သူမရဲ့ ကိုယ်ပိုင်သီချင်းဖြင့်The Voice Myanmar မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုအပေါ် ပေါက်ကွဲလိုက်တဲ့ ဝိုင်းလေး

ဆိုတော် ဝိုင်းလေးကတော့ ဂီတအနုပညာလမ်းကြောင်းမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေပြီး လက်ရှိမှာလည်း ကိုယ်ပိုင်သီချင်းကောင်းများနဲ့ အောင်မြင်ကျော်ကြားခဲ့သူတယောက် ဖြစ်ပါတယ်။ အိမ်မက်ဆုံရာ အဆိုပြိုင်ပွဲကနေတဆင့် ဂီတလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့ပြီး အခုချိန်မှာတော့ အားပေးတဲ့ ပရိတ်သတ် အခိုင်အမာ ရရှိထားသူပါ။


သူမကတော့ သီချင်းများကို သီဆိုရင်း ကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းကောင်းများကိုလည်း ပိုင်ဆိုင်ထားသူပါ။ လက်ရှိနာမည်ကြီး အဆိုပြိုင်ပွဲ The Voice Myanmar မှ သူမကိုယ်တိုင် ရေးစပ်သီဆိုထားတဲ့ ” လက်ခံပြီးသား ” သီချင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မူရင်းတေးရေး တေးဆိုဖြစ်တဲ့ သူမကို အကြောင်းကြားခြင်း အသိပေးခြင်း မရှိခဲ့တဲ့ အတွက် သူမရဲ့ ဆိုရှယ်မီဒီယာကနေတဆင့် အခုလိုပဲ ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။
ဝိုင်းလေး ပြောခဲ့တာကတော့ ” မနေ့ကည “လက်ခံပြီးသား” သီချင်းကို The Voice Myanmar မှာ သီဆိုလာတာတွေ့ရပါတယ်။ ပြိုင်ပွဲဝင်ပေးတဲ့ မောင်လေးကို တွေ့တော့ကျေးဇူးတင်မိတယ် တဖက်မှာ ကိုယ့်သီချင်းကို ဘယ်သူ့ဆီမှာခွင့်ပြုချက်တောငျးသွားမှန်းမသိပဲ ယူသုံးတာခံစားလိုက်ရတယ်။တော်တော်စိတ်ပျက်သွားတယ် TheVoiceMyanmar မှ ဖုန်းဆက်လာပါတယ် ဝိုင်းလေး က ဂီတအစည်းရုံး အသင်းဝင်မို့လို့ ၂လပိုင်းထဲက ကြိုရိုက်ထားတာမို့လို့ #ဂီတအစည်းရုံး ကို ခွင့်တောင်းပြီးအသိပေးပြီးပါပြီတဲ့

ငွေရေးကြေးရေးက အစီစဉ်ပြီးမြောက်မှ အဆင်ပြေတာမို့ စောင့်ဆိုင်းဖို့ပြောတယ် ဒါက ဖြစ်နေကြမို့မပြောလိုပါ နားလည်ပါသည် (ဘယ်လောက် နဲ့ အသုံးပြု တယျဆိုတာ မသိရပါ, တေးရေးခက သူတို့ #သတျမှတ်ထားတာပဲယူရမှာဖြစ်ပါတယျ , #ကိုယ်ပိုင်အနုပညာကြေးပြောပိုင်ခွင့်တောင်မရလိုက် #မရှိပါ) ဂီတအစည်းရုံး က သိထားတာကြာပြီဆိုတော့ ဖုန်းဆက်အသိမပေးရခြင်းအကြောင်းကို ဖုန်းဆက်ပါတယ်
ဟုတ်ပါတယ် သိထားပါတယ်တဲ့ #တိုက်ရိုက်ဖုန်းဆက်ပြီးအသိပေးရန်စာတင်ထားတဲ့တေးရေးအဆိုတော် မှ အချိန်နဲ့တပြေးညီ report တာဖြစ်တယ် မဟုတ်ရင်တော့ #ကိုယ်တယောက်ထဲအလုပ်ရှိတာမဟုတ်လို့ ပြောနိုင်မှာမဟုတ်ဘူးဆိုတဲ့အေုကာင်း (သဘောက TV Channel တွေက ပိုက်ဆံလွှဲမှ Channel တွေမှာ ပြပြီး ဘူမသိဘမသိနဲ့ ငွေဝင်လာမှ ယူသုံးတယ်နော် သိရမလိုဖြစ်ပါတယ်) အရင်သီချင်းတွေလည်း အဲ့လိုပဲ လုပ်ခဲ့တယ်ပြောပါတယ် #တေးရေးအသုံးပြုချင်ရင်တိုက်ရိုက်ဆက်သွယ်စေလိုတဲ့စာတင်သင့်ကြောင်း ပြောပါတယ်

PS: ကိုယျတွေ #အိပ်မက်ဆုံရာ ပြိုင်တုန်းက တော့ တေးရေးတချို့ ကန့်ကွက်လို့ ပြိုင်ခါနီး တယောက်အလို #အဲ့သီချင်းဆိုလို့မရဘူးတေးရေးပိတ်တယ် ဆိုလို့ #သီချင်းနောတပုဒ်ချက်ခြင်းပြောင်းခဲ့ရတယ်activeဖြစ်သလားမမေးနဲ့🤣 အဲ့တော့ အနှစ်ချုပ်က ??? 😂😂အေး ဘယ်သူမှာမှ အပြစ်မရှိပါဘူး ရေးမိတဲ့ ငါပဲ အပြစ်ရှိပါတယ် 🤣 #တေးရေးတွေကိုတန်ဖိုးထားပါ #လူငယ်တေးရေးတွေကိုနေရာပေးပါ ” ဆိုကာ သူမရဲ့ ခွင့်ပြုချက်မတောင်းခံပဲ အခုလို သီဆိုဖျော်ဖြေမှုအပေါ်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*