နိုင်ငံ့ဝန်ထမ်း ၁ သန်းကျော်အတွက် သတင်းကောင်း ( ကျပ်ဘီလီယံ ၅၅၀ ကျော်လျာထားကြောင်း)

နိုင်ငံ့ဝန်ထမ်း ၁ သန်းကျော်အတွက် သတင်းကောင်း ( ကျပ်ဘီလီယံ ၅၅၀ ကျော်လျာထားကြောင်း) နိုင်ငံ့ဝန်ထမ်းများအတွက် နိုင်ငံတော်မှ(အတိုးမဲ့)(၂)လစာကြိုတင်ထုတ်ချေးပေးမည့် အစီအစဉ်အရ ဝန်ထမ်း​ပေါင်း ၁ သန်းကျော်အတွက် ထုတ်ချေးရန် ကျပ်ဘီလီယံ ၅၅၀ ကျော်လျာထားကြောင်း သိရသည်။

တစ်နိုင်ငံလုံး အမြဲထမ်းဝန်ထမ်းစုစုပေါင်း ၁၀၇၇၄၉၃ ဦးအတွက် ၅၅၄.၉၇၃ ဘီလီယံ ကို ဆိုင်းငံ့(၆)လ ၊ပြန်ဆပ်ကာလ (၁)နှစ်သတ်မှတ်ကာ အောက်တိုဘာ (၁)ရက်နေ့တွင် ထုတ်ချေးမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်သူ ဦးဇော်ဌေးက ပြောသည်။
” ဘယ်သူ မချေးဘူး /ချေးတယ်ဆိုတာ အောက်တိုဘာ (၁) ရက် ထုတ်ချေးပြီးမှ သိရမှာပါ” ဟု ၎င်းကပြောသည်။

နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို လစာရဲ့ နှစ်လစာကို ဆိုင်းငံ့ကာလ (၆)လ၊ပြန်ဆပ်ကာလ (၁)နှစ်နဲ့ အတိုးမဲ့ ထုတ်ချေးနိုင်ရေး စာရင်းပြုစုပေးပို့ကြဖို့ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာနက ဩဂုတ်လ (၃၁)ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။နိုင်ငံ့ဝန်ထမ်းများအား အတိုးမဲ့ (၂)လစာကြိုတင်ထုတ်ချေးမည့် အစီအစဉ် နှင့်ပတ်သက်၍ ဘက်ဂျက်ဘယ်​လောက်လျာထားသုံးစွဲမှု၊ ဝန်ကြီးဌာနတစ်ခုစီအလိုက် ချေးငွေရရှိမည့် ဝန်ထမ်းအင်အားအရေအတွက်၊ စီမံထားမှု အခြေအနေများကို အိမ်တော်သတင်းထောက်များဂရုမှမေးမြန်းမှုကိုဦးဇော်ဌေး ယင်းသို့ ပြန်လည် ​​​ဖြေကြားခဲ့ခြင်း ဖြစ် သည်။

 

zawgyi

 

ႏိုင္ငံ့ဝန္ထမ္း ၁ သန္းေက်ာ္အတြက္ သတင္းေကာင္း ( က်ပ္ဘီလီယံ ၅၅၀ ေက်ာ္လ်ာထားေၾကာင္း) ႏိုင္ငံ့ဝန္ထမ္းမ်ားအတြက္ ႏိုင္ငံေတာ္မွ(အတိုးမဲ့)(၂)လစာႀကိဳတင္ထုတ္ေခ်းေပးမည့္ အစီအစဥ္အရ ဝန္ထမ္း​ေပါင္း ၁ သန္းေက်ာ္အတြက္ ထုတ္ေခ်းရန္ က်ပ္ဘီလီယံ ၅၅၀ ေက်ာ္လ်ာထားေၾကာင္း သိရသည္။

တစ္ႏိုင္ငံလုံး အၿမဲထမ္းဝန္ထမ္းစုစုေပါင္း ၁၀၇၇၄၉၃ ဦးအတြက္ ၅၅၄.၉၇၃ ဘီလီယံ ကို ဆိုင္းငံ့(၆)လ ၊ျပန္ဆပ္ကာလ (၁)ႏွစ္သတ္မွတ္ကာ ေအာက္တိုဘာ (၁)ရက္ေန႔တြင္ ထုတ္ေခ်းမည္ျဖစ္ေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္သူ ဦးေဇာ္ေဌးက ေျပာသည္။
” ဘယ္သူ မေခ်းဘူး /ေခ်းတယ္ဆိုတာ ေအာက္တိုဘာ (၁) ရက္ ထုတ္ေခ်းၿပီးမွ သိရမွာပါ” ဟု ၎ကေျပာသည္။

ႏိုင္ငံ့ဝန္ထမ္း(အၿမဲတမ္း)ေတြကို လစာရဲ႕ ႏွစ္လစာကို ဆိုင္းငံ့ကာလ (၆)လ၊ျပန္ဆပ္ကာလ (၁)ႏွစ္နဲ႔ အတိုးမဲ့ ထုတ္ေခ်းႏိုင္ေရး စာရင္းျပဳစုေပးပို႔ၾကဖို႔ စီမံကိန္း၊ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာနက ဩဂုတ္လ (၃၁)ရက္ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့တာပါ။ႏိုင္ငံ့ဝန္ထမ္းမ်ားအား အတိုးမဲ့ (၂)လစာႀကိဳတင္ထုတ္ေခ်းမည့္ အစီအစဥ္ ႏွင့္ပတ္သက္၍ ဘက္ဂ်က္ဘယ္​ေလာက္လ်ာထားသုံးစြဲမႈ၊ ဝန္ႀကီးဌာနတစ္ခုစီအလိုက္ ေခ်းေငြရရွိမည့္ ဝန္ထမ္းအင္အားအေရအတြက္၊ စီမံထားမႈ အေျခအေနမ်ားကို အိမ္ေတာ္သတင္းေထာက္မ်ားဂ႐ုမွေမးျမန္းမႈကိုဦးေဇာ္ေဌး ယင္းသို႔ ျပန္လည္ ​​​ေျဖၾကားခဲ့ျခင္း ျဖစ္ သည္

Be the first to comment

Leave a Reply

Your email address will not be published.


*