နာမည်ကြီးနေတဲ့ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့် ဘယ်လိုထောင်ဖောက်ပြေးခဲ့သလဲ

နှင်းဆီပါတီကကျော်မြင့်ဆိုတာ
****************
ကျနော်က ၁၉၉၆ခုနှစ်၁၀လပိုင်း ၄ ရက်နေ့မှာ လုယက်မှု( ၈ )မှုနဲ့ အဖမ်းခံရပြီးထောင်ဒဏ်(၅၈)နှစ်အပြစ်ပေးခံရသူပါ,,,,,၁၉၉၈ခုနှစ် ထဲမှာ တိုက်ခန်းပေါင်း(၁၅၀)ရှိပြီး တိုက် (၆)တိုက်ရှိတဲ့ အင်းစိန်ထောင် တိုက်မကြီးကို ထောင်မှုးကြီး ဦးစောဇင်မြနဲ့ ထောင်မှုးဦးငွေပေါက အုပ်ချုပ်တဲ့ အချိန်ဖြစ်
ပါတယ်…..

ဦးစောဇင်မြဆိုတာ စစ်တပ်ကနေ အကျဥ်းဦးစီး ဌာနကို ရာထူးနှစ်ဆင့်တိုးနဲ့ အသွင်ပြောင်းလာသူဖြစ်ပြီး…….ထောင်မှုးဦးငွေပေါကတော့ အကစရဲ့ ငယ်မွေးခြံပေါက်ဖြစ်တယ် ထောင်မှုးကြီးဦးစောဇင်မြက ကျနော့်ကို တိုက်ရုံးခန်းမှာ
ခေါ်ထားပါတယ်,,,,,တိုက်ရုံးခန်းမှာ နေရတဲ့ ကျနော်ဟာ တိုက်ဝန်းအတွင်းမှာ လွတ်လပ်စွာ သွားလာခွင့် ရခဲ့တယ်

ဒါကြောင့် ဒီဇတ်လမ်းရေးဖြစ်တာပါ,,,,,,,၁၉၉၈ ခုနှစ်ထဲမှာ အခုနှင်းဆီပါတီရဲ့ ဥက္ကဌဖြစ်သူ ဟဲဟိုးခေါ် ကျော်မြင့်ကို အမှတ် (၁)တိုက်မှာ စတင်တွေ့ခဲ့ပါတယ်,,,,,
ထောင်ရဲ့ ထုံးစံအတိုင်း လူသစ်တယောက်ကို တွေ့တော့ ကျနော်က စပ်စုလိုက်တယ်……..

ကျော်မြင့်ပြောတာကတော့ သူဟာ (ဝ) အဖွဲ့ အစည်းရဲ့ စီးပွါးရေး တာဝန်ခံတယောက်ဖြစ်တဲ့အကြောင်း……အခု ရန်ကုန်မှာ အဖွဲ့အစည်းအတွက် စီးပွါးရေး
လုပ်ရာမှာ ဘဏာ ​ရေး ဝန်ကြီးနဲ့ အဆင်မပြေတဲ့ အတွက်စောက်မြင်ကပ် ပုဒ်မနဲ့ အဖမ်းခံရတာ ဖြစ်ကြောင်း ……ငွေသိန်းပေါင်းများစွာ ဆုံးရှုံးရကြောင်း
သူ့အတွက်များစွာ နစ်နာကြောင်းကျနော့်ကို​ပြောပြသလို,,,,,,

ထောင်ကိုအုပ်ချုပ်နေတဲ့ ထောက်လှမ်းရေးကိုတွေ့ဆုံခွင့်တောင်းပီး တိုက်ရုံးခန်းထဲမှာ ပြောပြနေတာကို ကျနော်ကြားခဲ့တယ်,,,,,ကျနော့်ကိုလည်း သူအဖွဲ့အစည်းထဲ ဝင်မလားလို့မေးမြန်းခဲ့တယ် တိုင်းရင်းသားတယောက်ဖြစ်ပေ မယ့် ကျော်မြင့်ဟာ လည်ဝယ်ပါးနပ်သူ တယောက်လို့ သုံးသပ်မိတယ်,,,,,,

ကျော်မြင့်ဟာထောင်ရောက်ပီး ( ၁ )လခန့်အကြာမှာတော့ စတင်အကွက်ရွေ့ပါတော့တယ် ,,,,,,အကျဥ်းထောင်တိုက်ခန်း သံမန်တလင်းပေါ်မှာ အိပ်စက်ရတဲ့အတွက် အောက်ပိုင်းခြေထောက်တွေ မလှုပ်နိုင်တော့ပါဘူးတဲ့,,,,,,,,

ဒါကြောင့်ကျော်မြင့်ကို ကျနော်တို့က တိုက်ခန်းထဲကနေ ဝိုင်းဝန်းချီမလို့ တိုက်ရုံးခန်းထဲမှာထောင် ဆရာဝန်နဲ့ ပြသခဲ့ကြတယ်,,,,,အောက်ပိုင်းချိပီး မလှုပ်နိုင်ပါဘူးဆိုတဲ့ကျော်မြင့်ကို ထောင်ဆရာဝန်က ကုတင်ပေါ်မှာခြေထောက်ကို အောက်ချလို့ တွဲလောင်းထားပီး,,,,,,,,

