ကိုဗစ်ကာလဆွမ်းအခက်အခဲဖြစ်နေတဲ့ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းကိုနေ့ဆွမ်းကပ်လှူခဲ့တဲ့ ချစ်သုဝေ

သရုပ်ဆောင်ချစ်သုဝေနဲ့ လင်းလင်းတို့ရဲ့ ခေတ်သစ်ဖောင်ဒေးရှင်းကနေ ကိုဗစ် ၁၉ ကာလ ဆွမ်းခက်ခဲနေတဲ့ ဘုန်းတော်ကြီး ကျောင်း ၂၄ ကျောင်းကို နေ့ဆွမ်းပို့ကာကပ်လှူခဲ့တယ်လို့ ချစ်သုဝေက အသိပေးထားပါတယ်။

ခေတ်သစ်ဖောင်ဒေးရှင်းကတော့ ကိုဗစ် ၁၉ စတင်ဖြစ်စဉ်ကတည်းက ကျန်းမာရေး၊ စားသောက်ရေး အခက်အခဲဖြစ်နေတဲ့ နေရာတွေကို လိုအပ်ရင် လိုအပ်သလို ကူညီပေးနေတာ အားလုံး အသိပဲဖြစ်မှာပါ။လက်ရှိမှာတော့ ဘုန်းတော်ကြီးကျောင်း ၂၄ ကျောင်းမှာ ရှိတဲ့ သံဃာတော်အပါး၂၀၈ ပါးအတွက် နေ့ဆွမ်းတွေကို လိုက်လံ ကပ်လှူနေတဲ့ ပုံရိပ်လေးတွေကို ချစ်သုဝေ ကမျှဝေ ပေးထားတာဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ ဆွမ်းလောင်းအသင်းများရပ်နားထားသလို ဆွမ်းခံထွက်ခြင်း များမပြုလုပ်ကြတဲ့ သံဃာတော်များ အတွက် ဆွမ်းအခက်အခဲဖြစ်ပေါ်နေခဲ့ပါတယ်။ ဒီအခက်အခဲအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှ (၇) က်သားသမီးများနှင့် စုပေါင်း၍ ဒဂုံမြို့နယ်၊ အိမ်တော်ရာတိုက်၊ ဘုန်းတော်ကြီးကျောင်း (၂၄) ကျောင်းရှိ သံဃာတော် (၂၀၈) ပါးအတွက် နေ့ဆွမ်းလှူဖြစ်ခဲ့တယ်။ပြုခဲ့ရသော ကုသိုလ်အစုစုကို (၇) ရက်သားသမီးများထပ်တူရရှိကြပါစေ။ရောဂါကပ်ဆိုးကြီး ကိုလည်း အမြန်ဆုံးကျော်လွှားနိုင်ပါစေ” လို့ ချစ်သုဝေ က ဆိုထားပါတယ်။

 

zaw gyi

သ႐ုပ္ေဆာင္ခ်စ္သုေဝနဲ႔ လင္းလင္းတို႔ရဲ႕ ေခတ္သစ္ေဖာင္ေဒးရွင္းကေန ကိုဗစ္ ၁၉ ကာလ ဆြမ္းခက္ခဲေနတဲ့ ဘုန္းေတာ္ႀကီး ေက်ာင္း ၂၄ ေက်ာင္းကို ေန႔ဆြမ္းပို႔ကာကပ္လႉခဲ့တယ္လို႔ ခ်စ္သုေဝက အသိေပးထားပါတယ္။

ေခတ္သစ္ေဖာင္ေဒးရွင္းကေတာ့ ကိုဗစ္ ၁၉ စတင္ျဖစ္စဥ္ကတည္းက က်န္းမာေရး၊ စားေသာက္ေရး အခက္အခဲျဖစ္ေနတဲ့ ေနရာေတြကို လိုအပ္ရင္ လိုအပ္သလို ကူညီေပးေနတာ အားလုံး အသိပဲျဖစ္မွာပါ။လက္ရွိမွာေတာ့ ဘုန္းေတာ္ႀကီးေက်ာင္း ၂၄ ေက်ာင္းမွာ ရွိတဲ့ သံဃာေတာ္အပါး၂၀၈ ပါးအတြက္ ေန႔ဆြမ္းေတြကို လိုက္လံ ကပ္လႉေနတဲ့ ပုံရိပ္ေလးေတြကို ခ်စ္သုေဝ ကမွ်ေဝ ေပးထားတာျဖစ္ပါတယ္။

ကိုဗစ္ကာလမွာ ဆြမ္းေလာင္းအသင္းမ်ားရပ္နားထားသလို ဆြမ္းခံထြက္ျခင္း မ်ားမျပဳလုပ္ၾကတဲ့ သံဃာေတာ္မ်ား အတြက္ ဆြမ္းအခက္အခဲျဖစ္ေပၚေနခဲ့ပါတယ္။ ဒီအခက္အခဲအတြက္ ေခတ္သစ္ေဖာင္ေဒးရွင္းမွ (၇) က္သားသမီးမ်ားႏွင့္ စုေပါင္း၍ ဒဂုံၿမိဳ႕နယ္၊ အိမ္ေတာ္ရာတိုက္၊ ဘုန္းေတာ္ႀကီးေက်ာင္း (၂၄) ေက်ာင္းရွိ သံဃာေတာ္ (၂၀၈) ပါးအတြက္ ေန႔ဆြမ္းလႉျဖစ္ခဲ့တယ္။ျပဳခဲ့ရေသာ ကုသိုလ္အစုစုကို (၇) ရက္သားသမီးမ်ားထပ္တူရရွိၾကပါေစ။ေရာဂါကပ္ဆိုးႀကီး ကိုလည္း အျမန္ဆုံးေက်ာ္လႊားႏိုင္ပါေစ” လို႔ ခ်စ္သုေဝ က ဆိုထားပါတယ္။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*