ကိုဗစ်လူနာများအတွက် သွေးရည်ကြည် လှူဒါန်းခဲ့တဲ့ အဆိုတော်မျိုးကြီးနဲ့ ဇနီး

အဆိုတော်မျိုးကြီးနဲ့ ဇနီးလုံးလုံးကတော့ ပြီးခဲ့တဲ့ကာလတုန်းက ကိုဗစ် ၁၉ ရောဂါကိုကူးစက်ခံခဲ့ရတာကို အားလုံးက အသိပဲဖြစ်မှာပါ

လက်ရှိမှာတော့ ရောဂါပျောက်ကင်းပြီး သူတို့ရဲ့ သွေးရည်ကြည်ကို ပြန်လည် လှူဒါန်းတာ ၂ကြိမ်တောင်ရှိနေပြီဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အဆိုတော်မျိုးကြီးနဲ့ ဇနီးဖြစ်သူ လုံးလုံးတို့က သူတို့ရဲ့ သွေးကို ကိုဗစ် ၁၉ ကူးစက်ခံရသူတွေကို ပြန်လည်ကုသ ရာ မှာအသုံးပြုဖို့ လှူဒါန်းခဲ့တာဖြစ်ပါတယ်

ကိုဗစ် ၁၉ ရောဂါကူးစက်ခံရပြီး ပျောက်ကင်းလာသူတွေရဲ့ ကိုယ်ခံအားစနစ်မှာ ကိုရိုနာဗိုင်းရပ်ကို တုန့်ပြန်နိုင်စွမ်းရှိတဲ့အတွက်၊ သူတို့ဆီက သွေးရည်ကြည်ကို သုံးပြီး သွေးရည်ကြည်ကုထုံးနဲ့ ယခုဖြစ်ပွားနေတဲ့ ကိုဗစ် ဒုတိယလှိုင်းမှာ ရောဂါခံစားနေရသူတွေ ကို တစ်ဖက်တလမ်းကနေ ကုသကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*