“ချစ်သူ စုံတွဲတွေ အတူတူ တစ်နေရာထဲ မှာ ပဲ QUARANTINE ဝင်ဖို့ စီစဉ်ပေးသင့်တယ်လို့ ပြောလာတဲ့ လှနုထွန်း”
ပရိသတ်ကြီးရေ အလှမယ်ဟောင်း လှနုထွန်းကိုတော့ အထူးအထွေမိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ လှနုထွန်းကတော့ ပုရိသပရိသတ်တွေရဲ့ အားပေးမှုတွေကို သူမရဲ့ ပြောတတ်တဲ့ စကားလုံးလေးတွေနဲ့ သိမ်းပိုက်ထားသူ တစ်ယောက်လို့ ဆိုရင်မှားမယ် မထင်ပါ ဘူးနော်.။ သူမလက်ခံထားတဲ့ အကြောင်းအရာတွေကို ချက်ကျ လက်ကျနဲ့ ပြောတတ်တာက လှနုထွန်းရဲ့ အားသာချက်လို့ ပြောရမှာပါ.။
ဒီနေ့ စက်တင်ဘာလ (၂၃)ရက်နေ့မှာလည်း လှနုထွန်းက Quarantine ဝင်ရတဲ့ ချစ်သူတွေအတွက် အနေဝေးတာမျိုး မဖြစ်သွားဖို့ သူမရဲ့ အမြင်လေးတစ်ချို့ကို “Love Quarantine စီစဉ်ပေးပါ.။ ချစ်သူရည်းစားတွေ ချိန်းတွေ့ဖို့တော့ နေရာလေး စီစဉ်ပေးထား သင့်တယ်နော် .။ အပူချိန်တိုင်း ၊ ရေချိုး သတ်မှတ်အင်္ကျီ ဝတ်ပြီးမှ ပိုးသတ်ထားတဲ့အခန်းထဲ ပေးတွေ့ ပေါ့.။ နှစ်ပတ် ကာလ ပေးနေလိုက်လေ.။ Love Quarantine ဝင်နေတယ်ပေါ့.။ ဝါးတီးပါစီစဉ်ပေးလိုက်လေ အဓိဌာန်ဝင်မလား၊ စာအုပ်တူတူဖတ် မလား၊ Yoga လေ့ကျင့်မလား၊ သူတို့ ဘာသာ ဘာလုပ်လုပ်ပေါ့။ အဲ့ဒီအတွက် စရိတ် တစ်ခုသတ်မှတ်ပေါ့။
မဖြစ်ဘူးလေ.။ တွေ့ခွ င့်ရှိမှလေ နို့မို့ အိမ်မှာ ဂဂျောင် ရိုက်ကုန်ရင် ဒုက္ခနော့။ ခိုးတွေ့ရင် လည်း ပိုအန္တရာယ်များတယ်။ We support ♥Q” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ လှနုထွန်းကတော့ သူမရဲ့ အမြင်လေးကို ပွင့်ပွင့်လင်းလင်း ရေးတင်လာခဲ့တာ ပဲဖြစ်ပါ တယ်နော်..။ပရိသတ်ကြီး လည်း လှနုထွန်းရဲ့ အမြင်လေး ကို သဘောတူ ရင် မှတ်ချက်လေးတွေ ရေးခဲ့ပါဦးနော်.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*