
ရန်ကုန်ဆေးရုံကြီး၊ ကိုဗစ်ထိန်းချူပ်ကုသရေးအဆောင်ရဲ့ Slide Door မှန်တံခါးကို လူနာတစ်ယောက်က အောက်ဆီဂျင်အိုးနဲ့ရိုက်ခွဲခဲ့တဲ့ဖြစ်စဉ် ဒီနေ့မနက်(၅)နာရီကျော်မှာဖြစ်ပွားခဲ့ပါတယ်။
“ကျွန်မတို့က ဒီကအငယ်တွေဖြစ်တဲ့အတွက် ဘာမှတော့အများကြီးမပြောနိုင်ပါဘူး။ မနက်ကဖြစ်ခဲ့တာတော့ ဟုတ်ပါတယ်။” လို့ ကိုဗစ်ဌာနက ဖုန်းလက်ခံဖြေကြားသူက O Media ကို ပြောပါတယ်။
ထွက်ပြေးဖို့ကြိုးစားခဲ့တဲ့သူဟာ မင်္ဂလာတောင်ညွန့်မြို့နယ် ဖ.ဆ.ပ.လ ရပ်ကွက်မှာနေထိုင်တဲ့သူလို့ သိရပြီးသူ့ကိုတပ်ဆင်ပေးထားတဲ့ (၂)ပေအရှည်ရှိတဲ့အောက်ဆီဂျင်အိုးနဲ့မှန်တံခါးတွေရိုက်ချိူးခဲ့တာကြောင့် ဆေးရုံလုံခြုံရေးတွေက ဖမ်းဆီးခဲ့ရတယ်လို့ သိရပါတယ်။သူဟာနေမကောင်းဖြစ်နေတဲ့အတွက် ရန်ကုန်ဆေးရုံကြီး ဖျားနာကုသဆောင်ကို စက်တင်ဘာလ(၂၂)ရက်က လာရောက်ပြသခဲ့သူဖြစ်ပြီး သူ့ရဲ့တို့ဖတ်ကိုတော့ စက်တင်ဘာလ(၂၃) ရက်ကယူထားတယ်လို့ သိရပါတယ်။
အခုချိန်မှာတော့ ဆေးရုံရဲ့အဝင်အထွက်တံခါးတွေကို ပလက်စတစ်နဲ့ခေတ္တကာရံထားတယ်လို့ သိရပါတယ်။
Zawgyi
ရန္ကုန္ေဆး႐ုံႀကီး၊ ကိုဗစ္ထိန္းခ်ဴပ္ကုသေရးအေဆာင္ရဲ႕ Slide Door မွန္တံခါးကို လူနာတစ္ေယာက္က ေအာက္ဆီဂ်င္အိုးနဲ႔႐ိုက္ခြဲခဲ့တဲ့ျဖစ္စဥ္ ဒီေန႔မနက္(၅)နာရီေက်ာ္မွာျဖစ္ပြားခဲ့ပါတယ္။
“ကြၽန္မတို႔က ဒီကအငယ္ေတြျဖစ္တဲ့အတြက္ ဘာမွေတာ့အမ်ားႀကီးမေျပာႏိုင္ပါဘူး။ မနက္ကျဖစ္ခဲ့တာေတာ့ ဟုတ္ပါတယ္။” လို႔ ကိုဗစ္ဌာနက ဖုန္းလက္ခံေျဖၾကားသူက O Media ကို ေျပာပါတယ္။
ထြက္ေျပးဖို႔ႀကိဳးစားခဲ့တဲ့သူဟာ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ ဖ.ဆ.ပ.လ ရပ္ကြက္မွာေနထိုင္တဲ့သူလို႔ သိရၿပီးသူ႔ကိုတပ္ဆင္ေပးထားတဲ့ (၂)ေပအရွည္ရွိတဲ့ေအာက္ဆီဂ်င္အိုးနဲ႔မွန္တံခါးေတြ႐ိုက္ခ်ိဴးခဲ့တာေၾကာင့္ ေဆး႐ုံလုံၿခဳံေရးေတြက ဖမ္းဆီးခဲ့ရတယ္လို႔ သိရပါတယ္။သူဟာေနမေကာင္းျဖစ္ေနတဲ့အတြက္ ရန္ကုန္ေဆး႐ုံႀကီး ဖ်ားနာကုသေဆာင္ကို စက္တင္ဘာလ(၂၂)ရက္က လာေရာက္ျပသခဲ့သူျဖစ္ၿပီး သူ႔ရဲ႕တို႔ဖတ္ကိုေတာ့ စက္တင္ဘာလ(၂၃) ရက္ကယူထားတယ္လို႔ သိရပါတယ္။
အခုခ်ိန္မွာေတာ့ ေဆး႐ုံရဲ႕အဝင္အထြက္တံခါးေတြကို ပလက္စတစ္နဲ႔ေခတၱကာရံထားတယ္လို႔ သိရပါတယ္။
Leave a Reply