မီးပြတ်လို့ ဖွင့်လို့မရတဲ့ ခြံဝန်းတံခါးကြီးကို လက်ဗလာနဲ့ ဆွဲဖြုတ်ပစ်လိုက်တဲ့ The Rock

Dwayne Johnson ဟာ သူ့ရဲ့ ခွန်အားဗလတွေက ဟန်ပြသက်သက်မဟုတ်ဘဲ တကယ့်လက်တွေ့ဘဝမှာလည်း စူပါဟီးရိုးတစ်ယောက်လို ကြံ့ခိုင်သန်မာတာကို သက်သေပြလိုက်ပါတယ်။ အဲ့ဒါကတော့ သူ့ခြံဝန်းမှာ တပ်ဆင်ထားတဲ့ သံတံခါးကြီးကို လက်ဗလာနဲ့ ဆွဲဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

Dwayne ဟာ ခြံဝန်းက သံတံခါးကြီးကို ဆွဲဖြုတ်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ Instagram အကောင့်မှာ ပို့စ်တင်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါပို့စ်မှာတော့ ခြံတံခါးကို စွမ်းအင်ပေးထားတဲ့ အော်တိုပါဝါ လျှပ်စစ်ပြတ်တောက်သွားတဲ့အတွက် အပြင်ထွက်မရ ဖြစ်နေလို့ တံခါးကြီးကို လက်ဗလာနဲ့ ဆွဲဖြုတ်ထားတာဖြစ်ပြီး တံခါးရဲ့ ပတ္တာတွေအထိ ပြုတ်ထွက်နေပုံကိုတွေ့ရပါတယ်။ The Rock ဟာ အလုပ်ကို အချိန်မီ သွားရမှာဖြစ်ပြီး သူ့ကြောင့် တစ်ခြားအဖွဲ့သားတွေ စောင့်ဆိုင်းနေရတာမျိုး မဖြစ်စေချင်လို့ အခုလို တံခါးကြီးကို ကိုယ်တိုင်ဆွဲဖြုတ်လိုက်ရတာပါလို့ သူ့ပို့စ်ရဲ့ caption မှာ ရေးထားပါတယ်။ ကြည့်ရတာတော့ အရေးအကြောင်း လိုအပ်လာရင် သူ့ကိုယ်ထဲမှာရှိနေတဲ့ Black Adam ကြီးက ထွက်လာပုံရပါတယ်။

“ကျွန်တော့်အတွက် အချိန်ကောင်းတော့ မဟုတ်ဘူးဗျာ။ ဒါပေမယ့်လည်း လူတစ်ယောက်ဖြစ်လို့ အလုပ်သွားဖို့ ရှိနေတယ်လေ။ မုန်တိုင်းပြင်းပြင်းတိုက်သွားလို့ ကျွန်တော်တို့ဆီမှာ လျှပ်စစ်မီးတွေ ပြတ်သွားတယ်ဗျာ။ အဲ့တော့ ကျွန်တော့်အိမ်ရှေ့က တံခါးကလည်း မပွင့်တော့ဘူးပေါ့။ တံခါးဖွင့်ဖို့ ဟိုက်ဒရောလစ်စနစ်ကို override လုပ်ကြည့်သေးတယ်။ များသောအားဖြင့်တော့ မီးတွေဘာတွေ ပြတ်သွားရင် ဒီလိုလုပ်လိုက်ရင် အဆင်ပြေတယ်။ ဒါပေမယ့် အခုကျတော့ အဲ့လို လုပ်တာလည်း မရပြန်ဘူး…. ”

“တံခါးဖွင့်လို့ရအောင် နည်းပညာပိုင်းကျွမ်းတဲ့ ဆားဗစ်တွေဆီ ဖုန်းတွေဆက်ကြည့်သေးတယ်။ ဒါပေမယ့် သူတို့က အနည်းဆုံး လေးဆယ့်ငါးမိနစ်လောက် ကြာမယ်တဲ့ဗျာ။ ကျွန်တော်ကလည်း အဲ့လောက်မစောင့်နိုင်ဘူး။ အဲ့ဒီ့အချိန်လောက်ဆို ရာနဲ့ချီတဲ့ အဖွဲ့သားတွေက ဒီနေ့အတွက် အလုပ်စတင်ဖို့အရေး ကျွန်တော့်ကို မျှော်နေလောက်ပြီ ….”” အဲ့ဒါနဲ့ပဲ ဒီလိုလုပ်လိုက်ရတယ်။ တံခါးကြီးကို တွန်းလိုက်၊ ဆွဲလိုက်နဲ့ ကျွန်တော့်တစ်ယောက်တည်းအားနဲ့ပဲ ဆွဲဖြုတ်လိုက်ရတယ်။ ဘေးက အုတ်တိုင်ကနေ ကျွတ်ထွက်တဲ့အထိ ဆွဲဖြုတ်လိုက်တယ်။ ဟိုက်ဒရောလစ်စနစ်ကြီးလည်း လစ်ရောပေါ့။ တံခါးအပိုင်းအစတွေကိုတော့ မြက်ခင်းပေါ်သာ ပစ်ချထားလိုက်တော့တယ် … ” လို့ The Rock က အဲ့ဒီ့ပို့စ်ရဲ့ caption မှာ ရေးထားပါတယ်။

The Rock ဟာ သူ့တစ်နေ့တာရဲ့ နာရီတော်တော်များများကို အားကစားရုံမှာပဲ အချိန်ဖြုန်းခဲ့တဲ့ အကျိုးတွေလို့ပဲ ပြောရတော့မှာပါ။ အဲ့ဒါအပြင် caption မှာတော့ ” ကျွန်တော့်ရဲ့ လုံခြုံရေးအဖွဲ့ကတော့ တံခါးပြင်တဲ့သူနဲ့ ဝရိန်သမားတွေကို နောက်တစ်နာရီလောက်မှာ ခေါ်လာနိုင်ခဲ့ပါတယ်။ သူတို့တော့ ကျွန်တော်အဲ့လိုလုပ်ထားတာကို မြင်ပြီး အံ့ဩထိတ်လန့်သွားကြပုံပါပဲ။ အဲ့ဒီတော့ လူတစ်ယောက်က အလုပ်သွားလို့ရပြီပေါ့ဗျာ။ ပြီးတော့ Black Adam အတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ R.I.P ပါ တံခါးလေးရေ …” လို့ ရေးသားထားပါတယ်။

The Rock ဟာ ဒါရိုက်တာ Jaume Collet-Serra ရိုက်ကူးမယ့် DC comic ရဲ့ Anti-hero ဖြစ်တဲ့ Black Adam နေရာမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး ရုပ်ရှင်ကိုတော့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့မှာ ရုံတင်ဖို့ လျာထားပါတယ်။

 

source:sanyitwine

Be the first to comment

Leave a Reply

Your email address will not be published.


*