ဧရာဝတီစင်တာအတွက် (၂၄)နာရီအတွင်း စေတနာ့ဝန်ထမ်းရန် လူပေါင်း(၁၅၀၀)ကျော်လျှောက်ထား

ကိုဗစ် အကြပ်အတည်းကာလမှာ အားတက်တရော ပါဝင်ကူညီ လှူဒါန်းပေးနေတဲ့ ဓရာ၀တီဖောင်းဒေးရှင်းမှ အွန်လိုင်းမှတဆင့် စေတနာ့ ဝန်ထမ်းများခေါ်ဆောင်ခဲ့ရာ လူပေါင်း (၁၅၀၀)ကျော်က ၂၄ နာရီအတွင်း လျှောက်ထားခဲ့ကြောင် အောက်ပါအတိုင်း သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ဧရာဝတီစင်တာအတွက် စေတနာ့ဝန်ထမ်းများကို အွန်လိုင်းမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ရာ (၂၄)နာရီအချိန်အတွင်း စိတ်ပါဝင်စားစွာ လျှောက်ထားသူ (၁၅၀၀)ကျော်အထိ လက်ခံရရှိခဲ့ပါသည်။ လက်ရှိအချိန်တွင် ဧရာဝတီစင်တာ (A) အဆင်ပြေစွာ လည်ပတ်နိုင်ရန်အတွက် စေတနာ့ဝန်ထမ်း (၁၅၀)ကျော်က နေ့မအား ညမနား ကြိုးပမ်းတာဝန် ထမ်းဆောင်လျက်ရှိကြပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်သွားမည့် စင်တာ (B) နှင့် (C) တို့အတွက် စေတနာ့ဝန်ထမ်း လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်နှင့် အလှည့်ကျတာဝန် လွှဲပြောင်းနိုင်ရန်အတွက် ပြင်ပမှ စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်ပါသည်။လျှောက်ထားကြသူများတွင် ဆရာဝန်များ၊ သူနာပြုများ၊ အင်ဂျင်နီယာ၊ နည်းပညာကျွမ်းကျင်သူ အစရှိသည့် လူငယ်လူလတ်ပိုင်းများ ပါဝင်ပြီး အွန်လိုင်းမှတစ်ဆင့် တစ်ဦးချင်း ဆွေးနွေး၍ စိစစ်ရွေးချယ်ဖိတ်ခေါ်က စေတနာ့ဝန်ထမ်းဆင့်ပွား အသိပညာများ ပို့ချပေးသွားမည် ဖြစ်ပါသည်။ ဧရာဝတီစင်တာတွင် စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် တက်ကြွစွာဖြင့် ပါဝင်လျှောက်ထားကြသူများ အားလုံးကို ဧရာဝတီဖောင်ဒေးရှင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

လူသားချင်းစာနာထောက်ထားသောအားဖြင့် စေတနာဝန်ထမ်း လျှောက်ထားသူများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ဘေးကင်းလုံခြုံ ကျန်းမာချမ်းသာကြပါစေလို့ ဆန္ဒပြုလိုက်ပါရစေဗျာ ။

zawgyi

ကိုဗစ္ အၾကပ္အတည္းကာလမွာ အားတက္တေရာ ပါဝင္ကူညီ လႉဒါန္းေပးေနတဲ့ ဓရာ၀တီေဖာင္းေဒးရွင္းမွ အြန္လိုင္းမွတဆင့္ ေစတနာ့ ဝန္ထမ္းမ်ားေခၚေဆာင္ခဲ့ရာ လူေပါင္း (၁၅၀၀)ေက်ာ္က ၂၄ နာရီအတြင္း ေလွ်ာက္ထားခဲ့ေၾကာင္ ေအာက္ပါအတိုင္း သတင္းထုတ္ျပန္လာခဲ့ပါတယ္။

ဧရာဝတီစင္တာအတြက္ ေစတနာ့ဝန္ထမ္းမ်ားကို အြန္လိုင္းမွတစ္ဆင့္ ဖိတ္ေခၚခဲ့ရာ (၂၄)နာရီအခ်ိန္အတြင္း စိတ္ပါဝင္စားစြာ ေလွ်ာက္ထားသူ (၁၅၀၀)ေက်ာ္အထိ လက္ခံရရွိခဲ့ပါသည္။ လက္ရွိအခ်ိန္တြင္ ဧရာဝတီစင္တာ (A) အဆင္ေျပစြာ လည္ပတ္ႏိုင္ရန္အတြက္ ေစတနာ့ဝန္ထမ္း (၁၅၀)ေက်ာ္က ေန႔မအား ညမနား ႀကိဳးပမ္းတာဝန္ ထမ္းေဆာင္လ်က္ရွိၾကၿပီး ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္သြားမည့္ စင္တာ (B) ႏွင့္ (C) တို႔အတြက္ ေစတနာ့ဝန္ထမ္း လိုအပ္ခ်က္ကို ျဖည့္ဆည္းႏိုင္ရန္ႏွင့္ အလွည့္က်တာဝန္ လႊဲေျပာင္းႏိုင္ရန္အတြက္ ျပင္ပမွ စိတ္ပါဝင္စားသူမ်ားကို ဖိတ္ေခၚခဲ့ျခင္း ျဖစ္ပါသည္။ေလွ်ာက္ထားၾကသူမ်ားတြင္ ဆရာဝန္မ်ား၊ သူနာျပဳမ်ား၊ အင္ဂ်င္နီယာ၊ နည္းပညာကြၽမ္းက်င္သူ အစရွိသည့္ လူငယ္လူလတ္ပိုင္းမ်ား ပါဝင္ၿပီး အြန္လိုင္းမွတစ္ဆင့္ တစ္ဦးခ်င္း ေဆြးေႏြး၍ စိစစ္ေ႐ြးခ်ယ္ဖိတ္ေခၚက ေစတနာ့ဝန္ထမ္းဆင့္ပြား အသိပညာမ်ား ပို႔ခ်ေပးသြားမည္ ျဖစ္ပါသည္။ ဧရာဝတီစင္တာတြင္ ေစတနာ့ဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ရန္အတြက္ တက္ႂကြစြာျဖင့္ ပါဝင္ေလွ်ာက္ထားၾကသူမ်ား အားလုံးကို ဧရာဝတီေဖာင္ေဒးရွင္းမွ အထူးပင္ ေက်းဇူးတင္ရွိပါသည္။

လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ ေစတနာဝန္ထမ္း ေလွ်ာက္ထားသူမ်ားအားလုံးလည္း ကိုယ္စိတ္ႏွစ္ျဖာ ေဘးကင္းလုံၿခဳံ က်န္းမာခ်မ္းသာၾကပါေစလို႔ ဆႏၵျပဳလိုက္ပါရေစဗ်ာ ။

 

STM

Be the first to comment

Leave a Reply

Your email address will not be published.


*