တူသေးသေးလေးနဲ့ ဒူးခေါင်းကို ခတ်ဆတ်ဆတ်ခေါက်ပါတယ် အဲဒိလို ဆရာဝန်က တူနဲ့ ခေါက်တဲ့အခါ ကျနော့် စိတ်ထဲမှာ,,,,,,ဒီဆရာဝန် တော်တော်လူစိတ်မရှိတာပဲ ရက်စက်လိုက်တာလို့တွေးမိတယ် အမှန်တော့ ကျော်မြင့်လိမ်နေတာကို သိတဲ့ ဆရာဝန်က ပညါပေးတဲ့အနေနဲ့လုပ်တာပါ……..

ဒူးခေါင်းကို တူနဲ့ဆရာဝန်ကခေါက်တော့ ကျော်မြင့်ဟာမူပျက်နေပါတယ် သူဟာဘာကြောင့် ဒီလိုလိမ်တယ်ဆိုတာ…….၁၉၉၉ခုနှစ် ကျနော်မန္တလေးထောင်ကို ရောက်တော့မှအဖြေသိရတယ်,,,,,,၁၉၉၉ခုနှစ် ၄ လပိုင်း ၆ ရက်နေ့မှာ အင်းစိန် ထောင်ကနေ မန္တလေးထောင်ကို ထောင်ကျအကျဥ်းသား ၄၀ ယောက် ထောင်ပြောင်းရပါတယ်,,,,,,,

နိုင်ငံရေးအကျဥ်းသား ၃၇ ယောက်နဲ့ ရေမျော၂ယောက် ကျနော်နဲ့ ပေါင်း ၄၀ ယောက်ပါ,,,,,မြန်မာနောင်းကအခု သတင်းထောက်ဖြစ်နေတဲ့ ကိုဆွေဝင်းနဲ့ နယူးဝှပ်ဂျါနယ်မှာအခု သတင်းထောက်ဖြစ်နေတဲ့ ချစ်ကိုကို အပါအဝင်,,,,,အခုနိုင်ငံခြားရောက်နေတဲ့ ကိုခွန်စိုင်းတို့ပါပါတယ်တိုက်ထဲမှာ ၅လခန့်နေပီး အမျိုးသားအိပ်ဆောင်အမှတ် (၃)ကို ကျနော်ရောက်ပါတယ်,,,,,,,အဲဒိမှာ ကျော်မြင့် အကြောင်းသိရတာပါကျနော့်ထက်အရင် မန္တလေးထောင်ကို
ထောင်ပြောင်းပါသွားတဲ့ ကျော်မြင့်ဟာ,,,,,,,ငွေနဲ့ပေါက်လို့ ကျမ်းမာရေး အကြောင်းပြကာမန္တလေးထောင်ထဲကနေ အပြင်ဆေးရုံတက်ပါတယ်သူ့ကို လုံခြုံရေး ယူပေးတဲ့ ,,,,,,,,ထောင်မှုး ကိုအေးချမ်းကို ကျွေးမွေးပေးကမ်းလို့အချိုသတ်ပီး အပြင်ကိုလျောက်လည်ခဲ့တယ်စတိုးဆိုင်တခုရောက်တဲ့အခါ……….

ဆိုင်ထဲမှာ လျောက်ပတ်ကြည့်သလိုနဲ့ ဆိုင်နောက်ဖက်အပေါက်ကထွက်လို့ သူ့ကိုလာကြိုသူနဲ့ကားပေါ်တက်လို့အေးဆေးစွာ ထွက်ပြေးလွတ်မြောက်သွားတယ်,,,,,,,,,
ကျော်မြင့်ထွက်ပြေးတဲ့အတွက် တာဝန်ရှိသူ ထောင်မှုး ကိုအေးချမ်းနဲ့ ရဲတပ်ကြပ်ကြီးတယောက်ကတော့ ထောင် (၁၀)နှစ်စီကျသွားတာကို
ကျနော်သိခဲ့တယ်,,,,,,,,

အဲဒိထောင်မှုး ကိုအေးချမ်းကတော့ အခုအချိန်မှာမန္တလေးမှာဘဲ ဘုန်းကြီးဝတ်လျက်ရှိပါတယ်ကျနော်ပြောချင်တာကတော့,,,,,,ထောင်ပြေးတယောက်ကို ဘာကြောင့် မဖမ်းတာပါလဲ ကျော်မြင့်ဟာ ကျနော်တို့ နိုင်ငံကို အကျိုးပြုသူတယောက် မဖြစ်နိုင်ပါဘူး…….ကျော်မြင့်ဟာ အယောင်ပြ ရှေ့ကျားတကောင်
ဖြစ်ပီး နောက်ကွယ်က လက်မဲတွေ ရှိလိမ့်မယ်လို့ ကျနော်မှန်းဆမိတယ်,,,,,,,
အင်းစိန်အောင်စိုး ၂၇ ၉ ၂၀၂၀

Be the first to comment

Leave a Reply

Your email address will not be published.


*