မိန်းကလေးတိုင်း ဝေးဝေးရှောင်သင့်တဲ့ ယောက်ျားအမျိုးအစား(၇)မျိုး

ဘယ်လောက်ပဲ လန်းနေနေ၊မိုက်နေနေ လုံးဝမပတ်သင့်တဲ့ ယောက်ျားတွေရှိ ပါတယ်။ကိုယ့်အနားမှာ ဒီလိုလူမျိုးက မိတ်ဆွေသူငယ်ချင်းအဖြစ်ရှိနေရင် မိတ်ဆွေဆက်ဆံရေးအတိုင်းပဲ ထားပါ။လုံးဝကို ကိုယ့်ဘဝထဲ၊ကိုယ့်နှလုံးသားထဲ အဝင်မခံပါနဲ့။တတ်နိုင်ရင်တော့ အနေနီးပြီး စိတ်ယိမ်းယိုင်တာမျိုး မဖြစ်ရအောင် ရှောင်ပါ။လုံးဝရှောင်သင့်တဲ့ ယောက်ျား အမျိုးအစားတွေက အောက်မှာ ဖော်ပြထားပါတယ်။

(၁)ချစ်သူရှိသူ
ဘယ်လောက်ပဲ လန်းနေနေ၊တော်နေနေ လုံးဝရှောင်သင့်တဲ့ ယောက်ျားအ မျိုး အစား ထဲမှာ ဒီလိုလူမျိုးပါပါတယ်။ချစ်သူရှိနှင့်နေပြီးဖြစ်တဲ့ ယောက်ျားမျိုးဆိုရင် ဘယ်လောက်ပဲ စိတ်ထဲက သဘောကျမိနေနေ လုံးဝရှေ့မတိုးပဲ ရှောင်ပါ။

(၂)အလုပ်မရှိတဲ့သူ
ဒီလိုလူမျိုးကလည်း ရှောင်သင့်တဲ့ အထဲမှာ ပါပါတယ်။ကျောင်းပြီးခါစ အလုပ် ရှာဖွေနေတဲ့ သူမျိုးတွေကို ဆိုလိုချင်တာမဟုတ်ပါဘူး။ကျောင်းပြီးတာ တော်ေ တာ်ကြာတဲ့ အထိ ဘာအလုပ်ကိုမှ မယ်မယ်ရရ မလုပ်ပဲ အိမ်က မိဘ လုပ် စာကို ထိုင်စားနေတဲ့သူမျိုးကို ဆိုလိုချင်တာပါ။အဲ့ဒီလို ယောက်ျားမျိုးဟာ သင့်အတွက် ဘယ်တော့မှ ချစ်သူကောင်း ဘဝလက်တွဲဖော်ကောင်းဖြစ်လာမှာ မဟုတ်ပါဘူး။

(၃)ငွေဖြုန်းတီးသူ
ဒီလိုလူမျိုးကလည်း မပတ်သင့်တဲ့ အထဲမှာ ပါပါတယ်။အားအားရှိ ပါတီတတ်၊ ကလပ်တတ်လိုက်နဲ့ သောက်သောက်စားစား အချိန်ကုန်တတ်တဲ့ သူမျိုးကို ဆိုရင် လုံးဝရှောင်ပါ။ဒီလိုလူမျိုးဟာ ကိုယ့်ဘဝ တိုးတတ်ရာ တိုးတတ်ကြော င်းကို ဘယ်တော့မှ မကြံဆပဲ ဒီအတိုင်းပဲ အချိန်ကုန်နေမယ့် သူမျိုးပါ။

(၄)အချစ်ကို ကစားစရာလောက်ပဲမြင်သူ
မိန်းမတကာနဲ့လှည့်ပတ်တွဲနေပြီး အချစ်ကို ကစားစရာလောက်ပဲ သဘောထား တဲ့ သူမျိုးကိုရှောင်ပါ။ဒီလိုလူမျိုးဟာ ကောင်မလေးတော်တော်များများကို ကျအောင် ပြောတတ်ပါတယ်။သူတို့နဲ့တွေ့ရင် ဝေးဝေးကရှောင်တာအေ ကာင်း ဆုံးပါ။သူ့စိတ်ထဲမှာက အချစ်ကိစ္စဆိုတာ sex ကိစ္စသာသာလောက်ပဲလို့ သဘောထားတတ်သူပါ။

(၅)ယောက်ျားဝါဒကို အရမ်းလက်ကိုင်ထားသူ
ယောက်ျားဝါဒကို အရမ်းလက်ကိုင်ထားတတ်တဲ့ သူမျိုးကိုလည်း တတ်နိုင်သမျေှ ရှာင်ပါ။သူ့အတွက်ကတော့ မိန်းမဆိုတာ မီးဖိုချောင်ဝင်ဖို့၊ကလေးမွေးပေးဖို့ လောက်ပဲ အသုံးဝင်သူလို့ ထင်နေမှာပါ။မီးဖိုချောင်ချက်ရေးပြုတ်ရေးကိစ္စကို ဝင်ကူဖို့ မဆိုထားနဲ့ သင်တစ်ယောက်တည်းကပဲ အကုန်သိမ်းကြုံးလုပ်ရမှာပါ။

(၆)အမေချစ်သား
သူတို့ကတော့ အရမ်းကြီးပြဿနာကြီးတာတော့ မဟုတ်ပေမယ့် နည်းနည်းေ လးတော့ ပြဿနာပေးနိုင်တဲ့ သူတွေပါ။အမေမှအမေဖြစ်နေလွန်းရင်လည်း သင့်အတွက်ထက် သူ့မိဘကိုပဲ အချိန်ပိုပေးနေမယ့်သူမျိုးပါ။သူ့ဘဝအတွက်က သူ့အမေကသာ အရေးကြီးဆုံးပါ။သူ့အမေနဲ့မှ တည့်အောင် ပေါင်းနိုင်မယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိရင်တော့ ဒီလိုလူမျိုးနဲ့ မပတ်သက်တာ အေ ကာင်းဆုံးပါ။

(၇)သဝန်တိုတတ်တတ်သူ
ဒီလိုလူမျိုးကတော့ တကယ့်ပြဿနာပါ။နေရာတစ်ကာမှာ လိုက်ပြီး သဝန်တို တတ်တဲ့ ယောက်ျားမျိုးက လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့ ရင်ဘောင် တန်း အလုပ်လုပ်နေကြရတဲ့ မိန်းကလေးတွေအတွက်တော့ လုံးဝ ရှောင်ပါ။နေရာတ ကာ လိုက်ထိန်းချုပ်ချင်နေတဲ့ သူ့စိတ်က သင်တို့ ကြားမှာ အနှောင့်အယှက် အတားအဆီးပါ။ဘယ်သူနဲ့မပေါင်းနဲ့၊ဘာလိုမျိုးတွေမဝတ်နဲ့ ဆိုတာတွေက ရေရှည်မှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။တခြားရှောင်သင်တဲ့ ယော က်ျား အမျိုးအစားတွေကတော့ အပျင်းထူတတ်သူ၊အတ္တကြီးသူ၊ကိုယ့်အပြစ်ကို မဝန်ခံရဲတဲ့ သူမျိုးတွေကိုလည်း ဝေးဝေးကရှောင်သင့်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*