နားကြပ်အမြဲတပ်သူတွေ သတိထားသင့်တဲ့ ကြောက်စရာကောင်းတဲ့ ဆိုးကျိုး(၇)မျိုး

နည်းပညာက တစ်နေ့ထက် တစ်နေ့ ပို တိုးတက် လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ် ဆိုးတွေရှိနေနိုင်တဲ့ ဇိမ်ခံ ပစ္စည်းတွေ ၊ အသုံးအဆောင်တွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ် ။ Headphone နဲ့ နားကြပ်တွေ ဟာလည်း နောက်ကွယ်က ဆိုးကျိုးတွေကို မသိကြဘဲ ယ နေ့ ခေတ် လူငယ်တွေ အသုံးများတဲ့ နည်းပညာပစ္စည်းတွေ ဖြစ်ပါတယ် ။ နားကြပ်လေးတပ်ပြီး သီချင်းနားထောင် ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာ တွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေ မကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊ သီချင်းနှစ်သက်လို့ စသည်ဖြင့် အ ကြောင်း အမျိုးမျိုးကြောင့် နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။

အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာ တွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။ ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာ အကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေေ ပးနိုင်တယ်ဆိုတာတော့ သတိထားသင့်ပါတယ်။

(၁၁။ အကြားအာရုံ ဆုံးရှုံးခြင်း / အကြားအာရုံပိုင်း နောက်ဆက်တွဲပြဿနာများ

headphones သို့မဟုတ် နားကြပ်ကိုသုံးတဲ့အခါ သင့်ရဲ့နားထဲကို အသံကတိုက်ရိုက် အနီးကပ်ဝင်ရောက်လာတာဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့ အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲထိခိုက်မှုတွ  ဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့ အထိ ဖြစ်စေနိုင်ပါတယ်။headphones နဲ့နားကြပ်တပ်ပြီး နားထောင်လေ့ရှိသူတွေဟာ အကြားအာရုံ ဆုံးရှုံးဖို့ ရာခိုင်နှုန်းများပါတယ်။ 100 decibels ထက်ကျော်တဲ အသံနှုန်းနဲ့၁၅ မိနစ် လောက် နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကို စိတ်ပူရပါတယ်။ ဒါ့ကြောင့် ကိုယ်က ဒီလိုအ လေ့ အကျင့် မျိုးရှိနေသူဖြစ်ရင် ကိုယ့်ရဲ့နားကို နည်းနည်းလောက်အနားပေးပြီး အသံအကျယ်ကြီးဖွင့် နားမ ထောင်ဖို့ သတိပြုပါ။

 (၂)နားပိုးဝင်ခြင်း

သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား။ ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သလား။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တခါတရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါ တည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေ ကတဆင့် တစ်ယောက်နဲ့တစ်ယောက် ကူးစက်ဖို့လွယ်ပါတယ်။ ဒါ့ကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ ပိုးသတ်တာမျိုး၊ ဒါမှမဟုတ်လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး သတိထားသင့်ပါတယ်။

(၃)လေလမ်းကြောင်း ပိတ်စေခြင်း

ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အသံစနစ် ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။ ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေး ရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကိုမူတည်ပြီး ထိခိုက်မှု အနည်းနဲ့ အများ ရှိလာစေနိုင်ပါတယ်။နားထဲကို နားကြပ်ထိုး ထည့် ထားရင်ပဲ လေလမ်းကြောင်း ပိတ်ဆို့စေနိုင်ပါတယ်။ လေအဝင်အထွက်မရှိရင် သိချင်းသံပို နားထောင်ကောင်းတယ် ဆိုပေမယ့် နားပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ခြေများပါတယ်။အများဆုံးဖြစ်ေ လ့ရှိတာက နားကြပ်နဲ့ headphones တွေကို အမြဲ ပုံမှန်သုံးလေ့ရှိတဲ့ သူတွေဟာ နားအူခြင်း၊နားပိုးဝင်ခြင်းနဲ့နားလေးခြင်းတို့ဖြစ်လာတတ်ပါတယ်။

