ပန်းခြံမှာ အမှိုက်စွန့်ပစ်ခဲ့သူတွေကို လိပ်စာနှင့်တကွ အမှိုက်ပြန်ပို့ပေးခဲ့ကြတဲ့ ဝန်ထမ်းများ

လူတွေအတော်များများဟာ အိမ်ထဲမှာသာနေထိုင်ကြရလွန်းလို့ တစ်ခါတစ်လေပန်းခြံသို့သွားပြီး လေကောင်လေသန့်ရှုကာ အပန်းဖြေအနားယူလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း လူအတော်များများက သဘာဝအတိုင်းလှပနေတဲ့ပတ်ဝန်းကျင်ကို ဖျက်ဆီးတတ်ကြပါတယ် ။ အထူးသဖြင့်ကတော့ ကြုံတဲ့နေရာမှာ အမှိုက်စွန့်ပစ်ကြတာပါပဲ ။

ဒီတစ်ခေါက်မှာတော့ ထိုင်းနိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းက နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင် ၊ ပန်းခြံ သို့သွားရောက်လည်ပတ်ကြသူတိုင်း အမှိုက်တွေကိုစည်းမဲ့ကမ်းမဲ့စွန့်ပစ်ကြမယ်ဆိုရင် mail ကနေတစ်ဆင့် အိမ်လိပ်စာအတိုင်း အမှိုက်ကိုနေအိမ်အရောက်ပြန်ပို့ပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။

ထို့အပြင် စည်းမျဉ်းစည်းကမ်းများအရ ပန်းခြံသို့လာရောက်လည်ပတ်သူတိုင်း ကိုယ်ရေးရာဇဝင်များ အသေးစိတ်မှတ်ပုံတင်စာရင်းများ ပေးထားရမှာဖြစ်ပါတယ် ။ အကြောင်းကတော့ အမှိုက်တွေကိုစွန့်ပစ်ထားခဲ့ရင် ခြေရာခံပြီး အမှိုက်ပြန်ပို့ပေးမှာမို့လို့ပါပဲ ။ ထို့အပြင် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနှောက်ယှက်သူများအနေဖြင့် ထောင်ဒဏ် 5နှစ် နှင့် ဒဏ်ကြေးငွေ 500,000 ဘတ်ချမှတ်ခံရနိုင်ကြောင်း ကြေညာခဲ့ပါသေးတယ် ။

 

 

zawgyi

 

လူေတြအေတာ္မ်ားမ်ားဟာ အိမ္ထဲမွာသာေနထိုင္ၾကရလြန္းလို႔ တစ္ခါတစ္ေလပန္းၿခံသို႔သြားၿပီး ေလေကာင္ေလသန႔္ရႈကာ အပန္းေျဖအနားယူေလ့ရွိၾကပါတယ္ ။ သို႔ေပမဲ့လည္း လူအေတာ္မ်ားမ်ားက သဘာဝအတိုင္းလွပေနတဲ့ပတ္ဝန္းက်င္ကို ဖ်က္ဆီးတတ္ၾကပါတယ္ ။ အထူးသျဖင့္ကေတာ့ ႀကဳံတဲ့ေနရာမွာ အမႈိက္စြန႔္ပစ္ၾကတာပါပဲ ။

ဒီတစ္ေခါက္မွာေတာ့ ထိုင္းႏိုင္ငံရဲ႕သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕အစည္းက ႏိုင္ငံရဲ႕သဘာဝပတ္ဝန္းက်င္ ၊ ပန္းၿခံ သို႔သြားေရာက္လည္ပတ္ၾကသူတိုင္း အမႈိက္ေတြကိုစည္းမဲ့ကမ္းမဲ့စြန႔္ပစ္ၾကမယ္ဆိုရင္ mail ကေနတစ္ဆင့္ အိမ္လိပ္စာအတိုင္း အမႈိက္ကိုေနအိမ္အေရာက္ျပန္ပို႔ေပးမွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္ ။

ထို႔အျပင္ စည္းမ်ဥ္းစည္းကမ္းမ်ားအရ ပန္းၿခံသို႔လာေရာက္လည္ပတ္သူတိုင္း ကိုယ္ေရးရာဇဝင္မ်ား အေသးစိတ္မွတ္ပုံတင္စာရင္းမ်ား ေပးထားရမွာျဖစ္ပါတယ္ ။ အေၾကာင္းကေတာ့ အမႈိက္ေတြကိုစြန႔္ပစ္ထားခဲ့ရင္ ေျခရာခံၿပီး အမႈိက္ျပန္ပို႔ေပးမွာမို႔လို႔ပါပဲ ။ ထို႔အျပင္ သဘာဝပတ္ဝန္းက်င္ကို ဖ်က္ဆီးေႏွာက္ယွက္သူမ်ားအေနျဖင့္ ေထာင္ဒဏ္ 5ႏွစ္ ႏွင့္ ဒဏ္ေၾကးေငြ 500,000 ဘတ္ခ်မွတ္ခံရႏိုင္ေၾကာင္း ေၾကညာခဲ့ပါေသးတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*