ကိုဗစ်လှိုင်းဂယက်မှာ ရန်ကုန်မြို့ကြီးအတွက် အန္တရာယ်ကြီးလွန်းတဲ့ နောက်ထပ် နေရာတစ်ခု

ကိုဗစ်အတွက် ရန်ကုန်မြို.ကြီးထဲက အန္တရာယ်ကြီးလွန်းတဲ့ နေရာ (သို့မဟုတ်) အဆောင်များ

မနေ့က သင်္ဃန်းကျွန်းမြို့နယ်မှာ တိုက်ခန်းကို အဆောင်အနေနဲ့ အခန်းတွေကန့်ပြီးဖွဲ့ထားတဲ့ တအိမ်တည်းမှာတင် ပိုးတွေ့လူနာအတော်များများတွေ့ရတာ စိုးရိမ်စရာ‌အလွန်ကောင်းလှပါတယ်သူတို့တတွေဟာစားသောက်ဆိုင်လုပ်သားတွေပါ နောက်ဆက်တွဲကို စဉ်းစားသာကြည့်ကြပါတော့ လူနာတင်ကားတွေနဲ့ Quarantine ဝင်ဖို့ ဒုတိယအသုတ်လာခေါ်သွားတာကိုလဲတွေ့လိုက်ရပါတယ် ပြောချင်တာက ရန်ကုန်မြို့လည်ခေါင်ကြီးမှာတောင် တိုက်ခန်းကို (၆’ x ၃’) အခန်းသေးသေးလေးတွေ၊ အထပ်သားနဲ့ ဖွဲ့ပြီး အဆောင်ငှားစားနေကြတာကလဲ ဒုနဲ့ဒေးပါပဲ ဒီအဆောင်တွေကစိုးရိမ်စရာအလွန်ကောင်းပါတယ်

 

ကျန်းမာရေးအရ ဘယ်လိုမှ မသင့်တော်သလို အလင်းရောင် လေဝင်လေထွက်လုံးဝ မရှိပါဘူး Covid-19 အင်မတန်ကူးစက်လို့ကောင်းတဲ့ အနေအထားကို တမင်ဖန်တီးထားသလိုဖြစ်နေပါတယ် ပိုးမွေးတဲ့ ဌာနဖြစ်နေပါတယ်

ရန်ကုန်မြို့မှာ ကိုယ်ပိုင်အိမ်ခန်းမရှိလို့ တိုက်ခန်းအဆောင်တွေမှာ ကျောတခင်းစာအတွက်ငရဲခန်းလို ဒုက္ခခံပြီး ငှားရမ်းနေထိုင်ကြရတဲ့သူတွေ အများကြီးရှိနေပါတယ် ဒီပုံထဲကတိုက်ခန်းတခန်းဆို (၆’ x ၃’) အခန်းပေါင်း (၅၀) လောက်ဖွဲ့ထားတာပါ ရန်ကုန်မြို့လယ်ကပါ (အခု အခန်းပြန်ဝယ်တဲ့သူက ဖျက်လိုက်ပါပြီ) ရန်ကုန်မြို့မှာ အလားတူတိုက်ခန်းအဆောင် မြောက်များစွာရှိနေပါတယ်

ဒီ တိုက်ခန်းအဆောင်တွေဟာ စားသောက်ဆိုင် KTV တွေထက် ကူးစက်နိုင်ခြေပိုမြင့်မားပါတယ် စားသောက်ဆိုင် KTV တွေကို အာရုံစိုက်နေချိန်မှာ နောက်တန်းပေါက်နေတဲ့ဟာကွက်ကြီးကို သတိပြုမိစေလိုပါတယ်

မြို့တော်စည်ပင်က တရားဝင်ခွင့်ပြုထားတဲ့ အဆောင်တွေလဲ မဟုတ်သလို စည်ပင်သာယာရဲ့စည်းကမ်းတွေနဲ့လဲ ဘာတခုမှမကိုက်ညီတဲ့ တိုက်ခန်းအဆောင်တွေပါပဲ စင်္ကာပူမှာဖြစ်တဲ့ လူပေါင်းရာထောင်ချီအပြုံလိုက် အပြွတ်လိုက်ကူးစက်မှု (cluster mushrooming )ဆိုတာက အလုပ်သမား အဆောင် (Dorms) တွေက စဖြစ်တာပါ ဆိုင်ရာမြို့နယ်ရပ်ကွက်အလိုက် အထူးဂရုစိုက်စစ်ဆေးကြပ်မတ်ဖို့လိုနေပါပြီ ရန်ကုန်အတွက်စိတ်ပူရပါတယ်


Crd- Original uploader

photos google

Be the first to comment

Leave a Reply

Your email address will not be published.


*