၁၇ နှစ် အရွယ် ညီမက အရမ်းလှနေတာ မနာလို ဖြစ်ပြီး အမ အရင်းဖြစ်သူက ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဖြစ်ရပ်

၁၇ နှစ် အရွယ် ညီမက အရမ်းလှနေတာ မနာလို ဖြစ်ပြီး အမ အရင်းဖြစ်သူက ဓားနဲ့ထိုးသတ်ခဲ့တဲ့ ဖြစ်ရပ်

ယနေ့ ခေတ်မှာ ကြောက်စရာ အကောင်းဆုံး သတ္တဝါဟာ လူလို့ ဆိုလာကြပါတယ်။ ဒီစကားဟာ မှန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ လူတွေက လိုချင်တပ်မက်လာရင် ရက်စက်တတ်ကြသလို၊ မနာလိုဝန်တိုပြန်ရင်လည်း သတ်ဖြတ်တတ်ကြပါတယ်။ အခု ပရိတ်သတ်ကြီးကို တင်ဆက်ပေးမယ့် သတင်းကတော့ ညီမ အရင်းဖြစ်ပြီး အမ က ညီမ ကို ရက်စက်စွာသတ်ဖြတ်ခဲ့တဲ့ သတင်းလေးဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ၂၀၁၆ ခုနှစ်က ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် Elizaveta Dubrovina ဟာ ညီမ အရင်းဖြစ်တဲ့ အသက် ၁၇ အရွယ် Stefannia ကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Stefannia လေးဟာ ချောမောလှပယုံသာမက မော်ဒယ် လည်း လုပ်ခဲ့ပါတယ်။ ဒါကို အမ ဖြစ်သူဟာ မနာလို စိတ်ထားယုံမက သတ်ဖြတ်တဲ့အထိကို မုန်းတီးလာခဲ့ပါတယ်။ အဆိုပါ Stefannia ကို ဓားနဲ့ အချက်ပေါင်း ၁၈၉ ချက် ထိုးသတ်ခဲ့ပါတယ်။ ဒ့ါအပြင် မျက်လုံးကို ဖောက်ခဲ့ပါသေးတယ်။ နားရွက်များလည်း ဖြတ်တောက်ခဲ့ပါတယ်။ ဒီလို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ Stefannia ဟာ နေရာမှာတင်ပဲ ဒဏ်ရာတွေရဲ့ ဝေဒနာကို ခံစားပြီး သေဆုံးခဲ့ရပါတယ်။

ယင်း ပြစ်မှုကို ကျူးလွန်ခဲ့တဲ့ Elizaveta ကို စိတ်ရောဂါဆေးရုံမှာ ဦးစွာ ကုသမှုခံယူပြီး တရားရုံးတင် စစ်ဆေးခဲ့ရပါတယ်။ ဆေရုံမှာ ကုသချိန်ဟာ ကြာမြင့်ခဲ့တာကြောင့် အမှုဖြစ်ပြီး နှစ်များစွာမှ စစ်ဆေး အမိန်ချနိုင်ခဲ့ပါတယ်။ Elizaveta ကို လူမဆန်စွာ သတ်ဖြတ်မှုအတွက် စိန့်ပီတာစဘတ် တရားရုံးက ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့ပါတယ်။ အခုလို ညီမအရင်းတောင်မှ ဒီလို သတ်ဖြတ်ခဲ့ကြတယ်ဆိုတာ တော်တော်ကို လူစိတ်ကင်းမဲ့သွားတဲ့ ဖြစ်ရပ်ပါပဲ။ ဒ့ါကြောင့်လည်း လောကမှာ ကြောက်စရာ အကောင်းဆုံးက လူလို့ ပြောကြတာပေ့ါနော် ပရိတ်သတ်ကြီး ………..။

Zawgyi

၁၇ ႏွစ္ အ႐ြယ္ ညီမက အရမ္းလွေနတာ မနာလို ျဖစ္ၿပီး အမ အရင္းျဖစ္သူက ဓားနဲ႔ထိုးသတ္ခဲ့တဲ့ ျဖစ္ရပ္

