စာရင်းကိုင်ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ ပုရိသတို့ အသည်းစွဲ မိုင်ခလီဖာ

စာရင်းကိုင်ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ ပုရိသတို့ အသည်းစွဲ မိုင်ခလီဖာ

လစ်ဘနွန် အမေရိကန်နွယ်ဖွား အပြာမင်းသမီးအဖြစ် အတော်လေးကို နာမည်ကြီးခဲ့တဲ့ မိုင်ခလီဖာဟာဆိုရင် Onlyfans အမည်ရှိ ဗြိတိသျှ Content Subscription လုပ်ငန်းကို စတင်အသုံးပြုနေတာပါ။

သူမဟာ အပြာမင်းသမီးအဖြစ် လုပ်ကိုင်တော့ခြင်း မရှိတော့ပေမယ့် အင်တာနက် မော်ဒယ် ၊ ဆိုရှယ် အင်ဖလူရန်စာ တစ်ယောက်အနေနဲ့ ရပ်တည်နေတုန်းပါ ။ Onlyfans ဝက်ဆိုက်အသုံးပြုခြင်းဖြင့် သူမရဲ. ပရိသတ်တွေနဲ့ တိုက်ရိုက် ထိတွေ့နိုင်ခွင့်ရမယ်လို့ သူမက မျှော်လင့်ထားပါတယ်။

https://www.instagram.com/p/CFQ61SSFIWa/?utm_source=ig_web_copy_link

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက သူမဟာ Onlyfans ဝက်ဆိုက်ကို စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း သူမရဲ. အင်စတာဂရမ်ကနေ ကြေငြာခဲ့တာပါ ။ ကြေငြာဓါတ်ပုံမှာတော့ သူမဟာ ဆူရှီစားရင်းနေရင်း သူမရဲ. Onlyfans စာမျက်နှာကို ကွန်ပျူတာမှာ ဖွင့်ပြထားရင်း “I have a full time job… as an accountant.” ဆိုတဲ့ စာသားကို ရေးတင်ခဲ့တာပါ။

Onlyfans ဟာ လိင်နဲ့ ပတ်သတ်တဲ့ အလုပ်အကိုင် လုပ်ကိုင်ကြသူတွေကြား ရေပန်းစားတဲ့ အခပေး ကြည့်ရှုရတဲ့ ဝက်ဆိုက်ဒ်တစ်ခုဖြစ်ပါတယ်။ ခလီဖာကတော့ သူမအနေနဲ့ ဒီဝက်ဆိုဒ်မှာတော့ လုပ်ငန်းခွင်မှာပါ ကြည့်ရှုလို့ သင့်တော် အဆင်ပြေတဲ့ ပို့စ်တွေကိုပဲ တင်သွားမယ်လို့ ဆိုပါတယ်။

ခလီဖာအနေနဲ့လည်း သူမ အနေနဲ့ ဒီလိုမျိုး ပရိသတ်တွေနဲ့ တိုက်ရိုက် ထိတွေ့ခွင့်ရတဲ့ ပလက်ဖောင်းကို အသုံးပြုရတာကို ရင်ခုန်ကြောင်းနဲ့ အတွေ့အကြုံသစ်ကို ကျေနပ်ကြောင်းဆိုထားပါတယ်။ ဒီပလက်ဖောင်းကို အသုံးပြုဖို့အတွက်ကတော့ တစ်လကို ၁၂ ဒေါ်လာလောက် ကျသင့်မှာ ဖြစ်ပါတယ်။ ဒီပလက်ဖောင်းကိုတော့ သူမအပြင် အခြား နာမည်ကျော်တွေလည်း အသုံးပြုနေကြပါပြီ။

ZawGyi







 

 

Be the first to comment

Leave a Reply

Your email address will not be published.


*