(၄)အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်း

တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့ သူတွေဟာ အကြားအာရုံေ ခတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb ears ဖြစ်ပြီး ရင် ခဏနေတာနဲ့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့ တဲ့အထိ ဖြစ်စေ နိုင်ပါတယ်။

(၅) နားကိုက်ခြင်း

နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ ပြဿနာ ခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့အသံတွေ ကြားနေရတာ ဒါမှမဟုတ် ဟိုး အတွင်းက စူးကနဲ နာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။

(၆) ဦးနှောက်ကို ဆိုးကျိုးသက်ရောက်စေခြင်း

နားကြပ်တွေ၊ headphone တွေဆီက ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက် လှိုင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့ အန္တရာယ်တွေဖြစ်လာစေ နိုင်ပါတယ်။ ဒါပေမယ့် ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ေ ဆးပညာအထောက်အထားတော့ မရှိသေးပါဘူး။ဒါပေမယ့် Bluetooth ၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေပိုအဖြစ်များတာတွေ့ရပါတယ်။နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့ တိုက်ရိုက်ချိတ် ဆက်နေတာဖြစ်ပြီး နည်းနည်းလောက်ပိုးဝင်ရင်တောင် ဦးနှောက်ကို တိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။

(၇)အသက်အန္တရာယ်နီးတဲ့ မတော်တဆမှုတွေ

အခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်း လမ်းသွားလမ်းလာတွေ မတော်တဆြ ဖစ်မှုတွေများလာပါတယ်။ ကားဟွန်းသံမကြား၊ရထားသံ မာကားနိုင်တဲ့သူေ တွဟာ ဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ တခါတရံ နားကြပ်တပ်ထားသူရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့အသက် အန္တရာယ်ဖြစ်ရတာ တွတောင် ရှိ ပါ တယ်။

 

နားကိုမထိခိုက်စေဘဲ နားကြပ်ဆက်သုံးနိုင်ဖို့ ဘယ်လို ဆင်ခြင်မလဲ

နားကြပ်အသုံးပြုခြင်းရဲ့ကျန်းမာရေးအန္တရာယ်တွေကိုသိထားပြီးပြီ ဆိုရင်တော့ စိုးရိမ်နေမှာပါပဲ ။ ဒါပေမယ့် ဒီအတိုင်းတော့ မသုံးတော့ဘဲ လက်မလျော့လိုက်ပါနဲ့။ နားကိုလည်းမထိခိုက်စေဘဲ headphone နဲ့ နားကြပ်တွေကို သုံးနိုင်မယ့် နည်းလမ်းတွေရှိပါသေးတယ်။နားထဲကို ထည့် သွင်း ရ တဲ့ နား ကြပ်သေးသေးလေးတွေကို မသုံးပါနဲ့။ နားအပြင်မှာ တပ်ဆင်ရတဲ့ ဆိုဒ်ပိုကြီးတဲ့ headphone တွေကိုသုံးပါ။ ကိုယ့် နား ကြပ် သို့မဟုတ် headphone ကို တခြားသူတွေနဲ့ မျှဝေမသုံးပါနဲ့။ မငှားပါနဲ့။ နားကြပ်ရဲ့ရော်ဘာ အစွပ်လေးတွေကို တစ်လတစ်ကြိမ်လောက် လဲပေးပါ။နား ကြပ် မှာ အ စွပ် မ ပါ ဘူး ဆို ရင် သန့် စင် ဆေး ရည် နဲ့ ပိုး သတ် ပေး ပါ။ကား၊ ရထား၊ အမြန်ရထားနဲ့သွားရင် ဒါမှမဟုတ် လမ်းလျှောက် သွားရင်း နားကြပ်မတပ်ထားပါနဲ့။နားကြပ်/ headphone တပ်ထားရင် အသံအကျယ်ကြီး မထားပါနဲ့။လူ့အသုံး အဆောင် ပစ္စည်းတွေကြောင့် နေထိုင်သုံးစွဲရ လွယ်ကူစေတယ် ဆိုပေမယ့် အကန့်အသတ်နဲ့ပဲ   အသုံးပြုသင့်ပါတယ်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*