ချစ်သူ လင်မယား စုံတွဲများ ရန်ဖြစ်ခြင်းရဲ့ အကျိုးကျေးဇူး (၁၀) ချက်

အပြုသဘောဆောင်တဲ့ စကးများရန်ဖြစ်ခြင်း တစ်ခုတည်းက သာလျှင် ဘယ် relationship မှာ မဆို ကောင်းတာပါ။ ရက်စက်မှုတွေနဲ့ အခြေအမြစ် မရှိတဲ့ ကိစ္စတွေကြောင့် စကားများတတ်ကြ ပါတယ်။ စကားများရတဲ့ အကြောင်းရင်းကို နှစ်ဦးနှစ်ဖက်လုံးက နားလည်ဖို့ မကြိုးစားရင် အလကားပါပဲ။ သဘောထားကွဲလွဲတာတွေကို ဖြေရှင်းတဲ့အခါ ဒါမှမဟုတ် မျိုသိပ်ထား ခံစားချက်တွေ ပွင့်ထွက်လာတဲ့အခါ စကားများ ရန်ဖြစ်ကြပါတယ်။

Couple sitting on sofa with arms folded, looking angry

1.စကားများရန်ဖြစ်ခြင်းက အငြင်းပွားဖွယ်ကိစ္စတွေနဲ့ အထင်လွဲမှုတွေကို ရှင်းလင်းပေးတယ်။ တစ်နေ့တစ်ခါ စကားများရင် အထင်လွဲမှုတွေ လျော့သွားမလားနော်။ သင်တို့ရဲ့ပြဿာနာတွေကို အော်ဟစ်ပြီး ဖြေရှင်းပါ။ စာရေးပြီး မဖြေရှင်းပါနဲ့။2.စကားများရန်ဖြစ်ခြင်းက သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပိုပြီးခိုင်မြဲအောင် ချည်နှောင်ပေးတယ်။ စကားများခြင်းနဲ့ ကတောက်ကဆဖြစ်ခြင်းရဲ့နောက်ကွယ်မှာ နောက်ထပ် ကတောက်ကဆဖြစ်ခြင်းတွေ ရှိနိုင်သေးတယ်လို့ သင်ထင်ပါသလား။ အဲဒီလိုထင်ရင်တော့ မှားပါတယ်။ သင်တို့ တစ်ခါစကားများပြီးတိုင်း တစ်ခါမှမကြုံဖူးသေးတဲ့ ရင်းနှီးခြင်းမျိုးနဲ့ ပိုပိုရင်းနှီးသွားပါလိမ့်မယ်။ အဲဒီလိုရင်းနှီးခြင်းက နားလည်မှုရဲ့ အခြေခံပါပဲ။

 

3.သဘောထားကွဲလွဲမှုတွေကို လျော့စေတယ်။သင့်ချစ်သူနဲ့ ရန်ဖြစ်ပြီးတဲ့အခါ သဘောထားကွဲလွဲတာတွေ ရှင်းလင်းသွားပြီး နားလည်မှုတွေ တိုးလာပါလိမ့်မယ်။ လမ်းခွဲမယ့်အစား စကားများရန်ဖြစ်လိုက်ပါ။4.ချစ်သူသက်တမ်းကို ပိုကြာစေတယ်။ပြဿနာတွေကို ရန်ဖြစ်ပြီးဖြေရှင်းပေမယ့် မပြတ်တဲ့ စုံတွဲတွေက နှစ်အကြာကြီးမြဲမယ့် စုံတွဲတွေဖြစ်တယ်လို့ သုတေသီအများစုက သက်သေပြခဲ့ပြီးပါပြီ။5.သင်တိုနှစ်ယောက်လုံးရဲ့စိတ်ကို ရှင်းစေတယ်။တစ်ယောက်ကိုတစ်ယောက် ဥပေက္ခာပြုပြီး ရှောင်နေတာထက် နာကြည်းဝမ်းနည်းစရာတွေကို ဖွင့်ထုတ်လိုက်တာ ပိုကောင်းပါတယ်။ ရန်ဖြစ်လိုက်ရုံပါပဲ။

