငံတော်အစိုးရက ထောက်ပံ့ပေးအပ်မည် ဖြစ်ကြောင်း သ တင်းရရှိသည်။
ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွါးမှုများပြားလျက်ရှိရာ ရောဂါကာကွယ် တားဆီးရေးအတွက် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ ကုမ္ပဏီများအား ယာယီပိတ်သိမ်းထားရာ လူမှုဖူလုံရေးတွင်အကျုံးဝင်မှတ်ပုံတင်ထား ခြင်းမရှိသည့် အလုပ်သမားဝန်ထမ်းများအတွက် နိုင်ငံတော်မှ ငွေကျပ် (၂၀.၅၆၃) ဘီလီယံ အကုန်ကျခံသုံးစွဲကာ ထောက်ပံ့ပေးအပ်သွားမည် ဖြစ် ကြောင်းသိရသည်။ထို့အပြင် လူမှုဖူလှုံရေး ထည့်ဝင်ကြေး ပေးသွင်း ထားသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများအား ၂၀၂၀ခုနှစ် (၆)လပိုင်းအထိ ပေးသွင်းထားပါက လုပ်ခလစာ၏ ၄၀% ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး၊ လူမှုဖူလှုံရေးမပေးထားသည့်အလုပ်သမားများအတွက် နိုင်ငံတော်အစိုးရမှ တစ်ဦးလျှင် ငွေကျပ် (၃၀,၀၀၀)ကျပ်စီ ထောက်ပံ့ပေးအပ်ရန်စီစဉ်လျက်ရှိကြောင်း သိရသည်။
” လူမှုဖူလုံရေး အာမခံစနစ်မှာ အကျုံးဝင်တဲ့သူတွေကို ၂ပတ်ပိတ်ထားတယ်။CMPလုပ်ငန်းတွေပေါ့။ အဲဒါကို လူမှုဖူလုံရေးက ၄၀ ရာခိုင်နှုန်း ထောက်ပံပေးမယ်လို့ သိရတယ်” ဟု ရန်ကုန် တိုင်းဒေသကြီးအလုပ်သမားရေးရာဦးစီးမှူး ရုံးမှ တာဝန်ရှိသူက ပြောသည်။ သို့သော်လည်း လူမှုဖူလုံရေးတွင် မှတ်ပုံတင်ထားခြင်းမရှိသည့် စက်ရုံလုပ်သား ၆ သိန်းကျော်အား တဦးလျှင် ကျပ် ၃ သောင်းနှုန်း အစိုးရက ထောက်ပံ့ပေးမည့် ကိစ္စကို အသေးစိတ် မသိရကြောင်း ၎င်းကဆက်ပြောသည်။
Stay at Home ကာလ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖွင့်လှစ်ခွင့်မပြုထားသောလုပ်ငန်းများမှ ဝန်ထမ်းများ၊ အလုပ်သမားများအတွက် လုပ်ခလစာထောက်ပံ့ပေးနိုင် ရေး ယနေ့(စက်တင်ဘာ ၂၆) တွင် Video Conferencing စနစ်ဖြင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ ဥက္ကဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဌ ဦးဝေဖြိုး၊ဦးသောင်းတင် ၊အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဒေါ်ခိုင်ခိုင်နွယ်၊ ဦးအောင်စိုးသာ၊ ဦးအေးထွန်း၊စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။စက်ရုံ၊အလုပ်ရုံဝန်ထမ်းများအား ထောက်ပံ့ငွေပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့်တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း အသေးစိတ် ဖြေကြားပေးနိုင်ခဲ့ခြင်းမရှိပေ။
Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သည့် ညှိနှိုင်းအ စည်းအဝေးပွဲ၌ ငွေကြေးထောက်ပံ့ရာတွင် လုပ်ခလစာများကို Online Payment ဖြင့်ပေးအပ်မည့်အစီအစဉ်၊ အလုပ်သမားစာရင်းများပြုစုနိုင်ရေး၊ Database တည် ဆောက်နိုင်ရေး၊အလုပ်သမားများ စနစ် တကျ မှတ်ပုံတင်နိုင်ရေးနှင့် အချက်အလက်များတိကျမှန်ကန်မှုရရှိရန် စိ စစ်နိုင်ရေး၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရေးတို့ ဆွေးနွေးခဲ့ကြောင်း UMFCCI မှ ထုတ်ပြန်ထားသည်။
ကျော်သူ
Leave a Reply