ကိုဗစ်ကာလအတွင်း ပြောင်းလဲမည့် City Mart ဆိုင်ခွဲများ၏ ဖွင့်ချိန် ပိတ်ချိန်များ

ရန်ကင်းစင်တာ City Mart Supermarket တွင်တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီးနောက် ထိုစင်တာရှိ City Mart Supermarket၊ City Care နှင့် City Books & Music ဆိုင်ခွဲများအား စက်တင်ဘာလ ၂၀ရက်နေ့မှ စတင်ကာ ခေတ္တယာယီပိတ်ထားမည် ဟု City Mart Holding Co., Ltd မှ သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါလူနာမှာ City Mart မှ COVID-19 တွေ့ရှိသူ ငါးဦးမြောက်လူနာလည်းဖြစ်သည် ။

မြေနီကုန်းရှိ City Mart မှ အရောင်းဝန်ထမ်းတစ်ဦးမှာလည်း (၁၉)ရက်နေ့တွင် ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ထိုဝန်ထမ်းနှင့် အနီးကပ် အလုပ်လုပ်ကိုင်ခဲ့ကြသည့် အခြားဝန်ထမ်း လုပ်ဖော်ကိုင်ဖက်များအားလုံးကိုလည်း ကန့်သတ်စောင့်ကြည့်လျက်ရှိသည် ။ဆိုင်ဖွင့်ရာတွင်လည်း ကြိုတင်ကာကွယ်မှုအနေဖြင့် အထိအတွေ့များသောနေရာများဖြစ်သည့် တံခါးလက်ကိုင်များ၊ လှေကားလက်ရန်းများ ၊ စျေးဝယ်တွန်းလှည်းများနှင့် ခြင်းများ၊ ငွေရှင်းကောင်တာများနှင့် သန်စင်ခန်းများအား ပိုမို ပိုးသတ်ဆေးဖြန်းခြင်းများကို လုပ်ဆောင်လျက်ရှိသည်ဟုလည်းသိရသည်။

စျေးဝယ်သူများ၏ လုံခြုံစိတ်ချရေးအတွက် စျေးဝယ်စင်တာများရှိ City Mart များကို ဆိုင်ဖွင့်ချိန်များ အပြောင်းအလဲ ပြုလုပ်ခဲ့ရာ အချိန်များမှာ အောက်ပါအတိုင်းဖြစ်သည်။မနက် (၁၀) မှ ည (၇) ထိ ဖွင့်မည့် ဆိုင်များ – Junction Square – Juntion Mawtin – Juntion 8 – Junction Zawanaမနက် (၇) မှ ည (၉) ထိ ဖွင့်မည့် ဆိုင်များ- Waizayantar Branch အထက်ပါ ဆိုင်များနှင့် ပိတ်ထားသည့် ရန်ကင်းစင်တာမှလွဲ၍ ကျန်သည့် City Mart ဆိုင်ခွဲများအားလုံး မနက် (၉) မှ ည (၉) ထိ ပုံမှန်အတိုင်း ဖွင့်လှစ်သွားသွားမည် ဖြစ်သည်။

zawgyi

ရန္ကင္းစင္တာ City Mart Supermarket တြင္တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းတစ္ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း အတည္ျပဳခဲ့ၿပီးေနာက္ ထိုစင္တာရွိ City Mart Supermarket၊ City Care ႏွင့္ City Books & Music ဆိုင္ခြဲမ်ားအား စက္တင္ဘာလ ၂၀ရက္ေန႔မွ စတင္ကာ ေခတၱယာယီပိတ္ထားမည္ ဟု City Mart Holding Co., Ltd မွ သတင္းထုတ္ျပန္ခဲ့သည္။ အဆိုပါလူနာမွာ City Mart မွ COVID-19 ေတြ႕ရွိသူ ငါးဦးေျမာက္လူနာလည္းျဖစ္သည္ ။

ေျမနီကုန္းရွိ City Mart မွ အေရာင္းဝန္ထမ္းတစ္ဦးမွာလည္း (၁၉)ရက္ေန႔တြင္ ေရာဂါပိုးေတြ႕ရွိခဲ့သျဖင့္ ထိုဝန္ထမ္းႏွင့္ အနီးကပ္ အလုပ္လုပ္ကိုင္ခဲ့ၾကသည့္ အျခားဝန္ထမ္း လုပ္ေဖာ္ကိုင္ဖက္မ်ားအားလုံးကိုလည္း ကန႔္သတ္ေစာင့္ၾကည့္လ်က္ရွိသည္ ။ဆိုင္ဖြင့္ရာတြင္လည္း ႀကိဳတင္ကာကြယ္မႈအေနျဖင့္ အထိအေတြ႕မ်ားေသာေနရာမ်ားျဖစ္သည့္ တံခါးလက္ကိုင္မ်ား၊ ေလွကားလက္ရန္းမ်ား ၊ ေစ်းဝယ္တြန္းလွည္းမ်ားႏွင့္ ျခင္းမ်ား၊ ေငြရွင္းေကာင္တာမ်ားႏွင့္ သန္စင္ခန္းမ်ားအား ပိုမို ပိုးသတ္ေဆးျဖန္းျခင္းမ်ားကို လုပ္ေဆာင္လ်က္ရွိသည္ဟုလည္းသိရသည္။

ေစ်းဝယ္သူမ်ား၏ လုံၿခဳံစိတ္ခ်ေရးအတြက္ ေစ်းဝယ္စင္တာမ်ားရွိ City Mart မ်ားကို ဆိုင္ဖြင့္ခ်ိန္မ်ား အေျပာင္းအလဲ ျပဳလုပ္ခဲ့ရာ အခ်ိန္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။မနက္ (၁၀) မွ ည (၇) ထိ ဖြင့္မည့္ ဆိုင္မ်ား – Junction Square – Juntion Mawtin – Juntion 8 – Junction Zawanaမနက္ (၇) မွ ည (၉) ထိ ဖြင့္မည့္ ဆိုင္မ်ား- Waizayantar Branch အထက္ပါ ဆိုင္မ်ားႏွင့္ ပိတ္ထားသည့္ ရန္ကင္းစင္တာမွလြဲ၍ က်န္သည့္ City Mart ဆိုင္ခြဲမ်ားအားလုံး မနက္ (၉) မွ ည (၉) ထိ ပုံမွန္အတိုင္း ဖြင့္လွစ္သြားသြားမည္ ျဖစ္သည္။

By Aung Myo Hein

Be the first to comment

Leave a Reply

Your email address will not be published.


*