ကိုဗစ် စိန်ခေါ်မှု နောက်တခု ထပ်လာနေပြန်ပါပြီ၊ ဆေးရုံကဆင်းပြီး အိမ်မပြန်ချင်ကြလို့တဲ့

စိန်ခေါ်မှု နောက်တခု ထပ်လာနေပြန်ပါပြီ..

ကိုဗစ်လူနာတွေကို ကုသ‌ပေးနေတဲ့ Q Center မှာ Volunteer လုပ်နေတဲ့သမီးက စိတ်မကောင်းစွာနဲ့ ဖုန်းဆက်လာတယ်။ နက်ဖြန် ဆေးရုံဆင်းပြီး Home Q တစ်ပါတ်ဆက်နေဖို့ လူနာတွေကို အကြောင်းကြားတာ တချို့လူနာတွေက မပြန်ချင်လို့တဲ့ ငိုကြတယ်။

အကြောင်းရင်းက နယ်ကနေ လာကြသူတွေ၊ အလုပ်မှာနေစရာပေးထားတာ၊ အလုပ်လုပ်ရင်းကူးကြတော့ အတွဲလိုက် Q ဝင်ကြရတာ။ အလုပ်ရှင်က ပြန်လာစရာ မလိုဘူး။ Q ဝင်ပြီးထွက်လာရင် ဆိုင်ရှေ့တောင်မလာပါနဲ့၊ နေရပ်တန်းပြန်ပါတဲ့။

အခုက တိုင်းကျော်လည်းသွားမရ၊ လိုင်းကားလည်းမရှိတဲ့ကာလမျိုး မိန်းကလေးတွေ ဘယ်နားသွားပြီး Home Q ဆက်ဝင်ရမလဲ၊ (ခုကလေးမလေးတွေက အလှပြင်ဆိုင်ကလို့ ပြောပါတယ်၊ တမျိုးထင်မှာစိုးလို့) သမီးလည်းတော်တော်စိတ်မကောင်းဖြစ်နေတယ်။ ကျမလည်း အကြံမပေးတတ်တော့ဘူး။ မိတ်ဆွေတွေရော ဒါမျိုးဆို ဘယ်လိုဖြေရှင်းကြတာ ကြားမိပါသလဲ။

ZawGyi

စိန္ေခၚမႈ ေနာက္တခု ထပ္လာေနျပန္ပါၿပီ..

ကိုဗစ္လူနာေတြကို ကုသ‌ေပးေနတဲ့ Q Center မွာ Volunteer လုပ္ေနတဲ့သမီးက စိတ္မေကာင္းစြာနဲ႔ ဖုန္းဆက္လာတယ္။ နက္ျဖန္ ေဆး႐ုံဆင္းၿပီး Home Q တစ္ပါတ္ဆက္ေနဖို႔ လူနာေတြကို အေၾကာင္းၾကားတာ တခ်ိဳ႕လူနာေတြက မျပန္ခ်င္လို႔တဲ့ ငိုၾကတယ္။

အေၾကာင္းရင္းက နယ္ကေန လာၾကသူေတြ၊ အလုပ္မွာေနစရာေပးထားတာ၊ အလုပ္လုပ္ရင္းကူးၾကေတာ့ အတြဲလိုက္ Q ဝင္ၾကရတာ။ အလုပ္ရွင္က ျပန္လာစရာ မလိုဘူး။ Q ဝင္ၿပီးထြက္လာရင္ ဆိုင္ေရွ႕ေတာင္မလာပါနဲ႔၊ ေနရပ္တန္းျပန္ပါတဲ့။

အခုက တိုင္းေက်ာ္လည္းသြားမရ၊ လိုင္းကားလည္းမရွိတဲ့ကာလမ်ိဳး မိန္းကေလးေတြ ဘယ္နားသြားၿပီး Home Q ဆက္ဝင္ရမလဲ၊ (ခုကေလးမေလးေတြက အလွျပင္ဆိုင္ကလို႔ ေျပာပါတယ္၊ တမ်ိဳးထင္မွာစိုးလို႔) သမီးလည္းေတာ္ေတာ္စိတ္မေကာင္းျဖစ္ေနတယ္။ က်မလည္း အႀကံမေပးတတ္ေတာ့ဘူး။ မိတ္ေဆြေတြေရာ ဒါမ်ိဳးဆို ဘယ္လိုေျဖရွင္းၾကတာ ၾကားမိပါသလဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*