ကိုဗစ် အမြန်စစ်ကိရိယာတွေ သုံးရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်နှင့် ပြောင်းရမယ့် မူဝါဒများ

ကိုဗစ် အမြန်စစ်ကိရိယာတွေ သုံးရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်နှင့် မဖြစ်မနေ ပြောင်းရမယ့် မူဝါဒများ..

ဒီနေ့ ညနေ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်းစုကြည် မိန့်ခွန်းမှာ ကိုဗစ်ရောဂါကို အလျှင်အမြန် စစ်ဆေးနိုင်တဲ့ antigen rapid test kit အခု တစ်သိန်းကို ကိုရီးယားနိုင်ငံကနေ မကြာခင်ရောက်ရှိပြီး စစ်ဆေးနိုင်မယ်လို့ ပြောသွားပါတယ်။

ဒါဟာ ကောင်းမွန်တဲ့ အရွေ့တစ်ခုဖြစ်ပြီး အလွန်ကြိုဆိုရမယ့် အပြောင်းအလဲ တစ်ခုပါပဲ။ Rapid antigen test kit တစ်ခုတန်ဖိုးဟာ ၇၅၀၀ ကျပ်လောက်ကျသင့်ပြီး မှန်ကန်မှုက ၉၅% ကျော်အထိ မှန်ကန်ပါတယ်။ အခုလက်ရှိ မြန်မာပြည်မှာ စစ်နေတာက RT PCR နည်းဖြစ်ပြီး အစိုးရက နှစ်သိန်းကျပ် ကျသင့်တယ်လို့ ဆိုပါတယ်။ မှန်ကန်မှုက ၉၉% လောက်ရှိပါတယ်။

Rapid antigen test kit သုံးနိုင်လာရင် အကောင်းအနေနဲ့ ယခုလက်ရှိဆေးရုံတွေမှာ ပုံနေတဲ့ သံသယလူနာ PUI တွေကို မြန်မြန် အဖြေထုတ်ပြီး ရှင်းထုတ်နိုင်ပါမယ်။ ဆရာဝန် ကျန်းမာရေးဝန်ထမ်း တအိမ်ထဲနေသူတွေ မြန်မြန်သိရတော့ ထိတွေ့မှုနည်းမယ်။ ကူးစက်ဖို့ အခွင့်အလမ်းကျသွားမယ်။ဖြေရှင်းရမယ့် ကိစ္စတစ်ခုကတော့ အများကြီးစစ်ရင် အများကြီးတွေ့မှာ ဖြစ်ပါတယ်။ အဲ့လို အများကြီးတွေ့ရင် အဲ့ဒီလူနာတွေကို ပိုးတွေ့ positive လူနာအဖြစ် တခါထဲ သတ်မှတ်မလား၊ မသတ်မှတ်ဘူးလား။ PCR နဲ့ ထပ် အတည်ပြုအုန်းမလား။ အတည်ပြုရင် PCR က မနိုင်လောက်တော့ပါဘူး။

နောက်တခုက ပိုးတွေ့လူအများကြီးတွေ့ရင် တွေ့သမျှလူ ဆေးရုံတင် ပေါ်လစီပြောင်းမှ အဆင်ပြေလောက်မယ်။ Q လဲ မနိုင်လောက်ဘူး။ home Q ပေးမှ အဆင်ပြေနိုင်မယ်။ ဘာလို့လဲ ဆိုတော့ အများကြီးစစ်ရင် အများကြီးတွေ့လာမှာကိုး။ အခုတစ်သိန်းဆိုတာ တကယ်သုံရင်တော့ ခဏလေးပဲ။Test kit သုံးရင် ဆေးရုံတင်/ဆင်း ပေါ်လစီ၊ Q ပေါ်လစီကတော့ မပြောင်းမဖြစ် ပြောင်းရမှာပါ။ ဒါဟာ ကောင်းသောပြောင်းလဲခြင်းပါ။ ပိုးတွေ့လူနာဦးရေကတော့ တရှိန်ထိုး ထောင်တက်မှာ ဖြစ်တဲ့အတွက် သိပ်မစိုးရိမ်ကြပါနဲ့။ စစ်လို့တွေ့တာပါ။

တခုပဲ။ အစိုးရကပဲ ထိမ်းချုပ်ပြီး သုံးမှာလား။ ဒါမှမဟုတ် မြန်မာ FDA က တရားဝင် ခွင့်ပြုပြီး လွတ်လပ်စွာ ဝယ်ယူ အသုံးပြုခွင့်ပေးမလား။ အဲ့ဒါတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရောင်းချင်တဲ့ ကုပ္ပဏီတွေကတော့ ရှိနေပါတယ်ဘာပဲဖြစ်ဖြစ် antigen test kit သုံးသင့်ကြောင်း ကျွန်တော် အမြဲထောက်ခံခဲ့ပြီး ဒါဟာ ကိုဗစ်အစီအမံရဲ့ ကြီးမားတဲ့ အရွေ့တစ်ခုဖြစ်ပါလိမ့်မယ်။ လွတ်လပ်စွာ ပေးစစ်ခဲ့ရင်ပေါ့။

Dr. Myo Thet Aung

Zawgyi

ကိုဗစ္ အျမန္စစ္ကိရိယာေတြ သုံးရင္ ျဖစ္ေပၚလာမယ့္ အက်ိဳးဆက္ႏွင့္ မျဖစ္မေန ေျပာင္းရမယ့္ မူဝါဒမ်ား..

