
ရန်ကုန်ဆေးရုံကြီး က ညီငယ် တယောက် ရေးတဲ့ စာ
YGH မှာနေ့စဉ် အနံမရလို့နဲ့တခြားကိုဗစ်လက္ခဏာ တွေနဲ့လူနာ တွေ နေ့စဉ် ၁၀၀-၁၅၀ ရှိတယ်။နေ့တိုင်း PUI လူနာရာကျော်တင်ထားရတော့ ထားစရာကိုနေရာမရှိတော့ပါဘူး ဒါပေမယ့် ကျွန်တော်တို့ ဆေးရုံတာဝန်ရှိသူတွေ ၊ဆရာဝန်တွေ ၊ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မဖြစ်ဖြစ်အောင်ဖန်တီးပေးနေကြပါတယ်။ တာဝန်ယူနေကြတယ်ဆရာ။
မနေ့ညက လူနာတစ်ယောက် သူက PUI ပါ။ ကုတင်လည်း သူရပြီးသားပါ။ တချို့လူနာတွေဆို ကုတင်တောင်မရကြသေးလို့အတင်းစီစဉ်နေရချိန်မှာ သူ့ကို Positive လူနာတွေထားတဲ့ အလုံခန်းရှေ့မှာထားလို့ဆိုပြီးပြသာနာလုပ်ပါတယ်။ နောက်ဆုံး အောက်စီဂျင်ဗူးနဲ့မှန်ကိုရိုက်ခွဲပါတယ်။သူ့ခံစားချက်ကိုနားလည်ပေးနိုင်ပေမယ့် အခုလို ဖြစ်တာမျိုးကတော့ မကောင်းဘူးပေါ့ဆရာရယ်။
ကျွန်တော်တို့ဘာလုပ်ရမလဲဆရာ အဓိကက PUI patients (suspected patients)တွေကို ထားဖို့ YGH Settingအနေနဲ့ အတော် အကြပ်တွေ့နေပါတယ်။ ရန်ကုန်ဆေးရုံကြီးကိုလည်း ပစ်မထားကြပါနဲ့လို့ ကူပြောပေးပါဦး ဆရာရယ်။ ဆရာဝန်တွေ လက်ပန်းကြတာထက် မနိုင်ဝန်တွေ ကြားထဲမှာ မသေသင့်တဲ့ အသက်တွေ မသေကြစေဖို့ အရေးကြီးလို့ပါ။လူနာတွေကိုလည်းတကယ် စာနာမိ ပါတယ်။
ဒါပေမယ့် ဒီအချိန်မှာ အားလုံးဝိုင်းပြီး အခက်အခဲကိုရုန်းကန်ကျော်ဖြတ်နေရချိန်မို့ အပြန်အလှန်နားလည်ကိုယ်ချင်းစာစိတ်လေးတွေထားစေချင်ပါတယ်။ လူနာတွေမှာသူ့မိသားစုတွေရှိနေသလို ကျွန်တော်တို့ ဆရာဝန်တွေ ၊ကျန်းမာရေးဝန်ထမ်းတွေမှာလည်း အိမ်မှာရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ဆုတောင်းနေကြတဲ့ သက်ကြီးရွယ်အိုမိဘတွေ၊ ဇနီးခင်ပွန်းသားသမီးမိသားစုတွေနဲ့သူတွေပါပဲဆရာရယ်။
@YGH မှညီငယ်တစ်ဦး
Leave a Reply