ထူးဆန်းစွာ မှန်နေတဲ့ သင့်ရဲ့ ချက်ပုံစံက ပြောပြနေတဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ

 

လူတွေ တစ်ယောက် နဲ့ တစ်ယောက် မတူညီကြသလိုပဲ ချက်ပုံစံတွေလည်း အမျိုးမျိုး ကွဲပြားကြ ပါ တယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အစိတ် အပိုင်း တွေကနေ တဆင့် သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို သိရှိနိုင်ပြီး ထိုအစိတ်အပိုင်းတွေထဲမှာ ချက်လည်းပါဝင်တယ်။

၁။ Protruding navel (ချက်ပြူး)

ယခုလိုချက် အပြင်ကိုပြူးထွက်နေတဲ့ ချက်ပုံစံကို ပိုင်ဆိုင်ထား သူတွေဟာ အလွန်ခေါင်းမာတဲ့ သဘောထားရှိ သူတွေ ဖြစ်ကြပြီး စိတ်ဓါတ်လည်း အလွန်ကြံ့ခိုင်ကြပါတယ်။ အချစ်ရေးနဲ့ ပတ်သတ်ပြီး အာရုံစိုက်ခံရဖို့ အတွက် ရှာဖွေနေတတ်ပြီး အချစ်ရဲ့စွမ်းအားကို အမွှန်းတင်ဖို့ အသင့်ရှိနေသူတွေပါ။ ဒါပေမယ့် လက်တွဲဖော် အစစ်အမှန်ကို ရှာဖွေဖို့အ တွက်ကတော့ အခြားသူတွေ ထက် ပိုခက်ခဲနိုင်ပါတယ်။

၂။ Large and deep navel (ႀကီးၿပီး နက္တဲ့ခ်က္)

ယခုလို ချက်ပုံစံမျိုး ပိုင်ဆိုင်ထား သူတွေဟာ သဘောထားကြီးပြီး အပေးအကမ် းရက်ရောသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ကိုယ်ပိုင်အတွေ့အကြုံတွေအပေါ် အခြေခံပြီး ကြင်နာတဲ့နှလုံးသား ရှိသူတွေဖြစ်ကြပါတယ်။ သို့သော်လည်း သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့အလိုကျ ကိုယ့်ကိုယ်ကို ပြောင်းလဲမှာမဟုတ်သလို ကိုယ်ပိုင်ဘဝမှာပဲ အသက်ရှင် ရပ်တည်တတ်ကြပါတယ်။

၃။ Small and shallow navel (သေးပြီးတိမ်တဲ့ချက်)

ယခုလိုချက် အမျိုးအစားကို ပိုင်ဆိုင်ထားရင်တော့ ကိုယ့်ရဲ့ခြေလှမ်းတိုင်းကို အရမ်းသတိထားရမယ်လို့ ဆိုလိုပါတယ်။ အဆိုပါချက်ပိုင်ရှင်တွေရဲ့ ပတ်ဝန်းကျင်မှာ သဘောထား အတုအယောင်နဲ့ လူတွေပေါများနေပြီး ကံကောင်းတာတစ်ခုက လူတွေရဲ့စိတ်ကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အရည်အချင် းရှိနေပါတယ်။ အထူးသဖြင့် ကိုယ်နဲ့အရင်းနှီးဆုံး လူတွေကိုပဲ ယုံကြည်တာ အကောင်းဆုံးပါ။

၄။ Downward navel(အောက်ဖက်ရောက်နေတဲ့ချက်)

ယခုလိုချက်ပုံစံကို ပိုင်ဆိုင်ထားရင်တော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းဥစ္စ ာတွေအပေါ် စိတ်ဝင်စားမှုနည်းပြီး အနည်းငယ်ပျင်းတဲ့စရိုက် ရှိကြပါတယ်။ ဒါပေမယ့် သင့်ရဲ့ပျင်းရိမှုကပဲ ဘယ်လို အလုပ်မျိုးကိုမဆို စမတ်ကျကျလုပ်နိုင်ပြီး လွယ်ကူစေတဲ့ နည်းလမ်းတွေကို ရှာဖွေပေးပါလိမ့်မယ်။

၅။ Oval navel shape (ဘဲဥပုံချက်)

ယခုလို ချက်ပိုင်ရှင်တွေဟာ များပြားတဲ့အရာေ တွအပေါ်မှာ အရမ်းကိုအလေးအနက်ထ ားလွန်းသူတွေဖြစ်ကြပြီး လက်တွေမကျတဲ့ အမူအကျင့်တွေကြောင့် စိတ်မချမ်းမသ ာဖြစ်ရတဲ့ အခိုက်အတန့်တွေများပါတယ်။ ဒါပေမယ့် ကောင်းတာ တစ်ခုက အလုပ်အပေါ် စိတ်ရောကိုယ်ပါမြှပ်နှံထားသူတွေ ဖြစ်ကြပြီး အရမ်းကို တက်ကြွသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့်စိတ်တော့ သိပ်မရှည်ကြပါဘူး။

၆။ Wide belly button (ကျယ်ပြန့်သောချက်)

အဆိုပါချက် ပိုင်ရှင်တွေဟာ ဘယ်လိုလူနဲ့ပဲတွေ့ဆုံပါစေ၊ အလွန်သတိထားပြီး ဆက်ဆံတတ်တဲ့ စရိုက်ရှိနေပြီး သူစိမ်းတစ်ယောက်ကိုေ တွ့တဲ့အခါတိုင်း အလွန်အမင်း အကဲခတ် တတ်ကြပါတယ်။ သူတို့နဲ့ အရမ်းရင်းနှီးပြီး စိတ်ချရတဲ့ သူတွေကိုသာ ယုံကြည်တတ်ကြပါတယ်။


source:LifestyleMyanmar

Be the first to comment

Leave a Reply

Your email address will not be published.


*