ဒီေန႔ ညေန ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္းဆန္းစုၾကည္ မိန္႔ခြန္းမွာ ကိုဗစ္ေရာဂါကို အလွ်င္အျမန္ စစ္ေဆးႏိုင္တဲ့ antigen rapid test kit အခု တစ္သိန္းကို ကိုရီးယားႏိုင္ငံကေန မၾကာခင္ေရာက္ရွိၿပီး စစ္ေဆးႏိုင္မယ္လို႔ ေျပာသြားပါတယ္။ဒါဟာ ေကာင္းမြန္တဲ့ အေ႐ြ႕တစ္ခုျဖစ္ၿပီး အလြန္ႀကိဳဆိုရမယ့္ အေျပာင္းအလဲ တစ္ခုပါပဲ။ Rapid antigen test kit တစ္ခုတန္ဖိုးဟာ ၇၅၀၀ က်ပ္ေလာက္က်သင့္ၿပီး မွန္ကန္မႈက ၉၅% ေက်ာ္အထိ မွန္ကန္ပါတယ္။ အခုလက္ရွိ ျမန္မာျပည္မွာ စစ္ေနတာက RT PCR နည္းျဖစ္ၿပီး အစိုးရက ႏွစ္သိန္းက်ပ္ က်သင့္တယ္လို႔ ဆိုပါတယ္။ မွန္ကန္မႈက ၉၉% ေလာက္ရွိပါတယ္။

Rapid antigen test kit သုံးႏိုင္လာရင္ အေကာင္းအေနနဲ႔ ယခုလက္ရွိေဆး႐ုံေတြမွာ ပုံေနတဲ့ သံသယလူနာ PUI ေတြကို ျမန္ျမန္ အေျဖထုတ္ၿပီး ရွင္းထုတ္ႏိုင္ပါမယ္။ ဆရာဝန္ က်န္းမာေရးဝန္ထမ္း တအိမ္ထဲေနသူေတြ ျမန္ျမန္သိရေတာ့ ထိေတြ႕မႈနည္းမယ္။ ကူးစက္ဖို႔ အခြင့္အလမ္းက်သြားမယ္။ေျဖရွင္းရမယ့္ ကိစၥတစ္ခုကေတာ့ အမ်ားႀကီးစစ္ရင္ အမ်ားႀကီးေတြ႕မွာ ျဖစ္ပါတယ္။ အဲ့လို အမ်ားႀကီးေတြ႕ရင္ အဲ့ဒီလူနာေတြကို ပိုးေတြ႕ positive လူနာအျဖစ္ တခါထဲ သတ္မွတ္မလား၊ မသတ္မွတ္ဘူးလား။ PCR နဲ႔ ထပ္ အတည္ျပဳအုန္းမလား။ အတည္ျပဳရင္ PCR က မႏိုင္ေလာက္ေတာ့ပါဘူးေနာက္တခုက ပိုးေတြ႕လူအမ်ားႀကီးေတြ႕ရင္ ေတြ႕သမွ်လူ ေဆး႐ုံတင္ ေပၚလစီေျပာင္းမွ အဆင္ေျပေလာက္မယ္။ Q လဲ မႏိုင္ေလာက္ဘူး။ home Q ေပးမွ အဆင္ေျပႏိုင္မယ္။ ဘာလို႔လဲ ဆိုေတာ့ အမ်ားႀကီးစစ္ရင္ အမ်ားႀကီးေတြ႕လာမွာကိုး။ အခုတစ္သိန္းဆိုတာ တကယ္သုံရင္ေတာ့ ခဏေလးပဲ။Test kit သုံးရင္ ေဆး႐ုံတင္/ဆင္း ေပၚလစီ၊ Q ေပၚလစီကေတာ့ မေျပာင္းမျဖစ္ ေျပာင္းရမွာပါ။ ဒါဟာ ေကာင္းေသာေျပာင္းလဲျခင္းပါ။ ပိုးေတြ႕လူနာဦးေရကေတာ့ တရွိန္ထိုး ေထာင္တက္မွာ ျဖစ္တဲ့အတြက္ သိပ္မစိုးရိမ္ၾကပါနဲ႔။ စစ္လို႔ေတြ႕တာပါ။တခုပဲ။ အစိုးရကပဲ ထိမ္းခ်ဳပ္ၿပီး သုံးမွာလား။ ဒါမွမဟုတ္ ျမန္မာ FDA က တရားဝင္ ခြင့္ျပဳၿပီး လြတ္လပ္စြာ ဝယ္ယူ အသုံးျပဳခြင့္ေပးမလား။ အဲ့ဒါေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ေရာင္းခ်င္တဲ့ ကုပၸဏီေတြကေတာ့ ရွိေနပါတယ္ဘာပဲျဖစ္ျဖစ္ antigen test kit သုံးသင့္ေၾကာင္း ကြၽန္ေတာ္ အၿမဲေထာက္ခံခဲ့ၿပီး ဒါဟာ ကိုဗစ္အစီအမံရဲ႕ ႀကီးမားတဲ့ အေ႐ြ႕တစ္ခုျဖစ္ပါလိမ့္မယ္။ လြတ္လပ္စြာ ေပးစစ္ခဲ့ရင္ေပါ့။

Dr. Myo Thet Aung

 

Be the first to comment

Leave a Reply

Your email address will not be published.


*