6.သင်တို့နှစ်ယောက်လုံးရဲ့ စိတ်ခံစားမှုတွေ ပိုပြီး နီးစပ်လာလိမ့်မယ်။ဒါကတော့ လွယ်ပါတယ်။ သင့်ဘက်က တစ်ဖက်သက် စဉ်းစားနေတာကို မေ့လိုက်ပါ။ အတူတူနေသွားမယ်လို့ ဆုံးဖြတ်ထားတဲ့သူကို စိတ်ထဲရှိသမျှ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လိုက်ပါ။7.ရင်းနှီးမှာတွေ တိုးစေတယ်။ရန်ဖြစ်ပြီးတဲ့အခါ သင့်ချစ်သူရဲ့ ခံစားချက်၊ သဘောထား၊ အတွေးအခေါ်တွေကို အလိုအလျောက်နားလည်လာပါလိမ့်မယ်။ ရင်းနှီးမှုက သဘောထားကြီးမှုကပဲ စတာပါ။8.သင့်ရဲ့ကိုယ်ပိုင်တွေးခေါ်ဉာဏ်ကို တိုးတက်စေတယ်။စကားများရန်ဖြစ်ရခြင်းက သင့်ရဲ့အားနည်းချက်၊ ကန့်သတ်ချက်၊ အကြောင်းပြချက်တွေနဲ့ မကင်းဘူးဆိုတာ သင်ကိုယ်တိုင်သိပါတယ်။ ဒီအားနည်းချက်၊ ကန့်သတ်ချက်၊ အကြောင်းပြချက်တွေက သင့်ကိုစိတ်ဓာတ်ကျစေတဲ့အတွက် ဘယ်အချိန်မှာ ဘယ်လို ထိန်းချုပ်ရမလဲဆိုတာလည်း သင်သိပါတယ်။ သင့်ချစ်သူရဲ့ အားနည်းချက်ကို ဖြည့်တွေးပေးတာလည်း ပိုကောင်းပါတယ်။

9.တခြားသူတွေအတွက် နေရာမရှိဘူး။ရန်ဖြစ်ပြီး ပိုချစ်လာတဲ့အခါ သင်တို့နှစ်ယောက်ကလွဲလို့ တခြားသူတွေအတွက် နေရာမရှိတော့ပါဘူး။ တတိယလူဆိုတာ သင်တို့နှစ်ယောက်ရဲ့ ယုံကြည်မှုတွေကို အကျိုးယုတ်စေလို့ သူတို့ကို ရှောင်ရပါမယ်။ ကြားဝင်တတ်တဲ့ တတိယလူက ကပ်ဆိုးလိုပါပဲ။10.အပြစ်အနာအဆာမကင်းတဲ့ ဘဝကို ပျော်ပျော်ပဲနေပါ။ဘဝဆိုတာ အပြစ်အနာအဆာ မကင်းပါဘူး။ အချစ်ဆိုတာ ဘဝကိုရှေ့ဆက်ဖို့ အားပေးတဲ့လောင်စာပါပဲ။ ရန်ဖြစ်စကားများတယ်ဆိုတာ သင်တို့နှစ်ယောက်လုံး အပြစ်မကင်းဘူးဆိုတာ ပြတာပါ။ အတူတူဖြေရှင်းရင် ပြေလည်ပါတယ်။

အချစ်ဆိုတာ သံယောဇဉ်တစ်မျိုးပါပဲ။ အချစ်က သိမ်မွေ့တယ်။ ပျော်ရွှင်စေတယ်။ တောက်ပပြီး ကြည်နူးစရာကောင်းတဲ့အချစ်ကို စိတ်ညစ်စရာတွေနဲ့မမှေးမှိန်ပါစေနဲ့။အရာရာမပြည့်စုံတာကိုလည်း စိတ်ဓာတ်မကျပါနဲ့။ပြည့်စုံတယ်ဆိုတာ စိတ်ကူးယဉ်ဆန်ပါတယ် ။ မပြည့်စုံတာက လက်တွေ့ဆန်ပါတယ်။”ငွေက အရာရာပဲ”လို့ လက်တွေ့မှာ ပြောကြပါတယ်။ “အချစ်ကို ငွေနဲ့ဝယ်လို့မရဘူး” လို့ စိတ်ကူးယဉ်ဒဏ္ဍါရီတွေမှာ ပြောကြပါတယ်။ စိတ်ကူးယဉ်မှုနဲ့ လက်တွေ့ကို မညှိနိုင်လို့ ခဏခဏ စကားများရန်ဖြစ်ရတာကို နားလည်သဘောပေါက်ပြီး သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို မဆုံးရှုံးပါစေနဲ့။

“သင့်ရဲ့ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုအတွက် သင်ကိုယ်တိုင်မှာ တာဝန်ရှိပါတယ် ” ။ သင့်ရဲ့မပြည့်စုံမှုကို ရောင့်ရဲတင်းတိမ်ပြီး ဘဝကိုပျော်ပျော်နေပါ။ ပြည့်စုံမှုနောက်ကို မလိုက်ပါနဲ့။ ပြည့်စုံမှုဆိုတာ မပြည့်စုံမှုရဲ့အကျိုးရလဒ်ပါပဲ။

 

 

credit to original writer

Be the first to comment

Leave a Reply

Your email address will not be published.


*