ယေန႔ ေခတ္မွာ ေၾကာက္စရာ အေကာင္းဆုံး သတၱဝါဟာ လူလို႔ ဆိုလာၾကပါတယ္။ ဒီစကားဟာ မွန္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ လူေတြက လိုခ်င္တပ္မက္လာရင္ ရက္စက္တတ္ၾကသလို၊ မနာလိုဝန္တိုျပန္ရင္လည္း သတ္ျဖတ္တတ္ၾကပါတယ္။ အခု ပရိတ္သတ္ႀကီးကို တင္ဆက္ေပးမယ့္ သတင္းကေတာ့ ညီမ အရင္းျဖစ္ၿပီး အမ က ညီမ ကို ရက္စက္စြာသတ္ျဖတ္ခဲ့တဲ့ သတင္းေလးျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၂၀၁၆ ခုႏွစ္က ႐ုရွားႏိုင္ငံ စိန႔္ပီတာစဘတ္မွာ ျဖစ္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အ႐ြယ္ Elizaveta Dubrovina ဟာ ညီမ အရင္းျဖစ္တဲ့ အသက္ ၁၇ အ႐ြယ္ Stefannia ကို ရက္စက္စြာ သတ္ျဖတ္ခဲ့တာျဖစ္ပါတယ္။

Stefannia ေလးဟာ ေခ်ာေမာလွပယုံသာမက ေမာ္ဒယ္ လည္း လုပ္ခဲ့ပါတယ္။ ဒါကို အမ ျဖစ္သူဟာ မနာလို စိတ္ထားယုံမက သတ္ျဖတ္တဲ့အထိကို မုန္းတီးလာခဲ့ပါတယ္။ အဆိုပါ Stefannia ကို ဓားနဲ႔ အခ်က္ေပါင္း ၁၈၉ ခ်က္ ထိုးသတ္ခဲ့ပါတယ္။ ဒ့ါအျပင္ မ်က္လုံးကို ေဖာက္ခဲ့ပါေသးတယ္။ နား႐ြက္မ်ားလည္း ျဖတ္ေတာက္ခဲ့ပါတယ္။ ဒီလို ရက္ရက္စက္စက္ သတ္ျဖတ္ျခင္း ခံခဲ့ရတဲ့ Stefannia ဟာ ေနရာမွာတင္ပဲ ဒဏ္ရာေတြရဲ႕ ေဝဒနာကို ခံစားၿပီး ေသဆုံးခဲ့ရပါတယ္။

ယင္း ျပစ္မႈကို က်ဴးလြန္ခဲ့တဲ့ Elizaveta ကို စိတ္ေရာဂါေဆး႐ုံမွာ ဦးစြာ ကုသမႈခံယူၿပီး တရား႐ုံးတင္ စစ္ေဆးခဲ့ရပါတယ္။ ေဆ႐ုံမွာ ကုသခ်ိန္ဟာ ၾကာျမင့္ခဲ့တာေၾကာင့္ အမႈျဖစ္ၿပီး ႏွစ္မ်ားစြာမွ စစ္ေဆး အမိန္ခ်ႏိုင္ခဲ့ပါတယ္။ Elizaveta ကို လူမဆန္စြာ သတ္ျဖတ္မႈအတြက္ စိန႔္ပီတာစဘတ္ တရား႐ုံးက ေထာင္ဒဏ္ ၁၃ ႏွစ္ခ်မွတ္ခဲ့ပါတယ္။ အခုလို ညီမအရင္းေတာင္မွ ဒီလို သတ္ျဖတ္ခဲ့ၾကတယ္ဆိုတာ ေတာ္ေတာ္ကို လူစိတ္ကင္းမဲ့သြားတဲ့ ျဖစ္ရပ္ပါပဲ။ ဒ့ါေၾကာင့္လည္း ေလာကမွာ ေၾကာက္စရာ အေကာင္းဆုံးက လူလို႔ ေျပာၾကတာေပ့ါေနာ္ ပရိတ္သတ္ႀကီး ………..။

Be the first to comment

Leave a Reply

Your email address will not be published.


*